စစ်ဘောင်ချဲ့ပြီး နိုင်ငံရေးဘောင်ကျဉ်းအောင် လုပ်နေသူတွေကြောင့်
စွမ်းပြည့်
မြန်မာနိုင်ငံက EAO လက်နက်ကိုင်တွေ ဘာဖြစ်ချင်ကြသလဲ၊ ပြည်တွင်းက ပြည်ဖျက်အစွန်းရောက်တွေကော ဘာဖြစ်ချင်တာလဲ၊ ပြည်ပက နည်းမျိုးစုံနဲ့ ခြယ်လှယ်နေသူတွေကော မြန်မာနိုင်ငံကြီးကို ဘာဖြစ်စေချင်နေတာလဲ။
မေးသာမေးရတယ်။ အဖြေကရှိပြီးသား။ မြန်မာပြည်ကြီးပျက်စီးဖို့၊ မြန်မာလူမျိုးတွေ သေကျေထိခိုက်ဖို့၊ မြန်မာဆိုတဲ့အမှတ်အသားကို ဖျောက်ပစ်ဖို့၊ လူတွေကို လမ်းပေါ်ဆွဲခေါ်၊ ဆူပူအုံကြွအောင်လုပ်မယ်။ မြေပေါ်မြေအောက်ကနေ မြေပေါ်က ကောလာဟလပေါင်းစုံလွှင့်၊ တပ်မတော်ကို ပုံရိပ်ကျေအာင်လုပ်၊ ဖြိုခွဲမယ့်အကြံ၊ မြေအောက်က နိုင်ငံကို ဖျက်ဆီးမယ့်အကြံ၊ အချိန်ကိုက်ဗုံးခွဲဖို့ အတွင်းအပြင်ညှပ်ပြီး တိုက်ခိုက်ထိုးနှက်ကြမယ့် အကြံအစည်၊ အကြောင်းအမျိုးမျိုးပြ၊ ခေါင်းစဉ် စုံအောင်တပ်ဂဏန်းအမျိုးမျိုးပြ နောက်ဆုံးမှာ နိုင်ငံကောလူမျိုးပါ အလုံးစုံပျက်သုဉ်းဖို့၊ ဒါပါပဲ၊ အခြားမရှိပါဘူး။
အတ္တနှင့်ပရ တည်ဆောက်သူနှင့် ဖျက်ဆီးသူ ဘယ်သူ သိသူကသိသည်
သူတို့အတွက်ကော ဘာအကျိုးရှိမလဲ။ များစွာ အကျိုးရှိပါတယ်။ မြို့တွေသိမ်း၊ နယ်တွေသိမ်းပြီး မြို့ကိုပျက်အောင်လုပ်၊ အုပ်ချုပ်ရေးယန္တရားပျက်သွားအောင် လုပ်လာတာတွေ့ရမယ်။ လက်နက်ကိုင်နဲ့ သူတို့မိသားစုတွေအဖို့သာ ကောင်းစားရေး၊ မြေပေါ်မြေအောက် သယံဇာတတွေကို ရသမျှဝါးမြိုပြီး ကောက်စားဖို့ သူတို့အတ္တအတွက်သာ။ TNLA က ပလောင်လူမျိုးတွေအတွက်မဟုတ်ပါ၊ AA ကလည်း ရခိုင်လူမျိုးတွေအတွက် မဟုတ်... စသည် စသည်။
EAO အားလုံးဟာ သူတို့တိုင်းရင်းသားတွေအတွက် ဘယ်တုန်းကမှ ထိထိရောက်ရောက် မရှိ ခဲ့ပါဘူး။ မိမိမိသားစု၊ မိမိလူမျိုးတစ်စုကောင်းစားရေး ရသမျှအမြတ်ထုတ်နေကြခြင်းသာဖြစ်တယ်။ လက်နက်ကိုင်စီးပွားရှာတဲ့အရသာ၊ နယ်မြေသိမ်းတဲ့အရသာ သူတို့သိသွားကြပြီလေ။ တိုက်ပွဲဖော်ခံခဲ့ရတဲ့ ဒေသတွေမှာ EAO တွေဟာ နယ်မြေခံလူထုကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ကြပါတယ်။
