Skip to main content

ခေတ်စနစ်နှင့်အညီ တိုးတက်ခဲ့ပြီ နှစ် (၁၂၀) တိုင်ဆီ

မောင်ရဲထက်နိုင်၊ DBA-1၊ သမဝါယမကောလိပ်(ဖောင်ကြီး)

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ဒ်ဒေးမြို့ Toad Lond ၌ ရက်ကန်းသမား ၂၈ ဦးတို့က ရော့ဒ်ဒေးသမဝါယမကုန်စုံဆိုင် ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည်ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပြီဖြစ်ပါသည်။

နှစ်ပေါင်း (၁၂၀) ပြည့်ခဲ့ပြီ

မြန်မာနိုင်ငံရှိ သမဝါယမလုပ်ငန်းများကိုလည်း ၁၉၀၄ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၀၅ ခုနှစ် နှစ်ဆန်းပိုင်းတို့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ဆိုလျှင် သမဝါယမကို မြန်မာနိုင်ငံတွင် ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း (၁၂၀) ပြည့်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သမဝါယမဦးစီးဌာန၊ ဝန်ကြီးဌာနဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၁၇-၆-၂၀၂၁ ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ပန်းတိုင်ဆီသို့ လျှောက်လှမ်းခဲ့ရာ သုံးနှစ်တာခရီး ရောက်ရှိခဲ့ပြီဖြစ်သည်။

သမဝါယမဦးစီးဌာနက ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို Action Plan (၉) ချက် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် ရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း (Organizing)၊ စည်းရုံးပညာပေးခြင်း (Educating)၊ တည့်မတ်ပြုပြင်ပေးခြင်း (Regulating) တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမအသင်းများ ဖောင်းပွမှုမရှိဘဲ ကျစ်လျစ်ခိုင်မာစေရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မေလအထိ အလုပ်မလုပ်သည့်စာရင်း ရှင်းလင်းဖျက်သိမ်းသင့်သည့် သမဝါယမအသင်း ၁၂၆၂ သင်းအား စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ပါ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လိုသူများအား စည်းရုံးပြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၁၆၁၇ သင်း၊ မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းသစ် ၇၉ သင်း၊ ကုန်ထုတ်လုပ်မှုသမဝါယမအသင်း ၄၃၀ ၊ ဝန်ဆောင်မှုသမဝါယမအသင်း ၄၆ သင်း၊ ကုန်သွယ်မှုသမဝါယမအသင်း ၁၀၇ သင်း၊ စုစုပေါင်းအသင်းသစ် ၅၈၃ သင်းအား ဖွဲ့စည်း၍ မှတ်ပုံတင်ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကဏ္ဍအလိုက်ထုတ်လုပ်မှုသမဝါယမအသင်း ၃၁၉၆၃ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၅၅၆ သင်းနှင့် ကုန်သွယ်မှုသမဝါယမအသင်း ၃၁၄၀ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပါသည်။

သီးနှံမျိုးစေ့များ ထုတ်လုပ်နိုင်ရန်ဆောင်ရွက်

စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၁၉၈၄၁ သင်းမှ အသင်းသား ၁၀၄၉၅၀၄ ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ် ၁၀၄၂ ဒသမ ၅၅ သန်း အပါအဝင်သမဝါယမအသင်းပိုင်ငွေကျပ် ၁၂၅၅၁၇ ဒသမ ၁၅၃ သန်းဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့်ဟင်းသီးဟင်းရွက် စိုက်ဧက သန်းပေါင်း ၂၆ ဒသမ ၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်လျက်ရှိပါသည်။ မျိုးစေ့ထုတ်သမဝါယမအသင်း ၂၀၅ သင်း၏ မျိုးစေ့ထုတ်ဧက ၁၂၄၉၅ မှ မျိုးစပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ နေကြာစသည့် သီးနှံမျိုးစေ့များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

