Skip to main content

ဘဝဂ်သို့ညံ မိုးသို့ယံ ပြည်သူတို့ရဲ့အသံ

တိုင်းရင်းသားပြည်သူတစ်ဦး

ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။

 မိသားစုအချင်းချင်းအငြင်းပွား၊ ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။ မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊ ဖားနဲ့ငါး ခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊ တားဆီးသူကို ကျော်ဖြတ်ရမယ်၊ ပိတ်နေသူကို ဖောက်ထွက်၊ ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။

ငါနှင့်မတူ ငါ့ရန်သူဟု အစွန်းရောက်သူတွေရဲ့ အမျိုးဘာသာသာသနာကို စော်ကားတာတော့ လွန်လွန်းသွားပြီ။ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက် ပြာပုံဘဝရောက်ပြီး တိုင်းပြည်ပျက်သုဉ်းအောင်လုပ်နေတဲ့ အဖျက်သမားအားလုံးကို အပြီးတိုင် ချေမှုန်းရတော့မယ်။ မျိုးချစ်ပြည်သူတို့ရဲ့ အားမလို အားမရအသံတွေ ဘဝဂ်ညံနေပြီ။

တိုင်းပြည်ပြိုကွဲမှာ၊ ဘာသာသာသနာ ညှိုးနွမ်းအောင် လုပ်နေတာကို စိတ်ပူကြ၊ စိုးရိမ်နေကြပြီ။ ခေါင်းဆောင်အားလုံးနဲ့ တပ်မတော်ကို ယုံကြည်ဆဲ၊ အားကိုးဆဲမှာ အမြင့်ဆုံးထိဆွဲတင်ရမှာက ညီညွတ်မှုနဲ့အတူ စစ်သွေးစစ်မာန်နဲ့ ဇာတိသွေး ဇာတိမာန်။ ဒီအချိန်မှာ ဟင်္သာကိုးသောင်းဇာတ်ခင်းနေတဲ့ မျိုးဖျက်မိစ္ဆာအားလုံးကို အပြီးတိုင် ချေမှုန်းသုတ်သင်ပြီး မြန်မာ့မြေပေါ်မှ အပြီးပျောက်ကွယ်သွားစေရမယ်ဆိုတဲ့ ကတိကဝတ်ကလွဲလို့ အခြားမလိုချင်ကြတော့။

ကျေးဇူးတရားမသိသူတွေ

ဒီအဖျက်သမားတွေဟာ ကျေးဇူးတရားမသိသူတွေပါ။ ရန်သူမျိုးငါးပါး ကြုံစဉ်အခါတိုင်း တပ်မတော်ဟာ ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့လက်တွဲပြီး ကူညီခဲ့ကြတယ်၊ မိုခါအပါအဝင် ရေဘေး၊ လေဘေး အန္တရာယ်တိုင်းမှာ ပါဝင်ကူညီခဲ့ကြတာချည်း။ ပြန်လည်ထူထောင်ရေးအတွက် ကူညီခဲ့တဲ့ ငွေကြေးဓနဥစ္စာကယ်ဆယ်ရေးပစ္စည်း၊ အစွန်အဖျားမကျန် ဘယ်လောက်ဝေးဝေးဆေးကုဖို့ ရောက်ခဲ့ကြတယ်၊ ဘယ်လောက်ဝေးဝေး တိုင်းတစ်ပါး အာဆာကျူးကျော်မှုမှာလည်း အသက်ပေးတိုက်ခဲ့ကြရတယ်။ တကယ်ကို မိုက်ရိုင်းစုတ်ပြတ်လွန်းတဲ့၊ ကျေးဇူးမသိ ကျေးဇူးဖောက်ဖျက်သူတွေပါ။ ဒီလိုလူတွေကို လူ့ယဉ်ကျေး စားပွဲဝိုင်းဆီဖိတ်ခေါ်၊ ငြိမ်းချမ်းရေးအတွက် အချိန်ပေးနေတာကိုက အခုအချိန်မှာ လွန်သွားပါပြီ။

တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းတွေက တိုင်းရင်းသားတွေအတွက် အရိပ်ပေး၊ သူတို့က မျောက်တွေလို အနှောင့်အယှက်ပေးနေကြတယ်။ စိုက်ကြမွေးကြ၊ လမ်းဖောက် တံတားဆောက်၊ ပျက်သွားတဲ့ အရာမှန်သမျှ ပြင်ပေးခဲ့ကြတယ်၊ တိုင်းရင်းသားအားလုံးအတွက် အချိန်ပြည့်ပေးဆပ်နေချိန်မှာ ဒီလူတစ်စု၊ တစ်ဖွဲ့က ဘိန်းစိုက်၊ မူးယစ်ဆေးထုတ် လောင်းကစား နဲ့ စီးပွားဖြစ်၊ တရားမဝင်ပစ္စည်းမှန်သမျှ သယ်ဖြန့်၊ ဘာဒီမိုကရေစီ ဘာဖက်ဒရယ်မှလည်းမဟုတ်၊ စစ်ဘုရင်ဆန်ဆန် ဘိန်းစားသာသာ နယ်မြေလု၊ ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်ကြဖြတ်ကြ၊ ပြန်ပေးဆွဲငွေညှစ်၊ နိုင်ငံ့ဝန်ထမ်းတွေ အဖမ်းခံရ၊ ပညာသင်ဥယျာဉ်မှူး ဆရာ ဆရာမတွေ အသတ်ခံရ၊ တိုက်ပွဲဖြစ်ပြီး လူမရှိတော့တဲ့အိမ်တွေ၊ အဆောက်အအုံတွေက သူခိုးကြမ်းပိုးလို သူများဥစ္စာပစ္စည်း အကုန်သိမ်း ခိုးကြဝှက်ကြ၊ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ဗုဒ္ဓဘာသာကိုစော်ကား၊ မြန်မာငွေမကိုင်ရ၊ နိုင်ငံတော်အလံ ခြေနင်းရိုက်ချိုး၊ မြန်မာအလံမထောင်ရ၊ မြန်မာစာမသင်ရ စတဲ့ မုန်းတီးရေးဝါဒဖြန့်တဲ့ဘိန်းစားအဆင့်တွေပါ။

 သာသနိကဘုရားစေတီ၊ ဘုန်းကြီးကျောင်း မီးရှို့ဗုံးခွဲဖျက်ဆီး၊ ဘုန်းကြီးသံဃာတွေသတ်၊ ငါနဲ့မတူသူ ငါ့ရန်သူအကုန်သတ် လူသတ်ဝါဒီ၊ ဖက်ဆစ်စစ်သွေးကြွ အကြမ်းဖက်လုံးလုံးပါပဲ။ ဒါတွေအားလုံး ကမ္ဘာပေါ်က လက်နက်ကိုင်သူပုန်အားလုံးထက် ဆိုးရွားလွန်းတဲ့ ပြည်တွင်းက လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ပါ။ ပညာမဲ့မျက်ကန်းတစ္ဆေဆိုတာ ဒီလိုလူတွေပါပဲ။ တိရစ္ဆာန်သာသာ ဒီလိုလူတွေဟာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ရှိသင့်ပါသလား၊ သန့်စင်တဲ့ ကမ္ဘာမြေအပေါ်မှာရော ရပ်တည်ခွင့်ပေးသင့်ပါသလား၊ ချေမှုန်းရပါမယ်၊ သုတ်သင်ရပါမယ်။

အမှိုက်မှန်သမျှ ဖယ်ထုတ်ပစ်ရမယ့်သဘော

တိုက်ပွဲနယ်မြေက ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေဟာ အင်မတန်ဒုက္ခရောက်ရပါတယ်။ ချမ်းအေးတဲ့ရာသီမှာ အိုးပစ်အိမ်ပစ်၊ စစ်ရှောင်ဘဝရောက်ကြရ၊ အာဟာရချို့တဲ့ကြရတယ်၊ ရောဂါဘယတွေ ထူပြောရတယ်။ စီးပွားပျက်ရတယ်၊ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေပြတ်တောက်၊ ကူရာမဲ့ကယ်ရာမဲ့၊ လျှပ်စစ်မီးပြတ်တော့ ဘာမှလုပ်မရတော့၊ အရေပြားတစ်ထောက် မျက်စိတစ်ဆုံး စူးနေတဲ့ဆူး၊ ဝင်နေတဲ့ အမှိုက်မှန်သမျှ ဖယ်ထုတ်ပစ်ရမယ့် သဘောပါပဲ။

