Skip to main content

စကားပြောခြင်းအနုပညာ

စကားပြောခြင်းအနုပညာ

နိဒါန်း

သေခြင်းတရားဆိုသည်မှာ သတ္တဝါဟူသမျှ မည်သူမျှ ရှောင်ကွင်းတိမ်းရှောင်၍ရသော အရာမဟုတ်။ နောက်ဆုံးတစ်နေ့ သေမင်းခံတွင်းဝ သေခြင်းတရားက မိမိတို့နှင့် မည်မျှနီးကပ်ပါသနည်း။ အခြား သူများကိုတော့ မပြောတတ်ပါ။ မိမိတို့လို အသက် ၇၀ ကျော်များအတွက်မူကား သေမင်း၏ အသက်ရှူသံကိုပင် ကြားရအောင် နီးကပ်နေကြပေပြီး သေမင်း၏ နှာခေါင်း၊ ပါးစပ်ခံတွင်းတို့မှ -ထွက်သော လေနှင့်အတူ အာငွေ့နွေးနွေး၏ အနှံ့ အသက်ကိုပင် ရှူရှိုက်နေကြရပြီဟု ဆိုချင်သည်။ အများအားဖြင့် အသက် ၁၂၀ အထိ ရှည်ကြသူက ရှားလှပါသည်။ ဇာတာထန်းဖူးရွ က် ထဲမှာပဲ “အသက် ၁၂၀ ရှည်စေသော်”ဟု ရေးထားသည်ကိုတွေ့ရပါမည်။ အသက် ၁၉ နှစ်တိုင်အောင် သီချင်း နားထောင်ဆဲ၊ စာတွေဖတ်နေဆဲ။ လူတွေ့နှုတ် အင်တာဗျူးတွေ ဖြေနေဆဲ၊ ဂီတစာဆိုဆရာကြီး သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါ၏။ ကျိုက်လတ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော အမျိုးသားအောင်ပွဲ နေ့ -စာပေဟောပြောပွဲ၊ ဂီတဆည်းဆာဖျော်ဖြေပွဲများသို့ မလိုက်ပါနိုင်တော့သည်ကား လေးငါးနှစ် ရှိခဲ့ပေ။ အိုခြင်းတရားကို မည်သူမျှ မတားဆီး မလွန်ဆန်နိုင်ပေ။

တွေ့ရဖတ်ရ

မအိုသေးခင် သေဆုံးကြသူတချို့ကို လက်ကိုင်ဖုန်း ဖေ့စ်ဘွတ်တွင် ရေးသားမျှဝေကြသော သတင်း များအရ ဖတ်ရ၊ ကြားရသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့တစ်မြို့အဝင် ကားလမ်းမကြီး ပေါ်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေက ဖြစ်ပွားခဲ့သည်။ အမျိုးသားလူရွယ်နှစ်ဦး စီးလာသော မော်တော် ဆိုင်ကယ်သည် အရှိန်နှင့် မောင်းနှင်နေရာမှ ရှေ့ကဆိုင်ကယ်စီးနေသူက ရုတ်တရက် ဆိုင်ကယ်ကို လမ်းဘေးသို့ချပြီး ရပ်လိုက်ရင်း အံ့သြထိတ်လန့်သော လေသံဖြင့် “ဟာသွားပြီကွာ”ဟု ပြောလိုက်ပါ သည်။ သူ၏လည်ပင်းကို ရစ်ပတ်မိနေသော လေတံခွန်ကြိုးကိုလည်း ဖြေရန်၊ ဖြတ်ရန် ကြိုးစား နေလေသည်။

နောက်ထိုင်ခုံမှလိုက်ပါလာသောသူက ဖြစ်ရပ် က မြန်ဆန်လွန်းသဖြင့် နားမလည်။ ရှေ့ကလူ၏ -လည်ပင်းမှ သွေးများစီးကျလာနေသည်ကိုမြင်ရမှ -မှန်စာတော်တိုက်ထားသော ထက်ရှနေသည့် -စွန်ကြိုးက တိုက်တိုက်ဆိုင်ဆိုင် ဆိုင်ကယ်စီးလာ သူ၏ လည်ပင်းကို ဓားဖြင့်လှီးဖြတ်သကဲ့သို့ ရစ်ပတ် “ကာ အရှိန်ပြင်းပြင်း ဖြတ်ခဲ့ခြင်းပေတည်း။

နီးရာလူများကို အကူအညီတောင်း၍ မြို့နယ် ဆေးရုံသို့ ပို့သည်။ သွေးထွက်လွန်နေသည်။ ဒဏ်ရာက ထင်မှတ်သည်ထက် နက်သည်။ ပြင်းထန် သည်။ ထိုနေ့ညမှာပင် ကွယ်လွန်သွားရှာသည်။

ဖြစ်ခဲလှသော တိုက်ဆိုင်မှုတစ်ရပ်ပင်။

ဖေ့ဘွတ်မှာတွေ့ရတော့ အံ့ဩသည်။

ဖေ့စ်ဘွတ်မှာပင် လူတစ်ယောက်က အလားတူ စွန်ကြိုးနှင့် ဆိုင်ကယ်စီးသူအဖြစ်မျိုး လွန်ခဲ့သော လေး၊ ငါးနှစ်က တောင်ကြီးမြို့မှာလည်း ဖြစ်ခဲ့ဖူး သည်ဟု ရေးသည်။

တိုက်တိုက်ဆိုင်ဆိုင်

သန်သန်မာမာလူရွယ်ပင်ဖြစ်သည်။ မမြင်နိုင်သော အန္တရာယ်က တိုက်ဆိုင်စွာကျရောက်ကာ အသက်ဆုံးရသည်။ ရှေးက ကောင်းကင်မှာ ပျံဝဲလာသော ကျီးကန်းတစ်ကောင်သည် လေပွေ လေရူးဖြင့် လွင့်ပါလာသော ကရွတ်ခွေမီးတောက်လောင်ဆဲ၏ အပေါက်ထဲသို့ တည့်တည့်တိုးကာ သူပါမီးလောင်ပြီး မြေသို့ကျ၍ သေရသည်။ ရေအိုးစင်ရေအိုးအောက်မှာ အေးအေးစိမ့်စိမ့်တည် ရှိနေတတ်သည့် ကရွတ်ခွေသည် အိမ်မီးလောင်၍ ဟောင်းအိုသဖြင့် အမှိုက်ပုံထဲရောက်ရစဉ် မီးရှို့ခံရ၍လောမသိ။ မီးသီးသီးတောက်လောင်ဆဲမှာပင် လေပွေဝှေ့သဖြင့် ထန်းတစ်ဖျားအမြင့် ထိ လွင့်ပါရသည်။ ကားတစ်ကောင်ကလည်းလေထဲမှာဤမီးလောင်နေသည့် ကရွတ်ခွေဇီးကွင်းအတွင်း ပျံသန်းရင်း မတော်တဆ တည့်တည့်ဘိုးရသည်။ ထူးဆန်းလှသောဤအဖြစ်ကို မြတ်စွာဘုရားထံ ပရိသတ်တချို့က အကျိုးအကြောင်းလျှောက်ထားသောအခါ မြတ်စွာဘုရားက ဝဋ်ကြွေးရှိခဲ့ပုံကို ဟောကြားတော်မူလေသည်။

တောင်သူယာသမားတစ်ဦးသည် ယာထွန်နေဆဲ ပေကပ်ကပ်ရပ်နေသော နွားတစ်ကောင်ကို အမျိုးမျိုးရိုက်နှက်ပါသော်လည်း မသွားရုံမျှမက လှဲအိပ်ကာ ဆန့်ကျင်ဆန္ဒပြသာနွံကို ဒေါသ ပြင်းစွာထွက်သဖြင့် ကောက်ကို လိမ်ကျစ်၍တွင် စွပ်ပြီး မီးရှို့တိုက်လေသည်။ သတ္တဝါမှာ လည်ပင်း တစ်ခုလုံး မီးလောင်မြိုက်သော ကောက်ရိုး မီး၏ ပူလောင်မှုကြောင့် ပြေးလွှားနေရရှာလေ၏။ ထိုအနာ မီးလောင်ဒဏ်ရာဖြင့်ပင် သေရရှာ၏။ ထိုတောင်သူသည် ယခု သင်တို့ မြင်ကြရသော ကရွတ်ခွေစွပ်မိခြင်း ဖြစ်ရပေသည်ဟု ကံကံ၏အကျိုး ကို ဟောကြားတော်မူခဲ့ဖူး၏။ ဝဋ်ခံရခြင်း။

ဝဋ်

ငရဲကို လွတ်အောင်ရှောင်နိုင်ပါသေး၏။ ဝဋ်ကိုကား မည်သူမျှ ကိုယ်ပြုခဲ့၊ မိုက်ခဲ့သမျှ ပုန်းခို ရှောင်လွှဲ၍ မရနိုင်ချေ။ ကိုယ်စိုက်ခဲ့မိသော အပင်မှ အသီးကို မိမိသာလျှင် ရိတ်သိမ်း စားသုံးရ လိမ့်မည်။ ဝဋ်ကြွေးကိုမည်သူမဆိုပေးဆပ်ရလိမ့်မည်။

အမေရိကန်မှာနေပြီးဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာမှာ ရေးတင်နေသော အမျိုးသမီးကြီးတင်ဦး ရှိလေ သည်။ သူ့ကိုမကြည့်ဖူးခဲ့ပါ။ သိလည်းမသိ။ ကြားလည်း မကြားမိဖူးပါ။ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဒီဇင်ဘာ၂၅ ရက် ခရစ္စမတ်နေ့တွင် ရုတ်တရက်အသက်ရှူ  ကျပ်ကာ အသက်သေဆုံးသွားကြောင်း၊ အချို့ကဝမ်းနည်းကြောင်း၊ အချို့က ဝမ်းသာကြောင်း ရေးတင်လာကြသည့်အခါတွင်မှ ထို အမျိုးသမီးပုံ မြင်ရတော့၏။ ရုပ်အဆိုးကြီးလည်းမဟုတ်။ ရုပ်ရည် လှပသူလည်း မဟုတ်။ အသက်အရွယ်ကား သေလောက်သည့်အရွယ် မဟုတ်သေး။ ငါးဆယ်ခန့် ရှိပေဦးမည်။ မျက်နှာထား ကတော့ ပုပ်သည်။ သူသည် မသေခင်က ရဟန်းသံဃာတော်များကို လည်းကောင်း၊ တိုင်းပြည်နှင့် လူမျိုးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်နေကြသော နိုင်ငံ့ဝန်ထမ်းများ ကိုလည်းကောင်း ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုပုတ်ခတ်၍ အမြဲတစေရေးနေ၊ ပြောနေသူဟု သိရပေသည် နှုတ်ကြောင့် သေခြင်းလော။

