Skip to main content

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆို လျှောက်ထားမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ (Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ရှေ့နေကောင်စီ၏ အသိအမှတ်ပြုရှေ့နေ ဦးသီဟန်မျိုးညွန့်(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ ဖူးသူ၊ ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ဦးကျော်တင်(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည် -

ဦးသီဟန်မျိုးညွန့် ။ ။ ဘာဖြစ်လို့လဲ ဆို တော့ အပြင်မှာ မြင်နေရတဲ့အမြင်က ဒီ FFM Report အပေါ်မှာ အခြေခံပြီး မြင်နေရတဲ့ အမြင်။ အရင်တုန်းကရှိခဲ့တဲ့ မြန်မာနိုင်ငံကို ဘယ်လို သုံးသပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာရှိ တဲ့အမြင်တွေနဲ့ အပြင်ကကြည့်ရင် သူတို့က မြန်မာနိုင်ငံအကြောင်း သေချာသိချင်မှ သိမယ်။ ဆိုတော့ အဲဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာသည် အမှန်တရားလဲဆိုတာကို ကျွန်တော်တို့က ICJ မှာ Evidence တင်သွင်းပြီး ပြောချင် တဲ့အတွက် ICJ တရားရုံးကို သွားရောက် ခြင်း ဖြစ်ပါတယ်။ အဲဒီလိုပြောပြီးတော့မှပဲ ကျွန်တော်တို့သည် Genocide လုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး၊ ဘာကြောင့် မြန်မာနိုင်ငံမှာ Genocide မရှိတာလဲ၊ သေသေချာချာ အောင်အောင်မြင်မြင် ကျွန်တော်တို့လုပ်နိုင် မှာ ဖြစ်ပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်ပြောချင်တာက ပြီးခဲ့တဲ့အခါ မှာလည်း ပြောခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့်ကိုယ်တိုင် ICJ ကို သွားသလဲ။ ကျွန်တော် အဲဒီတုန်းက ပြောခဲ့သလိုပဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သွားတယ်ဆိုတာမှာ သူ့မှာအန္တရာယ် ရှိတယ်။ အန္တရာယ်ရှိတယ်ဆိုတာမှာ ICJ ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့နဲ့ ICC ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့က အတူတူပဲ။ ပြီးတော့ ICC အနေနဲ့ကလည်း လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဝရမ်းထုတ်နိုင်ပါတယ်။ ဝရမ်းထုတ်ခဲ့တယ်ဆိုရင်လည်း ကြိုတင် သိစရာ မလိုပါဘူး။ သူတို့ အခေါ်အဝေါ် Sealed Warrant လို့ခေါ်တယ်။ အဲဒီ ဝရမ်းထုတ်ထားပြီး လျှို့ဝှက်ထားလိုက် တယ်။ အဲဒီပုဂ္ဂိုလ် နိုင်ငံတစ်နိုင်ငံကို သွားရင် အဲဒီတစ်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်တယ် ဆိုရင် အဲဒီနိုင်ငံကို ဖမ်းပါဆိုပြီး ပြောလို့ ရတယ်။

အဲဒါကြောင့်မို့လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရမယ့်ခရီးစဉ်ကို ပြည်ပနိုင်ငံ တချို့က မသွားပါနဲ့၊ အန္တရာယ် ရှိပါတယ်လို့ အဲဒီလိုလာပြီး မေတ္တာရပ်ခံတာ ရှိပါတယ်။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်က သူသွားပြီး အခြေ အနေကို ရှင်းပြနိုင်ရင် ကျွန်တော်တို့မှာ ဆယ်စုနှစ်နဲ့ ရှိခဲ့တဲ့ ပုံရိပ်ဆိုးကြီးက ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အထင်မှား၊ အမြင်မှား လက်ခံထားတဲ့အချက်တွေရှိ တယ်။ Narrative လို့ ခေါ်ပါတယ်။ အဲဒီ Narrative က ဆယ်စုနှစ်နဲ့ချီပြီးရှိနေပြီ၊ အဲဒီဟာကို သူသွားပြောမယ်ဆိုရင် နိုင်ငံ တကာက အလေးထားနားထောင်မှာ ဖြစ် တယ်။ ဒါကြောင့်မို့လို့ မသွားဘူးဆိုရင် နိုင်ငံအပေါ်မှာ တာဝန်မကျေရာ ရောက်လိမ့် မယ်လို့ ယူဆပြီး သူသွားခြင်းဖြစ်တယ်။