ဆူးမထုတ်ရင် ပြည်တည်နာဖြစ်မယ်၊ အမှိုက်ကို ဒီအတိုင်းထားရင် နံမယ်၊ ဟောင်မယ် ပုပ်ပွမယ်၊ ကိုယ့်အတွက်ပဲမဟုတ်၊ ပတ်ဝန်းကျင်အတွက်ပါ ကြည့်ရမယ်၊ ဘာသိဘာသာ နေရမယ့်အချိန်မဟုတ်၊ ကိုယ့်မိသားစု၊ ကိုယ့်အမျိုး၊ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံအတွက် ပေးဆပ်ကြရမယ့်အချိန်၊ တစ်ထောင့်တစ်နေရာက အားလုံးလက်တွဲပါဝင်ရမယ့် အချိန်ပါ။ နိုင်ငံရဲ့တန်ဖိုး၊ ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့တန်ဖိုးကို ပြန်လည်မြှင့်တင်ရမယ့်အချိန်အားလုံး မှာတာဝန်ရှိနေတယ်လို့ ခံယူခြင်းကသာ ဖြစ်သင့် ဖြစ်ထိုက် အဖြစ်သင့်ဆုံး ခံယူချက်ဖြစ်ပါတယ်။

ပြည်တွင်းအားညီရင် ဘယ်ပြည်ပဖိအားမှ မှုစရာမလို၊ ညီညွတ်မှုကို ရန်သူတိုင်းက ကြောက်ပါတယ်၊ မညီညွတ်လို့ ယခုအခြေအနေရောက်နေတာ၊ နိုင်ငံအရေးဟာ တပ်မတော်အရေးဖြစ်တဲ့အတွက် ပြည်သူအနေနဲ့တော့ တပ်မတော်ဘက်က တစ်သွေးတည်း တစ်သားတည်းရပ်တည်ပြီးဖြစ်တယ်၊ ဘိုးဘွား အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ကြတဲ့ ဒီမြေ၊ ဒီရေ၊ ဒီလေ နယ်နိမိတ်ကို ဘယ်နည်းနဲ့မှ ပြိုကွဲမခံနိုင်ဘူးဆိုတာ မျိုးချစ်စိတ်ကြောင့်ပါ။ မြန်မာ့တပ်မတော်ရဲ့ အစဉ်အလာကို တပ်မတော်နဲ့ပြည်သူ လက်တွဲပြီး ထူထောင်ကြမယ်။ နိုင်ငံရဲ့အင်အားဟာ တပ်မတော်၊ တပ်မတော်ရဲ့အင်အားဟာ ပြည်သူပဲဖြစ်တယ်၊ အားလုံးပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက် ယခုလို ဘေးအန္တရာယ်ကျရောက်ချိန်မှာ အင်အားတွေကို စုစည်းနိုးထကြရမယ်။

