Skip to main content

အခွင့်ရကိုယ်စားလှယ်၊ တရားဝင်ကိုယ်စားလှယ်တို့နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးများ

ဦးကျော်ကျော်  (တရားရေး)

 

ဥပဒေသဘောမှာ အမှုအတောအတွင်း ကွယ်လွန်သွားသူ အမှုသည် တစ်ဦးဦးနေရာတွင် တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန် စည်းကမ်းသတ်ကာလအတွင်း လျှောက်ထား၍ တရားရုံးကယင်းလျှောက်ထားချက်ကို ခွင့်ပြုလိုက်လျှင် အမှုမှာ ရပ်စဲသွားရန် အကြောင်းမရှိတော့ချေ။ ဤအခြေအနေတွင် အခြားပုဂ္ဂိုလ်တစ်ဦးဦးက ကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်ဖြစ်သည်ဟု အကြောင်းပြကာ အမှုသည်အဖြစ်ပါဝင်ခွင့်ပြုရန် လျှောက်ထားလာလျှင် ၎င်းအား အမှုသည်အဖြစ်ထည့်သင့်၊ မထည့်သင့်ကိစ္စကို တရားမကျင့်ထုံး ဥပဒေ အမိန့်၁၊ နည်းဥပဒေ ၁၀ အရ စဉ်းစားနိုင်သည်။ ယင်းလျှောက်ထား ချက်အတွက် ကာလစည်းကမ်းသတ်ကာလကို သီးခြားပြဋ္ဌာန်းထား ခြင်းမရှိသဖြင့် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ် စဉ်-၁၈၁ နှင့် သက်ဆိုင်သည်။

 

တရားမကျင့်ထုံးဥပဒေအမိန့် ၃၊ နည်း ၂ အရ ကိုယ်စားလှယ်စာ ရသူနှင့် ပုဒ်မ ၂(၁၁)အရတရားဝင် ကိုယ်စားလှယ်တို့သည် မတူကြပေ။ ကိုယ်စားလှယ်စာရသူ ဆိုသည်မှာ အသက်ရှင်လျက်ရှိသူ အမှုသည် တစ်ဦးဦး၏ကိုယ်စား အမှုတွင် ဆောင်ရွက်ရန် ကိုယ်စားလှယ်စာ ရသူဖြစ်သည်။ တရားဝင်ကိုယ်စားလှယ် ိုသည်မှာ အမှုအတော အတွင်း ကွယ်လွန်သူ အမှုသည်တစ်ဦးဦး၏ နေရာတွင် အမှုသည်အဖြစ် ကိုယ်စားပါဝင်ခွင့်ရသူဖြစ်သည်။

 

အမှုစွဲဆိုသည့်အချိန်တွင် သေဆုံးလျက်ရှိသော တစ်ဦးတည်း သောတရားပြိုင်အပေါ် စွဲဆိုသောအမှုသည် လုံးလုံးလျားလျား ပျက်ပြယ်သည်။ သို့ရာတွင် တရားလိုသို့မဟုတ်တရားပြိုင်အများအပြား ရှိသည့်အနက် အမှုစွဲဆိုစဉ်က တစ်ဦးဦးကွယ်လွန်ပြီးဖြစ်ရုံမျှဖြင့် အမှုသည် ကနဦးကတည်းက ပျက်ပြယ်သည်ဟုမဆိုနိုင်။ အမှုမှာ တစ်ဦးထက်ပိုသော တရားပြိုင်များအပေါ်စွဲဆိုသော အမှုဖြစ်ပြီး အသက်ထင်ရှားရှိသောတရားပြိုင်အပေါ် စွဲဆိုခွင့်ရှိလျှင် တရားရုံးက စိစစ်ရန်မှာ ကွယ်လွန်သူသည် အမှုတွင် မပါမဖြစ်ပါဝင်ရန် လိုအပ် သော အမှုသည် ဟုတ် မဟုတ် ဖြစ်သည်။ အမှုတွင်မပါမဖြစ်ပါဝင်ရန် လိုအပ်သောအမှုသည်ဖြစ်လျှင် အမွေစား အမွေခံများကို အမှုတွင် ထည့်သွင်းနိုင်ရန်အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင် မပြုနိုင် ဆက်လက် စိစစ်ရမည်ဖြစ်သည်။

