Skip to main content

ဓာတ်ခွဲနမူနာစုစုပေါင်း ၃၁၇၆၂ ခု စစ်ဆေးပြီးစီး ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၉ ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ခြင်း(၃-၆-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ (၂၆-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၆-၂၀၂၄) ရက် နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၃၁,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၆၉)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.moh. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန