၁။ ၂၀၂၄-ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄-ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို (၁၁-၆-၂၀၂၄)ရက်၊ အင်္ဂါနေ့နံနက်(၀၆:၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
၂။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည် ဖြစ်ပါသည်။
၃။ အောင်စာရင်းထုတ်ပြန်မည့် (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ပါသည်။
၄။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။
၅။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) နှင့် (၀၁- ၆၅၃၄၆၇)တို့ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့်(၁၁-၆-၂၀၂၄) ရက်နေ့(အင်္ဂါနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ပညာရေးဝန်ကြီးဌာန