 

တရားလိုကွယ်လွန်သွားသည်နှင့်တစ်ပြိုင်နက် ရပ်စဲသွား

 

တရားလို ကွယ်လွန်ပြီးနောက် ၎င်း၏တရားဝင် ကိုယ်စားလှယ် များနှင့် တရားပြိုင်တို့သည် အမွေဆိုင်များဖြစ်သဖြင့် အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုသာ စွဲဆိုရမည်ဖြစ်သည်။ ဤအခြေအနေတွင် အမှုမှာ တရားလိုကွယ်လွန်သွားသည်နှင့်တစ်ပြိုင်နက် ရပ်စဲသွားသည်။

 

မိမိတစ်ဦးတည်းပိုင်ဖြစ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုထားစဉ်အတွင်း တရားလိုသေဆုံးသွားလျှင် တရားလိုသေဆုံးချိန် တွင် တရားလိုတောင်းဆိုသော သက်သာခွင့်မှာပေး၍မရနိုင်သော အခြေအနေရှိပါက အမှုရပ်စဲသွားပြီဖြစ်သည်။ ထိုအခါ တရားဝင် ကိုယ်စားလှယ်အဖြစ်ထည့်သွင်း၍ အမှုကို ဆက်လက်စစ်ဆေးရန် လိုအပ်မည် မဟုတ်တော့ချေ။

 

ပူးတွဲပိုင်ဆိုင်သူတစ်ဦးသည် အခြားပူးတွဲပိုင်ဆိုင်သူအပေါ် ပိုင်ဆိုင် သည့် ပစ္စည်းမှာ မိမိပိုင်ပစ္စည်းဖြစ်ကြောင်း မြွက်ဟကြေညာပေးရန် ဖြစ်စေ၊ ပူးတွဲပိုင်ဆိုင်သူတို့အား ပူးတွဲပိုင်ဆိုင်သည့် ပစ္စည်းမှ နှင်ထုတ်ပေးရန်ဖြစ်စေ စွဲဆိုခွင့်မရှိ။ မူလတရားလို သေဆုံးသွား သည့်အမှုတွင် အမွေဆက်ခံမှုများ ပေါ်ပေါက်လာခြင်းကြောင့် ပြောင်းလဲ သွားသော အခြေအနေအရ အမှုရပ်စဲသွားသည်။

 

အမွေဆက်ခံမှုအက်ဥပဒေပုဒ်မ-၃၇၃ အရ အမွေဆက်ခံခွင့် လက်မှတ်ရရှိရန် လျှောက်ထားမှုတွင် လျှောက်ထားသူ ကွယ်လွန်သွား လျှင် ၎င်း၏ လျှောက်ထားမှုသည် အလိုအလျောက်ပျက်ပြယ် ပြီးဆုံး သည်။ ၎င်း၏အမွေစားအမွေခံများသည်ကွယ်လွန်သူလျှောက်ထားမှုကို ဆက်ခံနိုင်ခြင်းမရှိပေ။

 

အမှုသည်တစ်ဦးသည် တရားရုံးတစ်ရုံးရုံးသို့ လာရောက်ရန် သို့မဟုတ် တရားရုံးတွင် လျှောက်ထားရန် သို့မဟုတ် ဆောင်ရွက်ရန် ဥပဒေအရလိုအပ်လျှင်သော်လည်းကောင်း၊ ခွင့်ပြုထားလျှင်သော်လည်း ကောင်း၊ တည်ဆဲတရား ဥပဒေ တစ်ရပ်ရပ်တွင် အခြားနည်း အတိအလင်း ပြဋ္ဌာန်းထားသည်မှတစ်ပါး အမှုသည်ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏အခွင့်ရကိုယ်စားလှယ်ဖြစ်စေ၊၎င်း၏ကိုယ်စားဆောင်ရွက်မည့် ရှေ့နေဖြစ်စေ ထိုသို့လာရောက်ခြင်း သို့မဟုတ် လျှောက်ထားခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းပြုနိုင်ကြောင်း တရားမကျင့်ထုံးဥပဒေ အမိန့်-၇၊ နည်းဥပဒေ-၁ တွင် ပြဋ္ဌာန်းထားသည်။

