Skip to main content

လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွှားခြင်း

စီးပွားရေးလုပ်ငန်းများ အပါအဝင်လုပ်ငန်းနယ်ပယ်အသီးသီး၌ အဖွဲ့အစည်းများအကြား သဘောတူညီချက်များ ရရှိရန် ညှိနှိုင်းသည့်အခါ (သို့တည်းမဟုတ်) ပဋိပက္ခတစ်ရပ်ကို ကျော်လွှားရန် ကြိုးပမ်းသည့်အခါ ရံဖန်ရံခါ ရှေ့ဆက်တိုး၍ မရနိုင်သည့် လိပ်ခဲတည်းလည်း အခြေအနေမျိုးနှင့် ရင်ဆိုင်ရတတ်သည်။

ယင်းကဲ့သို့ ဆွေးနွေးမှုများ ရပ်တန့်သွားသည်နှင့် အမျှ စိတ်အနှောင့်အယှက်ဖြစ်မှုလည်း ဖြစ်ပေါ်လာ တတ်သည်။ မိမိတို့အနေဖြင့် အလိုရှိသည့် သဘော တူညီချက်ကို ရရှိတော့မည်မဟုတ်ဟု သံသယစိတ် ဖြစ်ကောင်း ဖြစ်လာတတ်သည်။ စေ့စပ်ညှိနှိုင်းနေကြ သည့် နှစ်ဖက်လုံးမှလည်း အလျှော့မပေးလိုကြပေ။ ယင်းကဲ့သို့ ရှေ့တိုးအခက်၊ နောက်ဆုတ်အခက်၊ လိပ်ခဲ တည်းလည်း အနေအထားကို မည်သို့ကျော်လွှားကြမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာတတ်သည်။

စေ့စပ်ဆွေးနွေးမှု အများအပြား၌ အပြီးသတ် အနေအထားသို့ ရောက်ရောက်ခင်မှ တိုးတက်မှု ရပ်ဆိုင်းသွားသည့် အခြေအနေ မျိုးလည်း ဖြစ်ပေါ်တတ် သည်။ ယင်းသို့ ရှေ့ဆက်တိုး၍ မရနိုင်သည့်အခြေအနေ မျိုးမှာ ကြုံတွေ့ရတတ်သည့် ဖြစ်ရိုးဖြစ်စဉ်အဖြစ် မှတ် ယူထားပါ။ သဘောတူညီချက်ကို လုံးဝမရနိုင်တော့ဟု တထစ်ချ မှတ်ယူခြင်းမျိုး မပြုသင့်ပါ။

လိပ်ခဲတည်းလည်း အခြေအနေမှာ စေ့စပ်ဆွေးနွေး မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယင်းကို မလွဲမသွေကျော်လွှားနိုင်မည်ဟု မှတ်ယူထားပါ။ အောက်ဖော်ပြပါ နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွှားနိုင်မည့် အခွင့်အလမ်းများကိုဖော်ထုတ်နိုင်ပြီး နှစ်ဖက်လုံးမှလက်ခံနိုင်သည့်သဘောတူညီမှု ရရှိစေရေးအတွက် အထောက်အကူပြုစေမည် ဖြစ်သည်-

(က) အလေးပေးရမည့်ကိစ္စရပ်များ အကြောင်းအရာများကို ပြန်လည်သုံးသပ်ပါ။ ဆွေးနွေး မှုအတွင်း မိမိတို့ အလေးပေးရမည့် ကိစ္စရပ် များအပေါ် အလေးထားသကဲ့သို့ တစ်ဖက်မှ စေ့စပ်ညှိနှိုင်းနေသူကိုလည်း ၎င်းအလေး ပေးရမည့် ကိစ္စရပ်များအပေါ် အာရုံစိုက် နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးပါ။ ဆွေးနွေးပွဲ၏ အရှိန်အဟုန်မြင့်လာချိန်တွင် အသေးအမွှား ကိစ္စရပ်များဖြင့် အာရုံပြောင်းသွားတတ်ပြီး အမှန်တကယ် အလေးပေးရမည့် ကိစ္စရပ်များ/ အကြောင်းအရာများအပေါ် မျက်ခြည်ပြတ် တတ်ကြသည်။

