၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ကောင်းမှုပြုလုပ်နေသည့် ဘုရားဖူးခရီးသွားပြည်သူများအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခြင်းနှင့် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ ယခုလို အေးချမ်းစွာဖြင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား ရှမ်းပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက် သည်။
ရှမ်းပြည်နယ်ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့