အနိုင်အရှုံးကို တံဆိပ်ကပ်မယ့်သူက သူရဲကောင်းတွေသာဖြစ်

အသစ်နဲ့အဟောင်း၊ အထက်နဲ့အောက်၊ အတွင်းနဲ့အပြင် အားဖြစ်စေမယ့်အရာမှန်သမျှ ရဲဘော်ရဲဘက်စိတ်နဲ့ ပြန်လည်စုစည်းသင့်ကြတယ်၊ ပြင်ပမိတ်ဆွေစစ်တွေရဲ့အားကို ယူရမယ်။ ဝေဖန်၊ စောင်းချိတ်၊ အပြစ်တင်၊ ထိုးချနေလို့မပြီး၊ အားမာန်ပါတဲ့ ရဲရဲတောက် မိန့်ခွန်းများအောက်မှာ စစ်ပြင်၊ စစ်ထွက်၊ စစ်တိုက်ကြရမယ်။ ရန်သူက ရန်သူအလုပ် ပီပီပြင်ပြင်လုပ်နေတဲ့အခြေအနေမှာ မိမိတို့တပ်မတော်ကလည်း စစ်သားက စစ်သားအလုပ် အကောင်းဆုံးလုပ်ဖို့သာ။ သားကောင်းရတနာတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်သမိုင်း ဘယ်တော့မှမရိုင်းဘူးဆိုတာ ပြရမှာပါ။ နောက်ဆုံးမှာ အနိုင်အရှုံးကို တံဆိပ်ကပ်မယ့်သူက သူရဲကောင်းတွေသာ ဖြစ်ပါလိမ့်မယ်။

လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို စုံလုံးမကန်းတဲ့ပြည်သူက တပ်မတော်ကြီးကိုသာ အနိုင်ရစေချင်တယ်၊ ပြည်သူတွေက တပ်မတော်ကိုသာ အင်မတန်အားကိုးကြပါတယ်။ ရှမ်းမြောက်ဒေသက ရွာတွေ၊ မြို့တွေက တိုင်းရင်းသားတွေဟာ မြန်မာ့တပ်မတော်ကို မျှော်ကြတယ်၊ တကယ့်စစ်သားကောင်းကို ကယ်တင်ရှင်သဖွယ် သဘောထားကြတယ်၊ မြန်မာ့မြေမှာ မြန်မာအလံစိုက်တာပဲ မြင်ချင်ကြတယ်၊ တပ်မတော်ကိုချစ်လို့ ယုံကြည်လို့ သူတို့သိသမျှ သတင်းပေးကြတယ်။

 ဘယ်သူကအဖျက်၊ ဘယ်သူကအပြုလဲ စစ်ဖြစ်ရာ ဒေသခံပြည်သူက အသိဆုံး၊ စစ်ရဲ့ဆိုးကျိုးဒုက္ခကို အသိဆုံးဖြစ်တဲ့ တိုင်းရင်းသားတွေဟာ ရန်သူမိတ်ဆွေ ခွဲခြားသိပြီးသားပါ။ မိမိတို့သားသမီးတွေ လူသစ်စုဆောင်းခံရပြီး လက်နက်ကိုင်အဖွဲ့ထဲ အတင်းအဓမ္မဆွဲသွင်းခံရတဲ့ အဓမ္မမှုတွေကို တိုင်းရင်းသားတွေ စက်ဆုပ်ရွံရှာနေကြပါပြီ၊ သူပုန်ဆီ ဆက်ကြေးပေးရတဲ့အပြင် ကိုယ့်သားသမီးတွေ ပညာမသင်ရ၊ ဘိန်းစားဘဝရောက်ရတဲ့အဖြစ်ကိုလည်း အော့နှလုံးနာနေကြပြီဖြစ်တဲ့ ပြည်သူတွေ ဒီအချိန်မှာ ဘာလုပ်မလဲ။

 မိမိကိုယ်မိမိလည်း ကယ်တင်ရှင်အဖြစ် သဘောထားရမယ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့က မိမိနဲ့မိမိမိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသ ကိုယ်ကိုယ်တိုင်ကာကွယ်ကြဖို့ပါပဲ။ ဒီနေရာမှာ ပြည်သူ့စစ်မဟုတ်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ကောင်းကောင်းသဘောပေါက်ပြီး ကိုယ့်ရပ်ရွာဒေသနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အနည်းဆုံးတော့ လက်နက်ငယ်တော့ ပစ်တတ်အောင်သင်၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြဖို့လိုတယ်လို့ နားလည်ထားပါတယ်။ ဒါမှသာ တိုင်းတပါးလူမျိုးခြားက ကျူးကျော်လာရင် ကိုယ့်ဒေသကိုယ် ကာကွယ်စောင့်ရှောက်ရင်း အမိမြေနဲ့အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သွားနိုင်မှာဖြစ်တယ်လို့ ခံယူထားပါတယ်။ ဒီလိုနည်းနဲ့ ပြည်သူ့လုံခြုံရေးစနစ်မှာ နိုင်ငံချစ်တဲ့ပြည်သူတွေ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။