(ခ) နည်းလမ်းအားလုံးကို လေ့လာကြံဆထားပါ။စေ့စပ်ဆွေးနွေးမှုအပေါ် ပိုမိုအကျိုးရှိစေ မည့် နည်းလမ်းများ၊ ဆန်းသစ်သော နည်းလမ်းများ ကို လေ့လာရှာဖွေသင့်သည်။ ယခင်က အမှတ်မထင် ကျော်လွှားခဲ့သော နည်းလမ်းများ ကိုလည်း ပြန်လည်စိစစ် လေ့လာသင့်သည်။ စေ့စပ်ဆွေးနွေးမှုဖြစ်စဉ် တိုးတက်ဖြစ်ပေါ်နေ သည်နှင့်အမျှ သတင်းအချက်အလက်အသစ် များကို လေ့လာတွေ့ရှိမည်ဖြစ်သကဲ့သို့ အတွေး သစ်၊ အမြင်သစ်များ ဖြစ်ပေါ်လာတတ်သဖြင့် ယခင်က အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့သည့် နည်းလမ်းများကိုလည်း သတိပြုမိလာတတ်သည်။

(ဂ) အနည်းငယ်မျှ အလျှော့ပေးပါ။ လိုအပ်ပါကအနည်းငယ်မျှ လိုက်လျောမှုပြုလုပ်ပါ။ ယင်းသည် တစ်ဖက်မှလည်း ပြန်လည် လိုက်လျောမှုပြုစေမည့် လုပ်ဆောင်မှုဖြစ်လာနိုင်သည်။ ဥပမာအားဖြင့် “မိမိတို့ဘက်မှ ကိုဆောင်ရွက်ပေးမည်။ တစ်ဖက်မှလည်း Y ကို ပြုလုပ်ပေးစေလိုသည်” စသည်ဖြင့် ကမ်းလှမ်းမှုမျိုး ဖြစ်သင့်သည်။ ရံဖန်ရံခါ ယင်းကဲ့သို့သော သေးငယ်သည့် လိုက်လျောမှုမျိုးမှတစ်ဆင့် အရှိန်အဟုန်ရပြီး တိုးတက်မှုကိုလည်း ရရှိစေတတ်သည်။

(ဃ) ပိုမိုသေးငယ်သည့် ရည်မှန်းချက်ကို အရယူပါ။သင်ဆွေးနွေးမည့် အစီအစဉ်အနက် ပိုမို သေးငယ်သော ရည်မှန်းချက်၊ ပိုမိုလွယ်ကူသော အကြောင်း အရာများအပေါ် အလေးပေးသင့်သည်။ တစ်ခါ တစ်ရံ အချက်ငယ်များအပေါ် သဘောတူညီမှုရရှိ တတ်ပြီး ယင်းမှတစ်ဆင့် အရှိန်အဟုန်ကို တည်ဆောက်ခြင်းဖြင့် ဆွေးနွေးမှု၌ ရှေ့သို့တိုးတက်ဆောင် ရွက်စေနိုင်ပြီး ပိုမိုကြီးမားသော အကြောင်းကိစ္စတွင်လည်း သဘောတူညီမှု ရရှိစေတတ်သည်။

(c) စေ့စပ်ဆွေးနွေးမှု စွမ်းပကားကို ပြောင်းလဲပါ။ တစ်ခါတစ်ရံ ရှေ့ဆက်မတိုးနိုင်သည့် စေ့စပ်ဆွေး နွေးမှု၌ ပါဝင် ဆွေးနွေးသူများကို ပြောင်းလဲ ခြင်းဖြင့် ရပ်တန့်နေသည့် ဆွေးနွေးပွဲအား တစ်ဟုန်ထိုး ပြန်လည်တိုးတက် ဖြစ်ပေါ်စေ တတ်ပါသည်။ လိုအပ်ပါက ပတ်ဝန်းကျင်အနေ အထားကိုလည်းပြောင်းလဲပေးသင့်သည်။ ပြောင်းလဲ သွားသည့်ပတ်ဝန်းကျင် အခြေအနေ အပေါ်မူတည်၍ ဆွေးနွေးမှုဝန်းကျင် အနေအထားကိုလည်း ပြောင်း လဲစေတတ်ပြီး ယင်းမှတစ်ဆင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိကာ အောင်မြင်သောသဘောတူညီချက်တစ်ရပ်ကို ရရှိစေနိုင်တတ်သည်။

(စ) ခေတ္တရပ်နားပါ။ ဆွေးနွေးညှိနှိုင်းမှုများ ရှေ့သို့ဆက်၍ မရနိုင်သည့် အခြေအနေမျိုး၌ မိမိတို့၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ဝင်များနှင့်အတူ မိမိတို့၏ နည်းဗျူဟာအပေါ် ပြန်လည်သုံးသပ်မှု ပြုလုပ်သင့်သည်။ မိမိတို့၏ စိတ်အခြေအနေတည်ငြိမ်မှုရှိစေရန် အချိန်အနည်းငယ်ပေးပါ။ ခဏတစ်ဖြုတ်နား၍ ဦးနှောက်ကို ရှင်းလင်းအောင်ပြုလုပ်ခြင်းက ရံဖန်ရံခါ မထင်မှတ်သော ရလဒ် ကောင်းများကိုရရှိစေတတ်သည်။