သူတို့ဝင်လာမှ အခွန်အတုပ်တိုးကောက်ခံရတယ်၊ ဆက်ကြေးကောက်ပြန်ပေးဆွဲတဲ့ဒဏ် အလူးအလဲခံကြရတယ်၊ ပညာသင်ကြားခွင့် မကြားစဖူးကန့်သတ်ခံရတယ်၊ မူးယစ်ဆေးစွဲ၊ လက်နက်ကိုင်စီးပွားရှာတဲ့အရသာ လူငယ်တွေကြား အစွဲကြီးစွဲသွားခဲ့ပြီ။ ပို့ကုန်၊ သွင်းကုန်ကဏ္ဍပျက်စီးပြီး နိုင်ငံစီးပွားရေးနှောင့်နှေးကာ ပြည်သူတွေမှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဒဏ်ခံကြရတယ်။ ဘာသာသာသနာဟာ သွေးခွဲခံရဖျက်ဆီးခံရတယ်။
နယ်မြေဒေသတွေကို အတင်းအဓမ္မသိမ်းပိုက်တိုးချဲ့ကြ၊ မူလတိုင်းရင်းသားဒေသခံတွေ မောင်းထုတ်ခံရ၊ စစ်ဘေးရှောင်ဖြစ်အောင် အတင်းအဓမ္မမောင်းထုတ်ကြတယ်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း လူမျိုးရေးခွဲခြားပြီး တိုင်းရင်းသားတွေရဲ့ မူလယဉ်ကျေးမှုစရိုက်လက္ခဏာတွေ ပပျောက်အောင် လုပ်လာကြတယ်။ တစ်နိုင်ငံလုံး စိတ်ဓာတ်တွေ ပျက်စီးပြီး အမျိုးသားစရိုက်လက္ခဏာတွေ ပျောက်ကွယ်သွားအောင် ပြည်ပလိုလားချက်အတိုင်း ဆောင်ရွက်လာကြခြင်းသာဖြစ်တယ်။
သူတို့လက်နက်ဟာ သူတို့လူမျိုး၊ သူတို့ဒေသအတွက်သာ အမှန်ဆိုရင် သူတို့လူမျိုးတွေကို တိုက်ပွဲတွင်းမှာ လူသားတံတိုင်းအဖြစ် ဘာကြောင့် ရက်ရက်စက်စက်လုပ်ရက်ကြပါသလဲ။ နိုင်ငံတော်က ဆောင်ရွက်ပေးထားတဲ့ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံတွေကို ဘာကြောင့်ဖျက်ဆီးနေကြသလဲ။ တပ်မတော်မရှိတဲ့ဒေသတွေမှာ သူတို့လူမျိုးတူအချင်းချင်း ဘာကြောင့် နယ်မြေလုနေကြသလဲ။ အကျိုးစီးပွားအတ္တကြောင့် မှိုလိုပေါက်နေတဲ့၊ အသိမဲ့လက်နက်ကိုင်တွေကြား ယခုလို သူတစ်လူငါတစ်မင်းဖြစ်နေကြတာ မဆန်းပါဘူး။
ဆိုလိုတာက တပ်မတော်စိုးမိုးတဲ့နယ်မြေတွေမှာ ဒီလိုအခြေအနေမျိုးတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။ ဒါကြောင့်လည်း ရိုးသားတဲ့ ဒေသခံတိုင်းရင်း သားတွေဟာ တစ်ခုပဲရှိတဲ့ အမြဲတမ်းတပ်မတော်ကိုသာ အားကိုးလိုကြခြင်းဖြစ်တယ်။ တပ်မတော်မရှိရင် မငြိမ်းချမ်းဆိုပြီး အရေးကြုံရင် အားကိုးစရာတပ်မတော်ကြီး အစဉ်တည်မြဲနေရန်သာ လိုလားကြတယ်။ ဖျက်သူကဖျက်လို့၊ အဖျက်ခံရပြီးရင် မရရတဲ့နည်းနဲ့ ပြန်တည်ဆောက်ပေးတာလည်း တပ်မတော်ပဲဆိုတာ တိုင်းရင်းသားတွေသိကြတယ်။ တပ်မတော်က နိုင်ငံကိုပျက်စီးအောင် ဘယ်တော့မှ မလုပ်၊ ပြည်သူတွေ ဘေးသင့်ဒုက္ခရောက်တိုင်း ကယ်ဆယ်ဖို့ အမြန်ရောက်လာတတ်တယ်ဆိုတာကို သူတို့သိကြတယ်။ အမုန်းတရားတွေ နေရာယူနေသရွေ့ အဖြေမရှိဘူးဆိုတဲ့အချက်ကို ပညာရှိသူတိုင်းက သိကြပါတယ်။