သေခြင်းတရားသည် အရွယ်မရွေးချေ။

အိုမင်းသော အသက်အရွယ်သို့လည်း မရောက်သေး။ ကျန်းမာရေး ထိခိုက်ဖွားရာ လည်း မရှိသေး။ ဆေးဝါးငွေကြေးပြည့်စုံသော အခြေအနေမျိုး ရှိပုံရပါလျက်နှင့် ရုတ်တရက် ချက်ချင်း လေပြင်း တိုက်ခတ်လိုက်သဖြင့် ပြတင်းပေါက်မပိတ်လိုက်ရသေးမီ ဖယောင်းတိုင် မီးငြိမ်း သွားဘိသကဲ့သို့ မြန်ဆန်လှသော သေခြင်းတရားသည် သူ၏လူ့ဘဝသက်တမ်းကို ပိုင်းဖြတ်ရပ်တန့် စေခဲ့ပြီ။ အချို့ ကလည်း သူပြုခဲ့သည့် အကုသိုလ်ကြီးတွေကြောင့် ထိုက်သင့်သော အကျိုးပေးကို ရရှိသွားခြင်းပင် ဖြစ်သည်ဟု သင်ခန်းစာ ဖော်ထုတ်သည်။ ကံ ကံ၏အကျိုးမှာ မမြင်နိုင်ပါ။ ဟုတ်ချင် လည်း ဟုတ်မည်။ ဟုတ်ချင်မှလည်း ဟုတ်မည်။ ဤသတင်းအတွက် တစ်စုံတစ်ရာမှတ်ချက် ပေးစရာမရှိပါ။

ဖြစ်ရပ်များကို ဖော်ပြပြီး စကားပြောဆိုပါ။

ဖြစ်စဉ်သာဓက၊ ဇာတ်၊ ဝတ္ထု၊ သတင်းတို့ကိုပါ ထည့်သွင်းဟောပြောပါက ဆွဲဆောင်မှုပိုရတတ် သည်ဟု ဟိုတစ်နေ့က ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာမှာ ကြားလိုက်မိသဖြင့် ဆရာကျော်ကျော်လှိုင် ဟောပြောချက်ကို လက်တွေ့ ကြားသမျှ သိရသမျှ၊ မျှဝေတင်ပြခြင်း ဖြစ်သည်။

ဟောပြော

ဆရာကျော်ကျော်လှိုင်နှင့်အတူ စာပေဟောပြောပွဲများ သွားခဲ့ဖူးပါသည်။ စကားပြောခြင်းအနု ပညာကို စနစ်တကျလေ့လာလေ့ကျင့်ထားသူဖြစ်ပါ စာပေဆုများလည်း ရခဲ့ပြီးပေပြီ။ ဘာပဲလုပ်လုပ် အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်တတ်သူ ဖြစ်လေသည်။ သူ၏ခေါင်းစဉ်က “စကားပြောခြင်း အနုပညာ”တဲ့။

ဆရာကျော်ကျော်လှိုင် ၁၅ မိနစ်ခန့်ဟောပြောခြင်းကို မိမိကြည့်လိုက်ရသည်။ သဘောကျပါသည်။ ကောင်းသည်။ အချိန်တိုတိုအတွင်း အမှန်တကယ် လိုချင်သူအတွက် ကောင်းမွန်သော နည်းလမ်း များရရှိစေနိုင်ပါသည်။ အကျိုး ရှိလောက်သည်။ (မှတ်မိသမျှ ဖော်ပြခွင့်ပြုစေလို ပါသည်)

မှန်ပါသည်။

စကားပြောခြင်းသည် အနုပညာဖြစ်ပါ၏။

မိမိဘဝကို လက်ရှိအခြေအနေ အဆင့်အတန်း ထက်ပို၍ မြင့်ချင်သူ၊ တတ်ချင်သူအတွက် စကား ပညာကို လေ့လာ၊ လေ့ကျင့်၊ ဖြည့်ဆည်းသင့်သည် အမှန်ပင်၊ ခေါင်းဆောင်ဆိုသည်ကား စကားထုတ် လုပ်စက်ရုံ။

လိုအပ်ချက်

ခေါင်းဆောင်လုပ်မည့်သူသည် စကားပြောကောင်းဖို့ရာ လိုအပ်ပါသည်။ ပြောတတ် ဆိုတတ်။ ပြောနိုင်ဆိုနိုင်၊ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ နေ့ချင်းညချင်းမရပါ။ အခုရေတွင်းတူး အခုချက်ချင်းရေကြည်သောက်ချင်၍ မရနိုင်ပေ။