ဘယ်အဖျက်သမားမဆို အဆုံးသတ်မကောင်း

မြန်မာပြည်ကို နှောင့်ယှက်ဖျက်ဆီးတဲ့ ဘယ်အဖျက်သမားမဆို အဆုံးသတ်မကောင်းပါဘူး၊ သမိုင်းသက်သေ ထင်ရှားရှိပါတယ်။ သူတို့အတွက်ဆိုတာ အချိန်ကာလ အကန့်အသတ်နဲ့ဖြစ်သလို ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာ့မြေမှာ မကောင်းတဲ့ရန်သူမိစ္ဆာတွေအတွက် သူတော်ကောင်းအစောင့်အရှောက်ကို ရနိုင်ဖွယ်မရှိပါဘူး။ တပ်မတော်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် စစ်ကိုနိုင်အောင်တိုက်မယ်၊ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ရအောင်ပြန်ယူမယ်၊ ပေးဆပ်မှုပြီးရင် ရယူမှုအလှည့်ဟာ တပ်မတော်အတွက်ပဲဖြစ်မယ်။ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက မာန်တက်နေတဲ့ရန်သူ၊ မြန်မာတပ်မတော်နဲ့ မြန်မာလူမျိုးကို စော်ကားတဲ့ရန်သူကို ခေါင်းမထောင်နိုင်အောင် ချိုးနှိမ်ပေးဖို့၊ နာလန်မထူအောင် လုပ်ပေးဖို့ပါပဲ။

မြန်မာ့တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို လက်တွေ့ဖော်ထုတ်ပြရပါမယ်။ မှန်ကန်သောစစ်၊ တရားသောစစ်အတွက် စိတ်ဓာတ်ကောင်းတဲ့ စစ်သားဟောင်းတွေ အသင့်၊ မျိုးချစ်လူငယ်တွေအသင့်ပါ၊ နိုင်ငံချစ်တဲ့ ပါတီတွေ၊ သာသနာကိုကာကွယ်မယ့် ဘုရားသားတော် သံဃာတွေ အားလုံးအသင့်ပါ။ တိုက်ပွဲပြီးမှအနားရမယ်၊ စစ်ပွဲတွေပြီးမှ ငြိမ်းချမ်းမယ်၊ ဖွံ့ဖြိုးဖို့က အဖျက်အမှောင့်မရှိမှသာ၊ မြန်မြန်အေးချမ်းဖို့က စစ်ပွဲတွေပြီးမှသာ ဖြစ်နိုင်မယ်၊ ဒါကြောင့် အထူးသဖြင့်တိုင်းရင်းသားများ သူတို့က မြန်မြန်ငြိမ်းချမ်းချင်နေကြပါပြီ၊ ရန်သူကိုအမြစ်ဖြတ်ဖို့ မီးကုန်ယမ်းကုန်တိုက်ပေးဖို့နဲ့ အမြစ်ဖြတ်မယ်ဆိုရင် အရင်းအမြစ်အားလုံး ပုံအောသုံးပေးဖို့၊ ပြည်တွင်းစစ်ကြီးပြီးဆုံးဖို့အတွက် တပ်မတော်ဆီက ပြည်သူတွေတောင်းချင်တဲ့ နှစ်သစ် လက်ဆောင်က ဒီတစ်ခုပါပဲ။