သမိုင်းပေးတာဝန်ကျေပွန်ရမည်ဖြစ်သော တပ်မတော်နှင့် ပြည်သူ
ဒီအချိန်မှာ ပြည်သူတွေ၊ တိုင်းရင်းသားတွေ အလိုချင်ဆုံးက တည်ငြိမ်ရေးနဲ့ အေးချမ်းရေးပါပဲ။ စစ်ဒဏ်ခံ တိုင်းရင်းသားပြည်သူတွေက အင်မတန်သနားစရာကောင်းလှပါတယ်၊၊ စစ်ကြောင့် မိမိတို့ အိုးအိမ်တွေအဖျက်ဆီးခံရ၊ အိမ်တွေဖောက်ထွင်းခံရ၊ အသတ်ခံရ၊ သေကျေဒဏ်ရာရ၊ ပြေးရလွှားရ၊ ရှောင်ရတိမ်းရ၊ စစ်ဘေးရှောင်ဒုက္ခသည်ဘဝနဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ဘဝတွေပါ။ ဒါကို မြန်မာ့တပ်မတော်က စတင်ခဲ့ခြင်းမဟုတ်၊ ငြိမ်းချမ်းရေးလိုလားတဲ့တပ်မတော်က ဘယ်တိုက်ပွဲမှ မစတင်ခဲ့ဖူးသလို ဘယ်လိုပြဿနာမျိုးမှလည်း စတင်ဖန်တီးသူ မဟုတ်ခဲ့ပါဘူး။
လက်နက်ကိုင်နည်းလမ်းနဲ့ တရားမဝင်ရယူထားတဲ့ ဘယ်နယ်မြေကိုမှ အချုပ်အခြာထိန်းတဲ့ တပ်မတော်က ပေးရိုးထုံးစံမရှိပါ။ အချိန်တန်ပြန်လည်ရယူပြီး သမိုင်းပေးတာဝန် ကျေပွန်ရမှာ သာဖြစ်တယ်။ လက်ရှိမှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံမပြိုကွဲရေး၊ အဆုံးစွန်သော ရည်မှန်းချက်များအတွက်၊ အဆုံးစွန်သော သည်းခံခြင်းတရား လက်ကိုင်ထားကာ အားလုံးကို သက်ညှာနေရခြင်းဖြစ်တယ်။ တပ်မတော်က စစ်ကိုစစ်နဲ့မတူမိအောင် ထိန်းသိမ်းထားပေမယ့် ပြည်ဖျက် EAO တွေက ဘယ်သူမှမညှာမတာ စစ်ကို စစ်နဲ့မတူ ဖျက်ဆီးပစ်ဖို့ တပ်မတော်နဲ့ပြည်သူကို စိန်ခေါ်နေဆဲဖြစ်ပါတယ်။
နာပြီးရင်း နာသထက်နာနေတဲ့ တိုင်းရင်းသား ပြည်သူတွေဘက်ကတော့ သည်းခံစိတ်ကုန်နေပါပြီ။ ပြည်သူစစ်စစ်၊ ဘယ်တိုင်းရင်းသားစစ်စစ်ကမှ ဘယ်သူပုန်မျိုးကိုမှ လက်မခံလိုပါ။ အချို့တိုင်းရင်းသားဒေသများက ပြည်သူတွေကိုယ်တိုင်လက်နက်ကိုင်ဆိုရင် မမြင်လို၊ မကြားလိုကြတော့ဘဲ တပ်မတော်ကိုသာ မျှော်လင့်အားထားလာပြီး အချို့နေရာတွေမှာ ရန်သူလှုပ်ရှားမှု ခိုအောင်းမှုများကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး သတင်းပေးလာကြပါပြီ။ ဒါဟာ တကယ့်လက်တွေ့မြေပြင်အခြေအနေများပဲဖြစ်ပါတယ်။ သောင်းကျန်းသူရှိတဲ့ နယ်မြေမှန်သမျှဟာလည်း ဘယ်တော့မှ ငြိမ်းချမ်းသည်မရှိပါ။ ဖက်ဒရယ်လမ်းကြောင်းမှန်အပေါ်မှာ မရှိတဲ့သူတွေ၊ NCA လမ်းကြောင်းနဲ့ မထိုက်တန်သူတွေအတွက် ငြိမ်းချမ်းရေးထာဝရ ကြိုးစားရွက်ဆောင်ဖို့အချိန်ဟာ နည်းသထက်နည်းလာပြီလည်းဖြစ်ပါတယ်။
သူတို့ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရန်ဆန္ဒလုံးဝရှိဟန်မတူ။ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုဖြစ်စေမယ့် ရွေးကောက်ပွဲကိုမလိုလား၊ ဒါကြောင့်လည်း တိုက်ပွဲတွေဖော်ဆောင်ပြီး အသိဉာဏ်နည်းစွာနဲ့ စစ်ရေးနည်းလမ်းကိုသာ ရွေးချယ်နေခြင်းဖြစ်တယ်။ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ သောင်းကျန်းသူတွေ စိုးမိုးလာလေလေ မြန်မာပြည်ကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းတော့မည်မဟုတ်ပါ။ ထို့ကြောင့် လက်နက်ရှိရင် သတ်ဖို့ ဖြတ်ဖို့ဝန်မလေး၊ သတ်နိုင်၊ ဖြတ်နိုင်မှ ကြောက်မယ်ထင်နေသော ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး လူမပီသတဲ့ လူမိုက်လူယုတ်မာတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ဖယ်ရှားရှင်းလင်းစေချင်ကြပါပြီ။
ဖျက်ဆီးနိုင်မှ အနိုင်ရမယ်ထင်နေသူတွေကို အမြန်ဆုံးချေမှုန်းသုတ်သင်နေချင်ကြပါပြီ။ ငြိမ်းချမ်းရေးအတွက် သမိုင်းတွင်မယ့် အဆုံးအဖြတ်တွေကို ပေးစေချင်နေကြပြီ။ ငြိမ်းချမ်းရေးအတွက် EAO တွေကို တပ်မတော်ဘက်က အမြဲယုံကြည်မှုပေးခဲ့တယ်၊ စိတ်ရှည်သည်းခံခဲ့တယ်၊ အမှန်က ယုံကြည်မှုနားလည်မှုတို့ဆိုတာ အပြန်အလှန်ရှိရစမြဲပါ။ ယခုအချိန်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ လုံခြုံရေးကဏ္ဍစုံ၊ ဘက်စုံတစ်ပြေးညီတိုးတက်အောင် ကြိုးစားတည်ဆောက်နေရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စနစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းအောင်ကိုပဲ ဦးစားပေးကြိုးစားလုပ်ဆောင်နေရပါတယ်။ မငြိမ်းချမ်းဘဲနဲ့ ဖွံ့ဖြိုးအောင်လုပ်လို့ မရဘူးဆိုတာလည်း