မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခြင်း၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ
အမွေခွဲဝေပေးစေလိုမှုတွင် အဓိကရည်ရွယ်ချက်မှာ အမွေရထိုက်သူတို့အား အမွေခွဲဝေပေးရန်ဖြစ်ပေရာ ကွယ်လွန်သူ၏အမွေကို မည်သူမည်ဝါတို့က ဆက်ဆံခွင့်ရှိသည်။ တရားလိုသည် အမွေဝေစု မည်ရွေ့မည်မျှ ရထိုက်သည်၊ ကွယ်လွန်သူ ကျန်ရစ်သောအမွေပစ္စည်းများသည် မည်သည့် ပစ္စည်းများ ဖြစ်သည်၊ ကွယ်လွန်သူပေးရန်၊ ရရန်ရှိသော ကြွေးမြီများ မည်ရွေ့မည်မျှရှိသည် စသည်တို့ကို စိစစ်ဆုံးဖြတ်ပြီး တရားလိုနှင့် ဝေစုရလို၍ ရုံးခွန်ထမ်းဆောင်သော တရားပြိုင်တို့အား အမွေခွဲဝေပေးရန်ဖြစ်သည်။