(ဆ) တိတ်ဆိတ်စွာစဉ်းစားရန် အချိန်အနည်းငယ်မျှ သတ်မှတ်ထားပါ။ တိတ်ဆိတ်စွာ စဉ်းစားနိုင်မည့် အချိန်ကို ညှိနှိုင်း သတ်မှတ်ထားပါ။ ယင်းမှာ စေ့စပ် ညှိနှိုင်း၍ မရသည့်အဆုံး ဆွေးနွေးခန်းမှ အပြီးတိုင် ထွက်ခွာသွားခြင်းမျိုးကို မဆိုလိုပါ။ ဆွေးနွေးခန်း အတွင်းရှိနေသူတိုင်း စကားတစ်ခွန်းမျှ မပြောဘဲ ၁၀ မိနစ်ခန့် တိတ်ဆိတ်စွာနေကြရန် ညှိနှိုင်းသတ် မှတ်ကြည့်ပါ။ ယင်းကဲ့သို့ အချိန်တိုလေးအတွင်း လူတို့၏ စိတ်အတွင်းသို့ အတွေးပေါင်းစုံ ဝင်ရောက် လာတတ်ပြီး နှစ်ဖက်လုံးကို ဆွေးနွေးနေသူများ၏ စိတ်တွင် မိမိတို့၏ မျှော်မှန်းထားချက်မှ အနည်းငယ်လျှော့ပေါ့စဉ်းစားပေးခြင်း ဖြစ်တတ်သည်။ ဤ နည်းလမ်းမှာ အငြင်းပွားနေသည့် ဇနီး၊ ခင်ပွန်းတို့ အကြား အထူးအသုံးတည့်ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုနည်းတူ တစ်ဖက်နှင့် တစ်ဖက် ရင်းနှီးမှု ရှိသည့် ညှိနှိုင်းဆွေးနွေးသူများအကြား၌လည်း ဤနည်းလမ်းမှာ အသုံးဝင်တတ်သည်။

(ဇ) နောက်ဆုံးလုပ်ဆောင်ရမည့် အချိန်ကိုလည်း သတ်မှတ်ထားပါ။ စေ့စပ်ညှိနှိုင်းမှုအများအပြား၌ နောက်ဆုံးသတ်မှတ် ထားသည့်အချိန် နီးကပ်လာ သည်နှင့်အမျှ တိုးတက်ဖြစ်ပေါ်မှု အများစုကို နောက်ဆုံးအဆင့်၊ နောက်ဆုံးအချိန်မှ ရရှိတတ် သည်။ အချိန်၏ ဖိအားပေးမှုက ရံဖန် ရံခါ လူတို့ကို ရှေ့တိုးဆောင်ရွက်စေရေးအတွက် လှုံ့ဆော်တွန်းအားပေးမှု ဖြစ်တတ်သည်။

(ဈ) လိုအပ်က သဘောတူညီချက်ကို ရယူပါ။ စေ့စပ် ဆွေးနွေးမှုနှင့်ပတ်သက်၍ တစ်ဖက်ဆွေးနွေး သူထံမှ သဘောတူညီမှု တောင်းခံပါ။ ရံဖန်ရံခါ မေးမြန်းသည့်အတိုင်း အဖြေကို ရိုးစင်းစွာ ရရှိတတ်သည်။ အကယ်၍ တစ်ဖက်မှ သဘော တူညီကြောင်း ပြောကြားလာပါက လွန်စွာကောင်းမွန်သည့်ရလဒ်ပင် ဖြစ်သည်။ တစ်ဖက်မှ သဘောမတူကြောင်း ပြောကြားလာပါက မည်သည့် အတွက်ကြောင့် ယင်းသို့ ငြင်းဆိုရ သည်ကို မေးမြန်းသင့်သည်။ တစ်ဖက်မှ ရှင်းလင်းပြောကြားချက်ကို ဂရုတစိုက် နားထောင်၍ ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုနှင့် ပတ်သက်၍ ဖြေရှင်းပေးခြင်းဖြင့် သဘောတူညီ ချက် ရရှိနိုင်ရေးအတွက် လိုအပ်သည့်အဆင့်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

