Skip to main content

ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်ပေးလျက်ရှိသည့် လူမှုဖူလုံရေးလုပ်ငန်းများအကြောင်း တစေ့တစောင်း

 

မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်တွင် စတင်၍ လူမှုဖူလုံရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လူမှုဖူလုံရေးအာမခံစနစ်အရ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးမှ စုဆောင်းရရှိသည့် လူမှုဖူလုံရေးရန်ပုံငွေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားတို့အတွက် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေပါလူမှုဖူလုံရေး အာမခံစနစ် ခြောက်မျိုးအနက် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရ အာမခံစနစ် နှစ်မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအာမခံစနစ် နှစ်မျိုးအရ အလုပ်သမားလုပ်ခ လစာ၏ သုံးရာခိုင်နှုန်းကို အလုပ်ရှင်မှလည်းကောင်း၊ နှစ်ရာခိုင်နှုန်းကို အလုပ်သမားမှလည်းကောင်း ရန်ပုံငွေသို့ထည့်ဝင်၍ အာမခံအလုပ်သမားတို့၏ လူမှုစီးပွား အခက်အခဲဖြစ်ချိန်၌ ငွေကြေးထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆောင်ရွက်ချက်များ

ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ သက်ရောက်မှုများ ကြုံတွေ့ခဲ့ရာ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားနိုင်ရန် နိုင်ငံတော်၏ ကိုဗစ် -၁၉ Fund သို့ လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ အား ၆-၄-၂၀၂၀ ရက်နေ့တွင် ထည့်ဝင်ခဲ့ပြီး ၂၂-၇-၂၀၂၀ ရက်နေ့တွင် လူမှုဖူလုံရေး ရန်ပုံငွေသို့ ပြန်လည်လွှဲပြောင်း ရရှိခဲ့ပါသည်။ ထို့ပြင် ကိုဗစ် -၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်း ပိတ်သိမ်းခြင်းနှင့် အလုပ်သမားများ လျှော့ချခြင်းများ စသည်တို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်းများ လျော့နည်းသက်သာစေရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်စေရန် ဖြေလျှော့ဆောင်ရွက်မှုများနှင့် ငွေကြေး ထောက်ပံ့ပေးမှုများအတွက် ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် ရုံးအမိန့်စာများ ထုတ်ပြန်ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများအား ခြောက်လအထိ ဆေးကုသမှုခံယူခွင့်နှင့် သတ်မှတ်ကာလများအတွက် ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း၊ ထည့်ဝင်ကြေး ကာလကို သက်ဆိုင်ရာ လကုန်ဆုံးပြီး လဆန်း ၁၅ ရက်အတွင်းပေးသွင်းရန် သတ်မှတ်ချက်အား သုံးလအထိ နောက်ဆုတ်၍ ပေးသွင်းခွင့်ပြုခဲ့ပြီး ယခုအခါတွင် ခြောက်လအထိ နောက်ဆုတ်၍ ပေးသွင်းခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ ကာလအတွင်း ဆေးကုသမှုကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ ဖြစ်သည့်နေ့မှစ၍ ဆေးဖိုးနှင့် ခရီးစရိတ်များကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်းတို့ကို ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုမျှမက ပျက်ကွက်ကြေးများကိုလည်း ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မေလအထိ စုစုပေါင်း ခန့်မှန်းငွေကျပ် ၇၇၅၁ ဒသမ ၅၀၆ သန်းကို ဖြေလျှော့ပေးနိုင်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီပေးသွင်းရန် အခက်အခဲဖြစ်ပေါ်နေသည့် အလုပ်ဌာနများမှ  ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြုရန် ထပ်မံတင်ပြလာခြင်းအပေါ် လူမှုဖူလုံရေးအဖွဲ့မှ ပျက်ကွက်ကြေးအား ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင်တစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်လစာကင်းလွတ်ခွင့်ပြုခဲ့ရာ ဌာနပေါင်း ၉၅၉ ဌာနတို့အတွက် ပျက်ကွက်ကြေး ငွေကျပ် ၁၆၅ ဒသမ ၄၉၈ သန်းကို ကင်းလွတ်ခွင့်ပြု ပေးခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အခြေအနေ