အချို့က စကားပြောကောင်းခြင်းသည် မွေးရာပါ အရည်အသွေးဟု ထင်ကြ၏။ မဟုတ်ပါ။ လေ့လာဆည်းပူး၊ သင်ယူလေ့ကျင့်ပါက (စနစ်တကျဆည်းပူး စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့ရာ လိုအပ်ချက်များ ရှိပေသည်။ အောက်ပါအချက်များပင် ဖြစ်၏။

၁။ ရူးသွပ်ရမည်။

၂။ လေ့ကျင့်ရမည်။

၃။ များများဖတ်၊ များများမှတ်၊ များများပြောရမည်။

ရူးသွပ်ရမည်

ရူးသွပ်ရမည်ဆိုသည်က အဘယ်နည်း။ စကားပြောခြင်းအတတ်သည် အနုပညာလည်း ဖြစ်သည်။ အနုပညာရပ်များဖြစ်သော သဘင်၊ ဂီတ၊ စာပေ၊ ပန်းချီ၊ ကာတွန်း၊ ရုပ်ရှင်၊ ကပြ၊ သရုပ်ဆောင် စသည်တို့သည် စွဲစွဲလမ်းလမ်း၊ စိုက်လိုက်မတ်တတ် (အရူးအမူး)ထက်သန်သည့် စိတ်ဆန္ဒရှိမှသာ ထူးချွန် နိုင်သည်။ အကယ်ဒမီများရှင် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေးအကြောင်း ဝတ္ထုဟန် ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ရှိပါသည်။ ဂျာနယ်ကျော် မမလေးရေးသားသော “မာလာရီ” အမည်ရှိ စာအုပ်ဖြစ်ပါ၏။ ဖတ်ကြည့်ပါက အောက်ချင်းမဟူသော ဇာတ်သမလေးဘဝမှ ပြည်သူ ချစ်သော အနုပညာသည် ထိပ်တန်းရုပ်ရှင်မင်းသမီး ဖြစ်လာပုံအထိ သိမြင်ရလိမ့်မည်။ ဂျာနယ်ကျော် မမလေး၏ နိုင်ငံကျော် “သူလိုလူ” ဟူသော သတင်းစာဆရာ ဂျာနယ်ကျော်ဦးချစ်မောင်၏ ကြိုးပမ်း အားထုတ်ပုံကို တွေ့ရလိမ့်မည်။ အဆိုတော် မာမာအေး၊ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် (လူထုဒေါ်အမာရေးထားပါသည်) စသည့် အနုပညာရှင်များ၏ ဘဝဖြတ်သန်းမှုကိုကြည့်၍ အတုယူနိုင်ပါမည်။ ရူးသွပ်စွာ ကြိုးစားရမည်။

လေ့ကျင့်ရမည်

မပြတ်တီးခတ်လေ့ကျင့်နေမှသင် သူ၏ လက်ကျလက်+လက်ကွက် ပိုမိုကောင်းမွန် သွက်လက် သည်။ ဆိုင်းဆရာကြီး စိန်ဗေဒါသည် နေ့စဉ်မပြတ် ဆိုင်းဝိုင်းထဲဝင်၍ တီးသည်။ ပတ္တလား တီးသည်။ နိုင်ငံကျော်အောင် ထူးချွန်သည်လည်း မပြောနှင့် အစဉ်အမြဲလေ့ကျင့်မှုဖြင့် တိုးတက် ကျွမ်းကျင်နေသူ ဖြစ်၏။ မနေ့က စိန်ဗေဒါကို ယနေ့ စိန်ဗေဒါက သာရမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

စကားပြောကောင်းချင်လျှင် ပြောဖို့ပြင်ထားပါ။ အခွင့်အရေး ပေါ်လျှင် မလွတ်တမ်းဝင်ပြောပါ။ စဉ်းစားပါ။ ချရေးပါ။ ပြန်ဖတ်ကြည့် တည်းဖြတ်ပါ။ ပိုကောင်းအောင်၊ ထိမိအောင်ပြောစမ်းကြည့်ပါ။ ဟောပြောချက်ကို အသံဖမ်း။ ပြန်နားထောင်ကြည့်။ မချောတာ၊