 

တရားမကျင့်ထုံးဥပဒေအမိန့် ၃၊ နည်း(၁)ပါ အခွင့်ရကိုယ်စားလှယ် သည် တရားရုံးတွင်လာရောက်ခြင်း (Appearance) သို့မဟုတ် syposcoɔ:@e: (Application) poupos campegos @: (Act) ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထိုနည်းတူပင် တရားမကျင့်ထုံး ဥပဒေအမိန့် ၃၊ နည်း ၁၊ ၂ ပြဋ္ဌာန်းချက်အရ အခွင့်ရကိုယ်စားလှယ်သည် op:g:0z& cyposaqosco:E: (Pleading or addressing) ကို လိုင်စင်မရှိဘဲ လုပ်ပိုင်ခွင့်မရှိပေ။

 

ကိုယ်စားလှယ်သည် မိမိအား ကိုယ်စားလှယ်လွှဲသူ၏ သဘောတူ ညီချက်ကို ဦးစွာရယူခြင်းမပြုဘဲထို့ပြင် အရေးပါသည့်အကြောင်းအရာ အရပ်ရပ်ကို ကိုယ်စားလှယ်လွှဲသူအား အသိမပေးဘဲ ကိုယ်စားလွှဲသည့် ပစ္စည်းကို မိမိအတွက် ဝယ်ယူခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲသူ အနေဖြင့် အရောင်းအဝယ်ပဋိညာဉ်ကို ဖျက်သိမ်းပေးရန် သီးခြား သက်သာခွင့်အက်ဥပဒေပုဒ်မ ၃၅(က)အရတရားစွဲဆိုမည်ဖြစ်သည်။ ထိုသို့စွဲဆိုပြီးတရားရုံးက ရုပ်သိမ်းပေးမှသာ အချင်းဖြစ်စာချုပ်များသည် ကိုယ်စားလှယ်လွှဲသူများအပေါ် အကျိုးသက်ရောက်မှုမရှိ ဖြစ်ပေမည်။ ယခုအမှုတွင် တရားလိုများက အမှတ်(၁)တရားပြိုင်သို့လွှဲအပ်သည့် မှတ်ပုံတင်ကိုယ်စား လှယ်လွှဲစာများအား အသုံးချ၍ စီမံဆောင်ရွက် ချက်များ အတည်ဖြစ်သောကြောင့် အမှုပုံစံမှန်ကန်သည်ဟု ဆိုနိုင် မည်မဟုတ်ပေ။

 

တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ ကွယ်လွန်သူ အမှုသည် တစ်ဦး၏ အမွေပစ္စည်းအတွက် ဥပဒေနှင့်အညီ ပါဝင်လာသူကို ဆိုလို သည်။ ထိုစကားရပ်တွင် ကွယ်လွန်သူ၏အမွေပစ္စည်းကို ဝင်ရောက် စွက်ဖက်သူလည်း ပါဝင်သည့်အပြင် အမှုသည်တစ်ဦးက ကိုယ်စားပြု စွဲဆိုသောအခါ သို့မဟုတ် ကိုယ်စားပြုစွဲဆိုခြင်းခံရသော အခါတွင် ယင်းအမှုသည်ကွယ်လွန်လျှင် ပစ္စည်းကို ဆက်ခံရရှိသူလည်း ပါဝင် သည်။

တရားမကျင့်ထုံးဥပဒေအမိန့် ၂၊ နည်း ၁ အရ တရားလိုဖြစ်စေ၊ တရားပြိုင်ဖြစ်စေ သေဆုံးသည့်အခါ တရားစွဲဆိုခွင့်ကျန်ရှိလျှင် အမှုမှာ ရပ်စဲသွားခြင်း မရှိစေရပေ။

 

