၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်
မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိပါသည်။ ထို့ပြင် ဇန်နဝါရီလ ပထမပတ်တွင် ဘုရားဆင်းတုတော်ကို ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များကိုလည်း လူမှုကွန်ရက်တွင် တွေ့မြင်နေရပါသည်။
ယခုကဲ့သို့ အကြမ်းဖက်သမားများက ဗုဒ္ဓဘာသာသာသနာကို စော်ကားနေသည့် လုပ်ရပ်များအတွက်များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဗုဒ္ဓသာသနာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က လုံးဝလက်မခံပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)