Skip to main content

အများသိစေရန်ကြေညာခြင်း

၁။ ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂။ အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်နိုင်ရေး ဖိတ်ကြားဆောင်ရွက်လျက်ရှိပါသည်။

၃။ အဆက်အသွယ်ရရှိခြင်းမရှိသေးသည့် ဘွဲ့ရရှိသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားတက်ရောက်မည့် မိသားစုဝင်တစ်ဦးမှ ဖိတ်ကြားရေးဆပ်ကော်မတီ ဖုန်းနံပါတ်(၀၆၇-၃၄၁၂၇၁၅) နှင့် (၀၆၇-၃၄၁၂၇၁၆) သို့ (၂၀-၁၂-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။