လက်ရောက်ရလိုမှုနှင့် အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှုတို့မှာ အခြေခံအားဖြင့် ခြားနားသည်ဖြစ်၍ လက်ရောက်ရလိုမှုကို အမွေပုံ စီမံခန့်ခွဲပေးစေလိုမှုအဖြစ်သို့ပြောင်းလဲခွင့်မရှိချေ။ ဤအခြေအနေတွင် လျှောက်ထားခံရသူ ဒေါက်တာ မျိုးသန်းအပေါ် စွဲဆိုထားသော အမှုမှာ ဒေါက်တာဘသန်းအနေဖြင့် စွဲဆိုခွင့်ရှိသော အမှုဖြစ်စေကာမူ သူကွယ်လွန်သောအခါ သူ၏ အမွေစားအမွေခံတစ်ဦးက ဆက်လက် ဆောင်ရွက်ခွင့်ရှိသော အမှုမျိုးမဟုတ်ကြောင်းပေါ်ပေါက်နေသည်ဖြစ်၍ တရားစွဲဆိုခွင့်မှာ ဒေါက်တာဘသန်းကွယ် လွန်သည်နှင့် တစ်ပြိုင်နက် ချုပ်ငြိမ်းသွားသည့်အလျောက် သူစွဲဆိုသောအမှုမှာ ရပ်စဲသွားပြီဟု ကောက်ယူရမည်ဖြစ်ပေသည်။

 

တရားမကျင့်ထုံးဥပဒေအမိန့် ၂၊ နည်း ၃(၁)တွင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားလိုများအနက် တစ်ဦးသေဆုံးသည့်အခါ တရားစွဲဆိုခွင့်မှာ ကျန်တရားလို သို့မဟုတ် တရားလိုများအတွက်သာ ကျန်ရှိသည် မဟုတ်လျှင်သော်လည်းကောင်း၊ တစ်ဦးတည်းဖြစ်သော တရားလိုဖြစ်စေ၊ ကျန်ရှိသည့်တစ်ဦးတည်းသော တရားလိုဖြစ်စေ သေဆုံးသည့်အခါ တရားစွဲဆိုခွင့်မှာ ကျန်ရှိလျှင်သော်လည်းကောင်း၊ သေသူတရားလို၏ တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန် လျှောက်ထားပါက တရားရုံးသည် အမှုသည်အဖြစ် ထည့်သွင်းစေ၍ဆက်လက်ဆောင်ရွက်ရမည်ဟူ၍လည်းကောင်း အမိန့် ၂၂၊ နည်း ၃(၂) တွင် ဥပဒေအရ ကန့်သတ်ထားသည့်အချိန်အတွင်း နည်းဥပဒေခွဲ (၁)အရ လျှောက်ထားခြင်းမရှိလျှင် သေသူတရားလိုနှင့် စပ်လျဉ်းသမျှ အမှုရပ်စဲစေရမည်၊ တရားပြိုင်ကလျှောက်ထားသည့်အခါ အမှုကို ခုခံ ချေပရာတွင် ကုန်ကျသည့် တရားစရိတ်ကိုသေသူတရားလို၏ အမွေပုံ ပစ္စည်းမှ တောင်းခံစေရန် တရားရုံးက တရားပြိုင်အား ခွင့်ပြုနိုင်သည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။

 

အမှုရပ်စဲခြင်းကိစ္စဆောင်ရွက်ရန် မလိုအပ်

 

လျှောက်ထားခံရသူသည် တရားမကြီးမှု သို့မဟုတ် အယူခံမှု ( သို့မဟုတ် လျှောက်ထားမှုမပြီးဆုံးမီ သေဆုံးခဲ့လျှင် တရားမကျင့်ထုံး ဥပဒေအမိန့်-၂၊ နည်းဥပဒေ-၄ နှင့်သက်ဆိုင်မည်ဖြစ်သည်။ အယူခံမှု မစွဲဆိုမီ သို့မဟုတ်တရားမကြီးမှုမစွဲဆိုမီသေဆုံးလျှင် တရားမကျင့်ထုံး ဥပဒေအမိန့်-၂၊ နည်းဥပဒေ-၄ နှင့်မသက်ဆိုင်ပေ ဦးသက်ပြင်းနှင့် ဒေါ်တုတ်တုတ် အမှုကို ရည်ညွှန်းသည်။ ထိုသို့တရားမကျင့်ထုံးဥပဒေ အမိန့်-၂၂၊ နည်းဥပဒေ-၄ နှင့် မသက်ဆိုင်လျှင် တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းကိစ္စ၊ အမှုရပ်စဲခြင်းကိစ္စဆောင်ရွက်ရန် မလိုအပ်ပေ။