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား ဆေးရုံကြီးများတွင် အထူးကုဆရာဝန်များ ပါဝင်သည့် Local Clinical Management Committee ဖွဲ့စည်းတာဝန်ပေးအပ်၍ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ၏ ဆေးလိုအပ်ချက်များကို တွက်ချက်ပြီး ဆေးဝါးများ အသင့်ဖြစ်စေရေး စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယလူနာ ၄၂၈ ဦး၊ မန္တလေးအလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယလူနာ ၉၇၃ ဦးနှင့် ရန်ကုန်မြို့ ထန်းတပင်အလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် သံသယ လူနာ ၇၅၄ ဦးကို ကုသပေးနိုင်ခဲ့ပါသည်။ ထန်းတပင် အလုပ်သမား ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမားလူနာများကို လက်ခံထားရှိ ကုသနိုင်ရေးထပ်မံတိုးချဲ့ ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့်အပြင် ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ဆေးရုံကြီးများ၌ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများတွင် အတွင်းလူနာ ၄၀၆၉ ဦး နှင့် ပြင်ပလူနာ ၁၀၂၀၁၀၂ ဦး စုစုပေါင်း ၁၁၂၄၁၇၁ ဦးတို့အား ကုသမှုပေးနိုင်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုအရ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ထိုးနှံပေးလျက်ရှိရာ ၆-၉-၂၀၂၁ ရက်နေ့အထိ အလုပ်ဌာန ၃၅၆၂ ဌာနမှ အာမခံအလုပ်သမား ၂၈၄၆၆၈ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ။

အသိပညာပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်

အသိပညာပေးလုပ်ငန်းများအနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ကာကွယ်ရေးသုံးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးဆောင်ရွက်နိုင်ခဲ့သလို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍လည်း ကိုဗစ်၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ် သမားများအား ၎င်းတို့ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ ငွေအဖြစ်လည်းကောင်း၊ အရေးပေါ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများအား မသမာသူများ၏ မီးရှို့မှုကြောင့် ယာယီပိတ်သိမ်းထားသည့် လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများအား ၎င်းတို့ပေးသွင်းထား တောမီးလောင်လျှင် တောကြောင်လက်ခမောင်းခတ်ဆိုဘိသကဲ့သို့ ရန်ကုန်ဆင်ခြေဖုံးမှ လူဆိုးစာရင်းဝင် လူပေလူတေများသည် တွေ့ကရာလိုက်၍ ရိုက်ခွဲဖျက်ဆီး လုလားယက်လားဖြင့် ရုန်းရင်းဆန်ခတ်မှုများ ပေါ်ပေါက်လာသည်။ ရန်ကုန်တစ်မြို့လုံးသို့ ကူးစက်ပြန့်ပွားသွားလေတော့သည်။ စာရင်းချုပ်တော့ ဆန္ဒပြသူလူထုကြီးထဲမှ လူသုံးဦး သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ လက်သည်တရားခံ အဂျလာမှာမူ ကျောက်တံတား ရဲ့ဌာနအတွင်း၌ ကြာကြာမနေလိုက်ရပါ။ အင်္ဂလိပ်သတင်းစာတိုက်ကြီး တစ်တိုက်မှ အယ်ဒီတာချုပ်တစ်ဦးနှင့် အယ်ဒီတာတစ်ဦးတို့က ငွေ ၅၀၀၀ ကျပ်တန် အာမခံပေး၍ ပြည်နှင်ဒဏ်မျှသာခံယူပြီး လေကြောင်းခရီးဖြင့် သက်သက်သာသာ ပြည်တော်ပြန်သွားနိုင်ခဲ့လေသည်။