ထို့အပြင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံမှုစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် သဘောကွဲလွဲမှုများ၊ အားနည်းမှုများကို သိရှိနားလည်ထားရန် လိုအပ်ပြီး ပါတီမူဝါဒလုပ်ငန်းစဉ်များကို တိကျခိုင်မာစွာ ချမှတ်ထားရန်လိုကြောင်း၊ ထို့နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏ ပညာရေးမြင့်မားရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ယနေ့ဖြစ်ပွားနေသော လက်နက်ကိုင် သောင်းကျန်းမှုများနှင့် PDF များ၏ အကြမ်းဖက် ဆောင်ရွက်မှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ်များကို များစွာထိခိုက်ခဲ့သည့်အပြင် စားဝတ်နေရေးအတွက် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အလုပ်အကိုင်ဆောင်ရွက်မှုများကို ထိခိုက်ခဲ့ရပါသည်။ လူသတ်၊ ဆက်ကြေးတောင်း၊ ဂိတ်ကြေးကောက်၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ကြသည့်အပြင် အပြစ်မဲ့ဝန်ထမ်းမိသားစုများနှင့် ကျောင်းဆရာ ဆရာမများကိုပါ သတ်ဖြတ်ခြိမ်းခြောက်ဆောင်ရွက်ခဲ့မှုများသည် အနာဂတ် မြန်မာနိုင်ငံတော်အတွက် မည်သို့မျှလက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်ပါသည်။ မလုံမခြုံဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့် စားဝတ်နေရေး အတိဒုက္ခ ရောက်ခဲ့ကြရပါသည်။ စစ်ပွဲဖြစ်ပွားသောဒေသများရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှာ စစ်ဘေးရှောင်ရင်း စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရပါသည်။ EAO အဖွဲ့တချို့၏ ဆောင်ရွက်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်နိုင်သည့်အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သဖြင့် နိုင်ငံတော်အတွက် အရေးကြီးဆုံးအချိန်အခါလည်း ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားများကို စည်းရုံးပြီး ပါတီဝင်အမာခံများဖြင့် ပြည်သူ့လုံခြုံရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ စားဝတ်နေရေးအတွက် ဦးစီးရှေ့ဆောင်ပြုကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတွင် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်သင့်ပါသည်။ ပြည်သူလူထုအခက်အခဲ တွေ့နေချိန်တွင် ပြည်သူလူထုနှင့်အတူ အေးအတူပူအမျှ ထဲထဲဝင်ဝင် စည်းရုံးဆောင်ရွက်ကြခြင်းဖြင့် မိမိပါတီ၏ အမာခံအင်အားများ တိုးပွားလာမည်ဖြစ်သလို ပြည်သူ၏ ထောက်ခံယုံကြည်မှုလည်း ရရှိလာမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် အသွင်သဏ္ဌာန် ကောင်းမွန်ရန်အတွက် ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းပုံပါတီဝင်အင်အား၊ ပါတီရုံးခန်းအဆောက်အဦ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ်ဆောင်ရွက်နိုင်သော်လည်း ပါတီ၏ မူဝါဒရည်မှန်းချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်မှသာ အနှစ်သာရရှိပြီး ပြည်သူလူထုအားကိုးထောက်ခံယုံကြည်မှုဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပေသည်။ ယနေ့ခံယူကြရမည့် အမျိုးသားရေးရည်မှန်းချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပင်ဖြစ်သည့်အတွက် ပါတီဝင်များ၏ စည်းရုံးမှုမှ နိုင်ငံသားအားလုံး အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီအားလုံးက ဝိုင်းဝန်းပါဝင်ဖော်ဆောင်ပေးကြ စေလိုပါကြောင်း တို့ဗမာအစည်းအရုံးကြီးကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများကို ကြိုဆိုလိုက်ရပါသည်။ ။

ရည်ညွှန်းချက်များ

၁။သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်း မှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ်စိန်တင်။

၂။ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ များအပေါ် လေ့လာခြင်း (ပထမတွဲ၊ ဒုတိယတွဲ)။

၃။Ref; APORNRATH PHOONPHONGPHIPHAT, Nikkei staff writer August 23, 2023 Thailand’s new PM Srettha to lead next government; 5 things to know.

၄။နှစ်တစ်ရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီစနစ်အခြေခံ မြန်မာ့နိုင်ငံရေး(ဆောင်းပါး)။

၅။ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ(ဦးမြသောင်း)။