 

အမှုစွဲဆိုသည့်အချိန်တွင် သေဆုံးလျက်ရှိသော တစ်ဦးတည်းသောတရားပြိုင်အပေါ်စွဲဆိုသော အမှုသည်လုံးလုံးလျားလျား ပျက်ပြယ် သည်။ သို့ရာတွင် တရားလို သို့မဟုတ် တရားပြိုင်အများအပြားရှိသည့် အနက် အမှုစွဲဆိုစဉ်က တစ်ဦးဦးကွယ်လွန်ပြီးဖြစ်ရုံမျှဖြင့် အမှုသည် ကနဦးကတည်းက ပျက်ပြယ်သည်ဟုမဆိုနိုင်။ အမှုမှာတစ်ဦးထက် ပိုသော တရားပြိုင်များအပေါ် စွဲဆိုသောအမှုဖြစ်ပြီး အသက်ထင် ရှားရှိသော တရားပြိုင်အပေါ်စွဲဆိုခွင့်ရှိလျှင် တရားရုံးကစိစစ်ရန်မှာ ကွယ်လွန်သူသည် အမှုတွင် မပါမဖြစ်ပါဝင်ရန် လိုအပ်သောအမှုသည် ဟုတ်မဟုတ်ဖြစ်သည်။ အမှုတွင် မပါမဖြစ်ပါဝင်ရန် လိုအပ်သော အမှုသည်ဖြစ်လျှင် အမွေစား အမွေခံများကို အမှုတွင်ထည့်သွင်းနိုင်ရန် အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင်၊ မပြုနိုင် ဆက်လက် စိစစ်ရမည်ဖြစ်သည်။

 

တရားရှုံးကွယ်လွန်လျှင် တရားရှုံး၏ တရားဝင်ကိုယ်စားလှယ်အပေါ်ဇာရီကို အတည်ပြုနိုင်ကြောင်း တရားမကျင့်ထုံး ဥပဒေ ပုဒ်မ၅၀(၁)တွင် ပြဋ္ဌာန်းထားသည်။

 

ပဏာမဒီကရီချမှတ်ပြီးသောအမှုတွင် တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန်လျှောက်လွှာကို တရားမကျင့်ထုံး ဥပဒေအမိန့် ၂၂၊ နည်းဥပဒေ ၁၀ အရ လျှောက်ထားရန်ဖြစ်သည်။

 

အမှုရပ်စဲခြင်း မရှိစေရကြောင်း ပြဋ္ဌာန်း

 

တရားမကျင့်ထုံးဥပဒေအမိန့်-၂၊ နည်းဥပဒေ-၆ တွင် အမှု ကြားနာခြင်းအဆုံးသတ်ပြီးနောက် စီရင်ချက်မချမီ အတွင်းတစ်ဖက်ဖက်သောအမှုသည် သေဆုံးခြင်းကြောင့် အမှုရပ်စဲခြင်း မရှိစေရကြောင်း ပြဋ္ဌာန်းထားသည်။ အမှုကြားနာခြင်း အဆုံးမသတ်မီ အယူခံတရားလိုကွယ်လွန်သွားရာတွင် စည်းကမ်းသတ်ကာလအတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းခြင်းမရှိလျှင် တရားမကျင့်ထုံး ဥပဒေအမိန့်-၂၊ နည်းဥပဒေ-၃(၂)အရ ကွယ်လွန်သူအယူခံတရား လိုနှင့်စပ်လျဉ်းသည့် အမှုရပ်စဲမည်ဖြစ်သည်။

 

အမွေထိန်းလက်မှတ်စာကို ကိုင်ဆောင်၍ တရားစွဲဆိုသူတရား လိုသည် အမှုအတောအတွင်း ကွယ်လွန်သွားသည်နှင့် တစ်ပြိုင်နက် အမွေထိန်းလက်မှတ်စာမှာလည်း အလိုလိုရပ်စဲသွားပြီဖြစ်၍ တရား ဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့် မရှိပါ။

 

