Skip to main content

ကမ္ဘာတစ်ဝန်းငြိမ်းချမ်းဖို့ ပူးပေါင်းပါဝင်ကြပါ

လွင်လွင်

မြန်မာနိုင်ငံ၌ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှု ဖြစ်ပွားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏အာဏာကို ထိန်းသိမ်းပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီအမည်ခံအဖွဲ့အစည်းများ၏ အကြမ်းဖက်မှုမှာ ရုပ်လုံးပေါ်လာခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအများအပြားကို အွန်လိုင်းမှတစ်ဆင့် စည်းရုံးသိမ်းသွင်းကာ လက်နက်ကိုင်အကြမ်းဖက်ရန်နှင့် ပြည်သူအချင်းချင်း ငါနှင့်မတူငါ့ရန်သူအဖြစ် သတ်မှတ်ကာ အချင်းချင်း အကြမ်းဖက်သတ်ဖြတ်ရန် လှုံ့ဆော်ခဲ့သည်။ အကြမ်းဖက်မှုတွင် ဓားစာခံဖြစ်၍ အသက်ဆုံးရှုံးရသူများအနက် သာမန်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အများဆုံးပါဝင်သည်။

အကြမ်းဖက်ရန် လှုံ့ဆော်သူအများစုမှာ မဲမသမာမှုတွင် ပါဝင်ပတ်သက်သူများနှင့် Social Media အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် Social Media Cele များပင်ဖြစ်သည်။ ယခုလက်ရှိကမ္ဘာတွင် ရင်ဆိုင်နေရသည့် ဒီမိုကရေစီဖော်ဆောင်ရာ၌ တွေ့ကြုံနေရသည့် အတားအဆီးလည်းဖြစ်သည်။

အကြမ်းဖက်မှုများကို ကြိုးကိုင်နေသူများ

အထူးသဖြင့် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုများကို ကြိုးကိုင်နေသူများမှာ အနောက်နိုင်ငံများတွင် အခြေကျကာ နိုင်ငံတကာ၏ အထောက်အပံ့များဖြင့် ကြွယ်ဝချမ်းသာနေသည့် CRPH/NUG အမည်ခံအကြမ်းဖက်အဖွဲ့ဖြစ်သည်။ CRPH /NUG ၏ ဒီမိုကရေစီအယောင်ပြစနစ်သည် နိုင်ငံရေး မဲမသမာမှုကို ယဉ်ကျေးမှုစံနှုန်းနှင့်အညီ နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်ခြင်းမှတစ်ဆင့် ပြည်သူတချို့နှင့် နိုင်ငံ့ဝန်ထမ်းတချို့ကို သွေးထိုးလှုံ့ဆော်ကာ PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းပြီး အချင်းချင်းသတ်ဖြတ်စေလျက်ရှိသည်။

နိုင်ငံရေးအမြတ်ထုတ်သူများ၏ စကားနားယောင်ကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ထဲသို့ လိုက်သွားခဲ့သည့်သူများအနက် လက်နက်ချ ပြန်လည်ဝင်ရောက်လိုသူများအား နိုင်ငံတော်အစိုးရက လက်ခံကြိုဆိုလျက်ရှိသည်။ တချို့မှာ လက်နက်ချ၍ သာမန်ပြည်သူအနေဖြင့် ပြန်လည် ဝင်ရောက်လိုသော်လည်း အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ဝင်ရောက်ရန်မဖြစ်နိုင်ကာ နိုင်ငံရေးအသုံးချခံသား‌ကောင်များ ဖြစ်သွားကြသည်။

နိုင်ငံရေးသား‌ကောင်အဖြစ် အသုံးချခံရသူများ အများအပြားရှိ

မိသားစုတစ်စု၏ပြောပြချက်အရ အဆိုပါမိသားစု၏ အိမ်ထောင်ဦးစီးနှင့် သားဖြစ်သူ အထက်တန်းတက်နေဆဲကျောင်းသားတစ်ဦးသည် အကြမ်းဖက်အဖွဲ့၏ အသုံးချခံရပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုတို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်စေခဲ့ရာ အဆိုပါလူငယ်မှာ သေနတ်မှန်သေဆုံးသွားခဲ့သည်။ ဖခင်ဖြစ်သူမှာ သားသေဆုံးသွား၍ စိတ်မကောင်းဖြစ်ကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုများကို လက်မခံနိုင်သည့်အတွက် နိုင်ငံတော်အစိုးရထံ လက်နက်ချဝင်ရောက်ရန် မိသားစုဝင်မှတစ်ဆင့် ဆက်သွယ်ပြောကြားပေးစေခဲ့သည်။ သို့ရာတွင် သူ၏စိတ်ကူးကို အကောင်အထည်မဖော်နိုင်ခဲ့ပါ။ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ကြိုတင်သိရှိသွားပြီး သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။ မိသားစုအား ထိုသူ၏ သေနတ်မှန် Dead Body အား တိတ်တဆိတ် ပြန်လည်ကောက်ယူရန် အကြောင်းကြားလာခဲ့ပါသည်။ ကျန်ရှိသည့် မိသားစုဝင်များမှာ အကြမ်းဖက်အဖွဲ့၏လုပ်ကြံ သတ်ဖြတ်မှုမခံရစေရန် တိတ်တဆိတ်ငိုကြွေးရုံမှ တစ်ပါးမတတ်နိုင်ခဲ့ပါ။ ထိုဖြစ်ရပ်ထက်ဆိုးရွားစွာ နိုင်ငံရေးသား‌ကောင်အဖြစ် အသုံးချခံရသူများမှာ အများအပြားပင်ရှိသည်။

အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်

ယခုအခါ CRPH /NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် အကြမ်းဖက်မှုကျူးလွန်သည့် အဖွဲ့အစည်းသက်သက်သာဖြစ်ကြောင်း နိုင်ငံတွင်း ပြည်သူများသာမက နိုင်ငံတကာအဖွဲ့အစည်း များပါ သိမြင်လာခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် CRPH/ NUG နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား လက်နက်ကိုင်အကြမ်းဖက်မှုတွင် ငွေအင်အားအများဆုံး ထောက်ပံ့ပေးသော အမေရိကန်နိုင်ငံကပင် PDF အဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်လက်ခံလာခဲ့ပြီဖြစ် သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက “၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှု ဆိုင်ရာ အစီရင်ခံစာ (Country Reports on Terrorism 2022)” ကို ၃၀-၁၁-၂၀၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုဖြစ်စဉ်တွင် အဓိကတရားခံများမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့၊ ချင်းအကြမ်းဖက် အဖွဲ့ (CDF)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)တို့ ပါဝင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မြေပြင်အချက်အလက်များအရ မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှုရာနှင့်ချီ၍ဖြစ်ပွားခဲ့သော် လည်း အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှု ၃၉၁ မှုရှိကြောင်း၊ သေဆုံးသူစုစုပေါင်း ၂၀၃၀ ရှိကြောင်း ဖော်ပြထားပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှုဖြစ်စဉ်တွင် ၁၀ ရာခိုင် နှုန်းနှင့် သေဆုံးမှုတွင် ၅၀ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားသည်။

PDF အကြမ်းဖက်သမားများ၏ ဆိုးရွားသော အဖျက်လုပ်ရပ်များတွင် အပြစ်မဲ့အရပ်သားများ၊ လက်နက်မဲ့ကျေးရွာ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များကို သတ်ဖြတ်ခြင်းများ ပါဝင်သည်။

ပညာရေးသည် အဓိကအခန်းကဏ္ဍဖြစ်

အကြမ်းဖက်လုပ်ရပ်မှာ လူအများအတွင်း၊ နိုင်ငံအတွင်းနှင့် နိုင်ငံတကာကပါ လက်မခံသော လုပ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်း အကြမ်းဖက်မှုများ မရှိမှသာလျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်ကြောင့် အဓိကခံရသူမြေစာပင် များမှာ လူငယ်လူရွယ်များပင်ဖြစ်သည်။ လူငယ်များ အသိအမြင်မလွဲမှားစေရန် ပညာရေးသည် အဓိကအခန်းကဏ္ဍဖြစ်ရာ ပညာသင်ကြားရေးတွင် အဟန့်အတားဖြစ်သည်မှာ နိုင်ငံရေးမတည်ငြိမ်မှုပင်ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်ရန် အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်အဖွဲ့အား တားဆီးရန်ပင် ဖြစ်သည်။ ထိုသို့တားဆီးနှိမ်နင်းရာတွင် နိုင်ငံတကာအဖွဲ့များနှင့် အိမ်နီးချင်းနိုင်ငံများကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်နှင့်အညီ ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် မည်သည့်သဘောထားမူဝါဒဖြင့် ဆက်ဆံစေကာမူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရပ်တည်လျက်ရှိသည်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဖက်တွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန် အကြမ်းဖက်မှုများကို ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ဆောင်ရွက်ရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အာဆီယံ ကွန်ဗင်းရှင်းတို့နှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအရ မျှတသော ရွေးကောက်ပွဲဖြစ်စေရေး နှင့် နိုင်ငံ‌တော်နှင့် ပြည်သူ့ကောင်းကျိုးကို အမှန်တကယ်လိုလားသော ပြည်သူ့ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်သူအားလုံးပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ထိုသို့ကြိုးပမ်းချက်များကို အလေးထားဂရုပြုလျက် နိုင်ငံတော်အပေါ် အပြုသဘောဆောင်သော ရပ်တည်ချက်ဖြင့် ကမ္ဘာတစ်ဝန်း အေးချမ်းသာယာဖွံ့ဖြိုးနိုင်ရန် ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း။ ။