ရန်ကုန် မေ ၂၈
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions)နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး နိုင်ငံရေးပါတီများမှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ လုံးဝ(လုံးဝ) လက်မခံဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်ကို သဘောတူအတည်ပြုထုတ်ပြန်ကြေညာခဲ့ကြသည်။
သတင်းစဉ်