Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ချက်ကြေညာချက် (၁/၂၀၂၄)

၁။ ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများသည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုချ ဖျက်ဆီးခြင်းများအပါဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိကြောင်း မြင်တွေ့ကြားသိနေရပါသည်။

၂။ ထိုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများ၊ ဆင်းတုတော်များအပါအဝင် ဘာသာရေး ဆိုင်ရာ အဆောက်အဦများကို ရိုင်းစိုင်းကြမ်းတမ်းစွာ ဖြိုချဖျက်ဆီးနေခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဗုဒ္ဓဘာသာဝင်များကိုသာမက ကမ္ဘာပေါ်ရှိ အခြားဗုဒ္ဓဘာသာဝင်များကိုပါ စိတ်နှလုံးမချမ်းမြေ့အောင် စော်ကားနေခြင်းဖြစ်သဖြင့် အဆိုပါလုပ်ရပ်များ လုပ်ဆောင်နေသော အကြမ်းဖက်သောင်းကျန်းသူများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