Skip to main content

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက်

ဘုရားဖူးအပြစ်မဲ့ပြည်သူများ သေဆုံးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA)မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်။

၁။ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ခြေကင်မွန်းစခန်း တောင်တက်ကားဂိတ်အနီး၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဘုရားဖူးအပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးခြင်း၊ ၁၉ ဦး ဒဏ်ရာရရှိခြင်းများအတွက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အနေဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့်တကွ သက်ဆိုင်သူမိသားစုများအားလုံးနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် မိမိတို့ယုံကြည်ရာဘာသာတရားများအတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက် ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိသောနိုင်ငံဖြစ်ပြီး၊ သာသနာပြုဆရာတော်ကြီးများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်အဖွဲ့အစည်းများမှ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများ၊ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် သာသနာ့အဆောက်အဦများနှင့် သာသနာ့နယ်မြေများအတွင်း ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ဖျက်ဆီးခြင်းများကို မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်အနေဖြင့် သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)