(ည) နှစ်ဖက်လုံးသို့ ဘက်မလိုက်မည့်တတိယ အဖွဲ့အစည်းကို ရှာဖွေထည့်သွင်းပါ။ ကျွမ်းကျင်သော စေ့စပ်ညှိနှိုင်းသူတို့သည် ညှိနှိုင်းဆွေးနွေး မှုအတွင်း နှစ်ဖက်လုံးမှ ကျော်လွှားနိုင်ခြင်းမရှိ သည့် အစိတ်အပိုင်းကို ဖော်ထုတ်နိုင်ပြီး နှစ်ဖက်လုံးမှ ယင်းအပေါ် ကျော်လွှားနိုင်ရန် ကူညီဆောင်ရွက်ပေးသူဖြစ်သည်။ ရံဖန်ရံခါ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းသည် ဆွေးနွေး နေသည့် နှစ်ဖက်လုံးအား တစ်ဖက်၏ သဘော ထားအမြင်ကို အခြားတစ်ဖက်မှ သဘောပေါက် လာစေရန် ကူညီဆောင်ရွက်ပေးနိုင်သည်။ ယုံကြည်မှု နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာ သည့် ကွာဟချက်များကို ကျဉ်းမြောင်းပေးနိုင် သည်။ ကိစ္စရပ်အများစုတွင် တစ်ဖက်ဖက်မှ တရားစွဲရန် ပြင်ဆင်ပြီးသည့်တိုင် ကျွမ်းကျင် သော စေ့စပ်ညှိနှိုင်းသူတို့အနေဖြင့် နှစ်ဖက် အကြား သဘောတူညီချက်ရရှိစေရန် ဆောင်ကြဉ်းပေးနိုင်သည်။

(ဋ) လိုအပ်ပါက ရှောင်ထွက်သွားပါ။ လိုအပ်လာပါက လုပ်ငန်းပိုင်း ဆွေးနွေးညှိနှိုင်းမှုမှ အဆုံးသတ်ရှောင်ထွက်သွားနိုင်ရန် အသင့်ပြင် ထားပါ။ တစ်ခါတစ်ရံ မည်သို့မျှ စေ့စပ်ညှိနှိုင်း၍ မရခြင်းကလည်း အကောင်းရလဒ် ဖြစ်တတ် သည်။ အချို့သော အခြေအနေများ၌ တစ်ဖက် ပုဂ္ဂိုလ်/ အဖွဲ့ အစည်းတို့မှ ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းမှုများဖြင့် ဆွေးနွေးပွဲပြန်လည် စတင် ရန် ဖိတ်ခေါ်တတ်သည်။ သင့်အနေဖြင့် “ဆွေးနွေးပွဲမှ ထွက်ခွာသွားရန် ခြိမ်းခြောက်မည် ဆိုပါက စကားလုံးဖြင့်ခြိမ်းခြောက်ရုံ သက်သက် မဟုတ်ဘဲ တစ်နေရာရာသို့ ရှောင်ထွက် သွားနိုင် ရန်” အသင့်ပြင်ဆင်ထားသင့်သည်။ မည်သို့ ပင်ဖြစ်စေ ဆွေးနွေး ညှိနှိုင်းမှုတိုင်းကို ကောင်းကောင်းမွန်မွန် အဆုံးသတ်သင့်သည်။ အကြောင်းမှာ အနာဂတ် တစ်ချိန်ချိန်တွင် တစ်ဖက်အဖွဲ့အစည်း/ ပုဂ္ဂိုလ်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးရသည့်အခြေအနေနှင့် ကြုံတွေ့နိုင်ဖွယ် ရှိတတ်ခြင်းကြောင့်ဖြစ်သည်။ ရှေ့တိုးမရ၊ နောက်ဆုတ်မရ၊ လိပ်ခဲတည်းလည်း အခြေအနေမှာ စိတ်ပျက်စရာကောင်းသော်လည်း ဆွေးနွေးညှိနှိုင်းမှုမှာ လုံးဝပျက်ပြား သွားခြင်း မဟုတ်သေးပါ။ အထက်၌ ဖော်ပြခဲ့ သည့် နည်းလမ်းများကို မှတ်သားလေ့လာပြီး မဆုတ်မနစ် ကြိုးပမ်းခြင်းဖြင့် ဆွေးနွေးညှိနှိုင်း မှုကို လမ်းကြောင်းပေါ်သို့ ပြန်လည်ခေါ် ဆောင်နိုင်မည်ဖြစ်သည်။

ကောင်းမွန်