တရားမဇာရီမှုများတွင်လည်း တရားနိုင်၊ တရားရှုံးတို့ ကွယ်လွန်သွားခြင်းများ တွေ့ကြုံရမည်ဖြစ်ပါသည်။ တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၂၊ နည်းဥပဒေ ၁၂ အရ နည်းဥပဒေ ၃၊ နည်းဥပဒေ ၄ နှင့် နည်းဥပဒေ၈ပါ မည်သည့်ပြဋ္ဌာန်းချက်မျှ ဒီကရီ သို့မဟုတ် အမိန့်ကို အတည်ပြုသည့်မှုခင်းများနှင့် မသက်ဆိုင်စေ ရဟု ဆိုထားသည်။ ထို့ကြောင့် အယူခံတရားပြိုင်သည် ဇာရီ လျှောက်လွှာတွင် တရားဝင် ကိုယ်စားလှယ်အဖြစ်ဖြင့် ထည့်သွင်း ပေးပါဟု လျှောက်ထားရန်မလိုဘဲ ၎င်းကိုယ်တိုင် လျှောက်ထား နိုင်ပါသည်။ သို့ဖြစ်၍ တရားဝင်ကိုယ်စားလှယ်လျှောက်ထား ခြင်းနှင့်ပတ်သက်သည့် စည်းကမ်းဥပဒေမှာ ဤအမှုနှင့် မသက်ဆိုင်သဖြင့် ထည့်သွင်းစဉ်းစားရန် မလိုပေ။

 

ဇာရီမှုတွင် တရားရှုံးကွယ်လွန်သွားခဲ့လျှင် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၅၀(၁)အရ သေသူကတရားရှုံး၏ တရားဝင်ကိုယ်စား လှယ်အပေါ် အတည်ပြုပေးရန် လျှောက်ထားခွင့်ရှိပါသည်။ သို့သော် တရားရှုံး နှစ်ဦးအနက် တရားရှုံးတစ်ဦးတည်းကျန်လျှင် သေဆုံးသည့် တရားရှုံး၏ တရားဝင်ကိုယ်စားလှယ်မထည့်ဘဲ ဇာရီကို ဆက်လက် ဆောင်ရွက်ခွင့်ရှိပါသည်။

 

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၄၆ ပါ ပြဋ္ဌာန်းချက်အရ တစ်ဦး တစ်ယောက်ကဖြစ်စေ၊ တစ်ဦးတစ်ယောက် အပေါ်ဖြစ်စေ အမှုတစ်မှု စွဲဆိုနိုင်လျှင် သို့မဟုတ် လျှောက်ထားချက်တစ်ရပ် တင်သွင်းနိုင်လျှင် ထိုသူကိုအမှီပြု၍ တောင်းပိုင်သူတစ်ဦးကလည်း သို့မဟုတ် ထိုသို့ တောင်းပိုင်သူတစ်ဦးဦးအပေါ်လည်း ယင်းအမှုကို စွဲဆိုနိုင်သည်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၄၆အရလည်းကောင်း၊ အမိန့် ၂၁၊ နည်းဥပဒေ ၁၆ အရလည်းကောင်း ကွယ်လွန်သွားသော တရားနိုင်၏ ဆိုင်ရေးဆိုင်ခွင့်ကို ဆက်ခံရရှိသူသည် ကွယ်လွန် သူရရှိထားသော ဒီကရီကို အတည်ပြုနိုင်ခွင့်ရှိခြင်းကြောင့်ဖြစ်သည်။

 

အခွင့်ရကိုယ်စားလှယ်နှင့် တရားဝင်ကိုယ်စားလှယ်တို့၏ ဥပဒေ ရေးရာ အနေအထားအရပ်ရပ်တို့နှင့် သက်ဆိုင်သည့် ဥပဒေများ၊ တရားစီရင်ထုံးများကို အလွယ်တကူရှာဖွေ အသုံးပြု နိုင်ခြင်းဖြင့် တရားမကြီးမှု၊ တရားမအယူခံမှု၊ တရားမပြင်ဆင်မှု၊ တရားမ အထွေထွေမှု၊ တရားမဇာရီမှုများတွင် ဥပဒေနှင့်အညီ လျှောက်ထားဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ခြင်းပြုနိုင်စေရန် စုဆောင်းတင်ပြအပ်ပါသည်။