၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်း နှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှု လုပ်ငန်းအရည်အသွေး ကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက် သောမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်းအစီအစဉ်ကိုအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်