အဲဒီလို သွားလိုက်တာကလည်း ထိရောက်သလား၊ ထိရောက်ပါတယ်။ နိုင်ငံ တကာ မီဒီယာမှာ သူသွားမယ့်အချက်နဲ့ သူပြောတဲ့အချက်တွေကို အမှန်အတိုင်း မီးမောင်းထိုးထားခြင်း မရှိပါဘူး။ သို့သော် နိုင်ငံတကာမှာရှိတဲ့ Policymaker လို့ ခေါ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ၊ ဝန်ကြီးချုပ်ရုံး တွေ အဲဒီရုံးတွေက သူဘာပြောသလဲ ဆိုတာကို အသေးစိတ်လေ့လာတယ်။ လေ့လာပြီးတော့ ဒီပြောတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီးသိလာတယ်။ ဥပမာ ဆိုရင် ခုနကတုန်းက FFM Report ထဲမှာ ကျွန်တော်တို့အနေနဲ့ ရခိုင်မှာ တိုက်ခိုက်နေ တဲ့ AA နဲ့ တိုက်ခိုက်နေတဲ့ကိစ္စ၊ လုံခြုံရေး အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတဲ့ကိစ္စ တစ်ချက်မှ မပါဘူး။ ပိုဆိုးတာက ဒါစဖြစ် တယ်ဆိုတာဟာ ARSA တိုက်တဲ့အတွက် တပ်မတော်အနေနဲ့ ပြန်လည်ကာကွယ် ပြီးတော့ တိုက်ခိုက်တယ်ဆိုတဲ့အချက်တွေ ကို လုံးဝ မထည့်ထားဘူး။ သို့သော် အခု တော့ တဖြည်းဖြည်းနဲ့ သက်ဆိုင်ရာနိုင်ငံတွေ ကလည်း သဘောပေါက်လာကြတယ်။ နိုင်ငံ တကာပညာရှင်တွေကတောင် သဘော ပေါက်လာကြတယ်။