အခြေအနေအရပ်ရပ်က ပြဆိုနေလို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် မိမိတို့တိုင်းရင်းသားပြည်သူများရဲ့နှလုံးသားမှာ မြန်မာ့သမိုင်းကို အဖျက်ဆီးမခံလိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းပြီးဖြစ်ပါတယ်။ သမိုင်းဆိုတာ ‘‘မြန်မာ’’ဆိုတဲ့အနှစ်သာရပင်၊ အစဉ်အလာ ယဉ်ကျေးမှုနှင့်တကွ မျိုးချစ်စိတ်ဓာတ်၊ ဘယ်တော့မှခွဲလို့မရ မကွဲမကွာဘဲ တပ်မတော်နဲ့ ပြည်သူဟာ တစ်သားတည်းရှိနေရပါမယ်၊၊ ကျွန်တော်တို့ရဲ့တပ်မတော်ကြီး ဘယ်နည်းနဲ့မှ ယိမ်းယိုင်သွားလို့မဖြစ်ပါ။ ခိုင်မာတဲ့ အင်စတီကျူးရှင်း ကင်းမဲ့တဲ့နိုင်ငံတိုင်းမှာ ပရမ်းပတာဖြစ်တတ်ပါတယ်၊ ဖြိုခွဲရလည်းလွယ်ကူပါတယ်၊၊
ဒီအချက်ကို စစ်အနိဋ္ဌာရုံကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ဒေသခံပြည်သူတိုင်းက ပိုသိ၊ ပိုမြင်ကြပါတယ်။ ဒါကြောင့် တပ်မတော်အနေဖြင့် စစ်ကို စစ်နဲ့တူအောင်တိုက်မှသာ အမြန်တည်ငြိမ်အေးချမ်းမယ်လို့ ယုံကြည်လာကြတာ မလွန်ပါဘူး။ စစ်ပွဲကြာလာတာနဲ့အမျှ နိုင်ငံလည်း ထိခိုက်လာတာကြောင့် တချို့နေရာတွေမှာ လူမျိုးအလိုက်၊ ဒေသအလိုက် မျိုးချစ်စိတ်ဓာတ်တွေ ပြန်လည်ခေါင်းထောင်လာကြတာလည်း တွေ့လာရတယ်။ ပြည်သူအများစုက မခံစားနိုင်ကြလွန်းလို့ ယခု မျိုးဆက်မှာပင် ရန်သူကို အမြစ်ပြတ်စေချင်ကြပါပြီ၊ ရန်သူကို ဦးကျိုးစေချင်နေကြပြီး သူတို့ရဲ့ တက်ကြွနေတဲ့မာန်တွေကို ရိုက်ချိုးစေချင်ပါပြီ။
ရန်သူ့အခွင့်အလမ်းကို ဖြတ်တောက်ပြီး တိုက်စစ်အဟုန်ကို ရပ်တန့်စေချင်ပါပြီ။ တစ်နိုင်ငံလုံး စိတ်ပိုင်း၊ ရုပ်ပိုင်းမပျက်စီးသွားရအောင် ကာကွယ်စောင့်ရှောက်ပေးစေလိုပါပြီ။ တပ်မတော်က ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်မဟုတ်ပါလား။
ပြည်သူသည်သာ အမိအဖဖြစ်တဲ့အတွက် တပ်မတော်ကို မျှော်လင့်တကြီးဖြစ်နေသူ မျိုးချစ်ပြည်သူများအနေနဲ့ အားကိုးရန် တပ်မတော်မှ တစ်ပါးအခြားမရှိပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ စစ်တိုက်ရန်မှတစ်ပါး အခြားမရှိသလို ရန်သူကို ရေလိုမီးလိုကျင့်ပြီး အမြစ်ပြတ်ချေမှုန်းရန်မှတစ်ပါး အခြားလည်းမရှိပါပြီ။ ။