ပူးပေါင်းကြံစည်လုပ်ကြံမှု

အဂျလာ၏ ကျုံးသွင်းမှုထဲတွင် ဝင်သွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ မဲခေါင်စစ်ဆင်ရေး အောင်ပွဲမှာ မှေးမှိန်သွားခဲ့ရလုနီးနီး ဖြစ်ခဲ့ရလေသည်။ ရန်ကုန်မြို့မှ ပြည်ချစ်မျိုးချစ်လူထုကြီးနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားများ၏ နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပြသပွဲကြီးမှာ မြေပေါ်မြေအောက် လက်ဝဲသမားများ၏ အကြမ်းဖက်မှု၊ ဆူပူခိုင်းမှု ဖြစ်သယောင်ယောင် သိက္ခာချခံခဲ့ရသည်။

ထိုစဉ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းဌာနနှင့် သတင်းကိုယ်စားလှယ်များမှာ မြန်မာနိုင်ငံသား နည်းပါးလွန်းလှပြီး ကပြားနှင့် နိုင်ငံခြားသားများသာ ဖြစ်နေကြသည်။ မဲခေါင်စစ်ဆင်ရေးမှ ပေါက်ဖွားလာသော ရန်ကုန်မြို့မှ အဖြစ်အပျက် သတင်းများကို ကမ္ဘာသို့ ဖြန့်ချိခဲ့ရာ၌ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားအောင် ပူးပေါင်းကြံစည်လုပ်ကြံမှုကို ခံခဲ့ရလေသည်။ မျိုးချစ်ပြည်သူများ၏ ကိုလိုနီနယ်ချဲ့စနစ် ဆန့်ကျင်ရေးနှင့် နယ်ချဲ့ကျူးကျော်မှုရှုတ်ချရေး အဟုန်လည်းတန့်ပြီး မှေးမှိန်ပျောက်ကွယ်သွားခဲ့ရလေသည်။

ထို့ကြောင့် တော်လှန်ရေးအစိုးရ တက်လာပြီးသည့်အခါတွင် မြန်မာနိုင်ငံ၌ ခြေကုပ်စခန်းများ ဖွင့်ထား၊ ယူထားကြသည့် နိုင်ငံခြား အဖွဲ့အစည်း မှန်သမျှတို့ကို ဖျက်သိမ်းပစ်၍၊ ရုပ်သိမ်းပစ်သင့် သည်များကို ရုပ်သိမ်းပစ်ခဲ့ရကာ ပြည်သူပိုင်သိမ်း ယူသင့်သည်များကို ပြည်သူပိုင်သိမ်းယူခဲ့ရလေသည်။ အာရှဖောင်ဒေးရှင်းနှင့် ဖို့ဒ်ဖောင်ဒေးရှင်းစသော အဖွဲ့ကြီးတို့ကိုလည်း ရုပ်သိမ်းဖျက်သိမ်းပစ်ခဲ့ရလေသည်။

တစ်ကျော့ပြန်အခြေစိုက်ခဲ့

သို့တစေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တစ်ကျော့ပြန် ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်ခဲ့သော ရွေးကောက်ခံ အစိုးရသက်တမ်း နှစ်ဆက် ဆယ်စုနှစ်ကာလများတွင် ဂျော့ဆိုရော့စ် ဖောင်ဒေးရှင်းအပါအဝင် အနောက်နိုင်ငံများမှ ဖောင်ဒေးရှင်း များစွာတို့ မြန်မာ့မြေပေါ်သို့ တစ်ကျော့ပြန် အခြေစိုက်ခဲ့ကြပြန်ပါသည်။ ။

ရဲရဲတောက်တောက် ဒီမိုကရေစီဘက်တော်သား သတင်းမီဒီယာများလည်း ပေါ်ထွက်လာကြသည်။ ပြုပြင်ပြောင်းလဲမှုများစွာဖြင့် မြန်မာ့နွေဦးကို အကောင်အထည်ဖော်ခဲ့သူ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဘာရေးညာရေးဟုဆိုကာ လက်သီးလက်မောင်းတွေ တန်းလာကြသည်။