ညံ့သည်ဟု ဝေဖန်ခံရသည်။ ဆက်ကြိုးစားသည်။ ထပ်ကြိုးစားသည်။ အင်္ဂလိပ်လို အရေး၊ အဖတ်၊ အပြာ အထပ်ထပ်ကြိုးစားသည်။ နိုင်ငံရေးခေါင်းဆောင်ဖြစ်လာသောအခါ ဆာဝီလျှမ်ဆလင်း၊ လော့ဒ်မောင့် ဘက်တန်၊ ဝန်ကြီးချုပ် အက်တလီတို့နှင့် ဆွေးနွေးပြောဆိုရသောအခါ မိမိရည်ရွယ် ချက် ပေါက်မြောက်အောင်မြင်အောင် ကောင်းစွာ ပြောတတ်ဆိုတတ်၊ ပြောနိုင်ဆိုနိုင် ဖြစ်နေခဲ့ပါပြီ။

ပါရမီဆိုသည်မှာ သင်မည်မျှ ကြိုတင်လေ့ကျင့် ပြင်ဆင် (အားထည့်) ဆည်းပူးခဲ့သလဲဟူသော အလေ့အကျင့် အတိုင်းအတာပင်ဖြစ်၏။ ဖြည့်ဆည်းရမည်။

များများ များများဖတ်၊ များများမှတ်၊ များများရေး၍ များများပြောလျှင် သိသိသာသာ တိုးတက် ဖွံ့ဖြိုးလာမည်။ အနုပညာ၏ သဘောသဘာဝ။ ပါရမီ၏ နိယာမ ကျောင်းပြီ။ ဘာတွေကို ဘယ်လို ပြောမလဲ။

၁။ Story Telling - အဖြစ်အပျက်လေးများ ထည့်ပြော ပါ။ စိတ်ဝင်စားစေသည်။ (ရှေ့မှာ အဖွင့်ဖော်ပြခဲ့ပြီး)

၂။ Humour - ရယ်စရာဟာသပါရမည်။ ချိတ်ဖြစ်စေ၊ ဘောက်ဖြစ်စေ ပရိသတ် ပျော်ရွှင်နှစ်သက် စေရပါမည်။ ပရိသတ်နှင့် ရင်းနှီးအောင် သုံးရမည်။

၃။ Art - အနုပညာရသပါရမည်။ စိတ်ဝင်စား ခင်နှစ်သက်ဖွယ်ရယ်မောဖွယ်။ လွမ်းဆွတ်ဖွယ် စသည့်ခံစားမှုပေးရမည်။ သို့မှသာ ခွဲပါမည်။ မှတ်မိစေလိမ့်မည်။

အောက်ပါအချက်များ လေ့ကျင့်ရမည် -

(က) Words - စကားလုံး အရေးပါမှုခုနှစ်ရာခိုင်နှုန်း၊

(ခ) Tone - လေသံ၊ အသံအရေးပါမှု၃၈ရာခိုင်နှုန်း၊

(ဂ) Body Language- ဟန်ပန်အရေးပါမှု ၅၅ ရာခိုင်နှုန်း၊ လက်ဟန်ခြေဟန်က လေသံထက်၊ အရေးပါ၏။

(ဃ) Power Point - ရုပ်ပုံ၊ မြေပုံ၊ ဂရပ် ပြရန်။ စာလုံးတွေမပြသင့်ပါ။

(c) Extent - အချိန်အတိုင်းအတာ ၁၈ မိနစ်အတွင်း တိုနိုင်လေ ကောင်း လေလေ။ အချိန်ကြာလေလေ ပေါ့ရွှတ်လေ။ (သမ္မတလင်ကွန်း၏ဂတ်စတီးဘတ် ကမ္ဘာကျော်မိန့်ခွန်းသည် ပါစေ။ ။

ချစ်နိုင် (စိတ်ပညာ)