၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်
၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများကိုအကြမ်းဖက်သောင်းကျန်းသူများက ဗုံးများပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
၂။ ထိုသို့ တိုင်းရင်းသားပြည်သူများ အလေးအမြတ်ထား ဆည်းကပ်ကိုးကွယ်နေကြသည့် ဘုရားစေတီများ၊ ရုပ်ပွားတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက် ဖျက်ဆီးမှုများပြုလုပ်လျက်ရှိသောအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများအား မြန်မာနိုင်ငံ စာရေးဆရာအသင်းကကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း