ဒီမိုကရေစီအိုင်ကွန်ဟုဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ လက်ထက်တွင်မူ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စတုတ္ထမဏ္ဍိုင်က ထိန်းညှိရမည့်အစား တပ်မတော်ဖြိုခွဲရေးကို ပစ်မှတ်ထားလာကြသည်။ ရခိုင်ပြည်အရေးနှင့် ပတ်သက်၍ ပို၍ ခြေစွာလာကြသည်။ ဝလုံးတို့လို သတင်းမီဒီယာသမားများ ပေါ်ထွက်လာသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင်မူ ပြည်ပငွေကြေးအထောက်အပံ့များ ရယူထားသော သတင်းမီဒီယာအချို့သည် သူတို့လိုလားသူများကို သာသာထိုးထိုး ချီးမြှောက်ရေးသားဖော်ပြခဲ့ကြသည်။ အခြေခံလူတန်းစားများ ထောက်ခံလာကြသော ပါတီသစ်တစ်ခုကို အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှ ငွေကြေးထောက်ပံ့မှု ရယူထားသည်ဟုဆိုကာ ပါတီဖျက်သိမ်းပစ်နိုင်ခဲ့သည်အထိ အလဲထိုးခဲ့သည်။ အချက်အလက်များမှာ တိကျစုံလင်လှ၍ ပြည်တွင်းအဆင့်မျှ မဟုတ်တန်ရာ။ နိုင်ငံတကာအဆင့် အဖွဲ့အစည်းကြီးများသာ လက်လှမ်းမီနိုင်သည့် စာရင်းဇယား အချက်အလက်များသာ ဖြစ်တန်ရာ၏။

အထင်အမြင်မှားစေရန်

လက်ရှိမြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင်လည်း အဆိုပါပြည်ပ ဩဇာခံမီဒီယာအချို့သည် ပြည်ပအလိုကျ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ်အတွေးတို့ဖြင့် မြေပြင်မှပကတိအမှန်တရားကို အများပြည်သူများ ဝေဝါးစေရန်၊ ကမ္ဘာက မြန်မာကို အထင်မှား၊ အမြင်မှားစေရန် လုပ်ကြံဖန်တီး နေကြဆဲပင်။ ထိုသို့သော ပြည်ပဩဇာခံ မီဒီယာအချို့၏ လုပ်ကြံဖန်တီးထားသော သတင်းလိမ်၊ သတင်းအမှားများကို စိတ်ခံစားချက်အလို့ငှာ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ် အတွေးဖြင့် လက်ခံနားယောင်ရင်း အမှန်တရားနှင့် တစ်စတစ်စ ဝေးကွာလာသူ ဖော်ပြပါ တက္ကစီယာဉ်မောင်း ဆရာကြီးလိုလူစား အများအပြားကလည်း ရှိနေကြဆဲပင်။

သို့ဖြစ်၍ အမှန်တရားကို လိုလားသူ၊ မြတ်နိုးသူတိုင်းသည် အမှန်တရားကို ရှာဖွေရာတွင် “တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ Tradition ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ လူပြောသူပြော ဒီလိုတဲ့ဆိုတာနဲ့လည်း မရှာနဲ့။ စာထဲမှာပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။ Logic နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ အနုမာန အတွေးအခေါ်မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။ ကောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ဖြစ်နိုင်တယ်ဆိုတာ နဲ့လည်း မဆုံးဖြတ်နဲ့။ တို့ဆရာပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့သိပြီး ဆုံးဖြတ်ပါ” ဟူသည့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော “ကာလာမသုတ်” တရားတော်နှင့်အညီ မြန်မာပြည်သူများ ဆုံးဖြတ်ကြပါကုန်။

မိုးမခ