Skip to main content

အသိပေးကြေညာချက်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁%)ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီးဖြစ်သည့် ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့်အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

ချေးငွေအပြေအကျေပေးဆပ်ပြီးသူများအား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့်-

(၁) အလီလီပေးဆပ်နေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံးအပြေအကျေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါကြောင်း၊

(၂) အတိုးကိုသာပေးသွင်းထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အရင်းနှင့်အတိုးကို တစ်ပေါင်းတည်း အမြန်ဆုံးပြန်လည်ပေးသွင်းရန်ဖြစ်ကြောင်း၊

(၃) အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက်ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