သွင်းအားစုပံ့ပိုးမှုအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၆၂၃ သင်းမှ အသင်းသားများသည် တောင်သူ ၁၁၈၆၄ ဦးဆီသို့ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေကျပ် ၂၇၇ ဒသမ ၁၄၁ သန်း အပါအဝင်စုစုပေါင်းငွေကျပ် ၆၂၇၉ ဒသမ ၀၄၆သန်း တန်ဖိုးရှိသော မျိုးကောင်းမျိုးသန့်များနှင့် သဘာဝမြေဩဇာ ၆၃၃၉၃ အိတ်၊ ဓာတ်မြေဩဇာ ၆၀၈၂၂ အိတ်၊ ပိုးသတ်ဆေး ၁၁၀၈ ပုလင်းစသည့် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သမဝါယမအသင်း ၁၇၆ သင်းမှ အသင်းပိုင်လယ်မြေ ၁၄၂၄၀ ဒသမ ၅၂ ဧက၊ ယာမြေ ၇၇၂ ဒသမ ၃၇ ဧကရှိပြီး အဆိုပါ အသင်းပိုင် လယ်ယာမြေများတွင် သမဝါယမစနစ် ဖြင့် BOD အဖွဲ့က ဦးဆောင်၍ စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းဆောင်ရွက်ခြင်း၊ စုပေါင်းရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ သီးနှံရာသီအလိုက် ရောင်းချခြင်းများ ဆောင်ရွက်ပြီး အကျိုးအမြတ်ခွဲဝေ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း၄၉ သင်း၊ လုပ်ငန်းခွဲ ၁၁၃ သင်း၊ စုစုပေါင်း ၁၆၂ သင်းတို့မှ ထွန်ယက်ပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ထွန်စက်ကြီး ၅၈၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၁၁၄ စီးနှင့် အခြားစက်ကိရိယာ ၆၄ စီး စုစုပေါင်း ၇၆၆ စီးဖြင့် ထွန်ယက်ဧက ၁၃၉၆၃၁ ဧက၊ ရိတ်ခြွေဧက ၂၇၂၁၂ ဧကတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ရာသီအချိန် အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ပြည်ပပို့ကုန်တင်ပို့မှု

ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် သီရိစန္ဒာအထည် ချုပ်လုပ်ငန်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းများက ငွေကျပ် ၇၉၈၉ ဒသမ ၅၇၄ သန်း တန်ဖိုးရှိအထည်မျိုးစုံကို ဂျပန်နိုင်ငံသို့လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ ကျေးဇူးတော်နှင့် တင့်တယ်ခြင်း အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ငွေကျပ်သန်း ၁၁၉ ဒသမ ၄၁၀ တန်ဖိုးရှိ တံမြက်စည်းများကို တောင်ကိုရီးယားနိုင်ငံသို့လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းက ငွေကျပ် ၁၃၃၉ ဒသမ ၇၂သန်း တန်ဖိုးရှိ ကော်ဖီမျိုးစုံကို ဆွစ်ဇာလန်နိုင်ငံသို့လည်းကောင်း၊ မူဆယ်မြို့ရှိ စိန့်ဇေယျာအထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းက ငွေကျပ် ၂၀၉၈၀ ဒသမ ၄၂၆ သန်း တန်ဖိုးရှိ ငါးရှဉ့်များကို တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့ခဲ့ရာ ၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်အထိ စုစုပေါင်းငွေကျပ် ၃၀၄၂၈ ဒသမ ၆၈၂ သန်း၊ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၄၆သန်း ဖိုး တင်ပို့နိုင်ခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများအား လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်သိပြီး တောင်သူများဆီသို့ အတွေ့အကြုံများ မျှဝေနိုင်အောင် ရုံးပတ်ဝန်းကျင်တွင် ကြက်၊ ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာများ ဖော်ဆောင်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်များကို ဝန်ထမ်းများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် MCRD (Coop Mart) ဖွင့်လှစ်၍ ရောင်းချဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာပေါ်ရှိ အောင်မြင်ပြီး ထိပ်တန်းနေရာကို ရောက်ရှိနေသော သမဝါယမအသင်းမှာ အမေရိကန်နိုင်ငံရှိ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသော Dairy Farmers of America သမဝါယမအသင်းကြီးပင်ဖြစ်ပါသည်။ အသင်းဝင် အသင်းပေါင်း ၁၄၅၀၀ ရှိပြီး နှစ်စဉ်ဝင်ငွေ ပျမ်းမျှ ၂၄ ဒသမ ၅ ဘီလီယံ ဒေါ်လာရရှိကာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်အောင်မြင်လျက်ရှိပါသည်။ အာရှတိုက် ၏ အကြီးမားဆုံး သမဝါယမအဖွဲ့အစည်းမှာ IFFCO (Indian Farmers Fertilizer Co-operative အသင်း ကြီးဖြစ်ပြီး အသင်းဝင်နိုင်ငံ ၄၉ နိုင်ငံမှ အသင်းပေါင်း ၃၅၀၀၀ နှင့် အသင်းသားဦးရေသန်း ၅၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ထိုအသင်းကြီး၏ နှစ်စဉ်ဝင်ငွေမှာ ရူပီးငွေ ၃၂၃၄ ကုဋေခန့် ရရှိ လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်မှစ၍ မေမြို့ ပြင်ဦးလွင်၌ သမဝါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြောင်းလဲလာသော ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာမှစ၍ ယခုအခါ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးအဖြစ် ဆက်လက်လုပ်ကိုင် လျက်ရှိရာ ၁၈-၁၂-၂၀၂၄ တွင် နှစ်ပေါင်း (၁၂၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

မြန်မာ့သမဝါယမအသင်းအဖွဲ့အစည်းများအနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားများ၊ သမဝါယမ ကျောင်းသား ကျောင်းသူများက ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် နှစ်(၁၂၀) ပြည့် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့အား ဂုဏ်ပြုကြိုဆိုရင်း တင်ပြလိုက်ရပါသည်။ ။