တစ်နည်းအားဖြင့်ဆိုတော့ နဂိုက ဆိုးနေတဲ့ပုံရိပ် Narrative ကို Counter-Narrative နဲ့ပြန်ပြီး ကျွန်တော်တို့ လုပ်လိုက် နိုင်တယ်လို့ ယူဆရပါတယ်။ ဒါနဲ့ပတ်သက် ပြီး အခု နိုင်ငံတကာက သဘောပေါက်လာ တယ်။ နိုင်ငံတကာမီဒီယာမှာတောင် မနေ့တစ်နေ့က ဆောင်းပါးတစ်ခု ပါလာတဲ့ အတွက် ကျွန်တော် တော်တော်လေးကို ဝမ်းသာအားရ ဖြစ်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ထားတဲ့ The UN Smears Myanmar ဆိုပြီးတော့ အဓိကကတော့ FFM Report ကနေပြီး ဒီအချက်အလက်တွေကို ထိမ်ချန်ပြီး မြန်မာနိုင်ငံကို မတရားစွပ်စွဲ ထားတယ်။ မြန်မာနိုင်ငံကို အိုးမဲသုတ်ထား တယ်ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဖတ် များ ဖတ်ဖူးကြသလား မသိဘူး။ အဲဒီအတွက် ကတော့ ကျွန်တော်ပြောချင်တယ်ဆိုတဲ့ အချက်က ဒီမှာဘာတွေပါသလဲ၊ အခုကိစ္စ ဖြစ်တာက ARSA က စတိုက်တဲ့အတွက် တပ်မတော်ကနေ ကာကွယ်ပြီးတော့ ပြန်လည်တိုက်ခိုက်ရင်းကနေ ဖြစ်တယ် ဆိုတဲ့အချက်ကို ARSA တိုက်ခိုက်မှုကို လုံးဝမထည့်ထားဘူး။
နောက် ကျွန်တော်တို့ရဲ့ တကယ့်အခြေ အနေ၊ ရခိုင်မှာ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေ၊ ကျွန်တော်တို့နိုင်ငံကိစ္စ ဟာ လွယ်လွယ်ကူကူ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ထဲထဲဝင်ဝင်ကြည့်မှ သိနိုင် တယ်။ အဲဒီတော့ မြန်မာနိုင်ငံက မတရား အစွပ်စွဲ ခံနေရတယ်ဆိုတဲ့အနေနဲ့ ပြောထား ခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် Link လင့်ခ်လေးလည်း ပေးပါမယ်။ ဒီပရိသတ် ကိုလည်း အဲဒီလင့်ခ်မှာ ဖတ်ကြည့်ကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ဦးကျော်တင် ။ ။ ကျွန်တော်ဖတ်တော့ နည်းနည်း တချို့အချက်အလက်လေးတွေ ကို မြင်သွားတာပေါ့နော်။ ဘယ်လိုလဲဆို တော့ ပထမအချက်အနေနဲ့ ဒီဂမ်ဘီယာ နိုင်ငံကလေ၊ မြန်မာပြည်နဲ့ ဘာမှမပတ်သက် တဲ့ ဂမ်ဘီယာနိုင်ငံက ဘာဖြစ်လို့ ဒီ Case ကို ICJ မှာလာပြီး ဖွင့်တာလဲဆိုတာပေါ့နော်။ ဒါရဲ့နောက်ဆက်တွဲ Article မှာလည်း သူရေး ထားပါတယ်။ နောက်မှာ ပါနေတဲ့ OIC ပေါ့။ သူကပဲ ဖန်တီးပြီးတော့ ဒါတွေအားလုံးကို ဖန်တီးပြီးတော့ ဒါကို Playbook လုပ်တာ ပေါ့နော်။ ဒီဂမ်ဘီယာကို မင်းတို့ တရားသွား စွဲ၊ ဒီကိစ္စနဲ့ဆိုင်ပြီးတော့ အဲဒါကို ငါတို့ Fund တွေ ရှာပေးမယ်။ ဒါတွေအားလုံးက သူက အရင်တုန်းက Planning တွေက လုပ်ထား ပြီးသားပါ။

အဲဒါက ခုနက ပြည်ထောင်စုဝန်ကြီး ပြောသလိုပဲ။ ဒီ ARSA အကြောင်းလည်း ဘာမှ မပြောဘူး။ Mention မလုပ်ဘူး။ ပြီးတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေ AA နဲ့ ဖြစ်တဲ့ကိစ္စတွေကိုလည်း FFM Report မှာ ဘာမှဖော်ပြခြင်း မလုပ်ပါဘူး။ ပြီးတော့ နောက်တစ်ခုအနေနဲ့ ကြည့်မယ် ဆိုရင် ဒါမြန်မာပြည်ကို အနိုင်ကျင့်တာပေါ့ နော်။ OIC အနေနဲ့ အနိုင်ကျင့်တာလည်း ရှိတယ်။ ပြီးတော့ UN ကို အသုံးပြုပြီး အနိုင် ကျင့်တာလည်း ရှိတယ်။ အဲဒီနှစ်ချက် ကို ကျွန်တော်အဓိကအချက်အနေနဲ့ ဒီဆောင်းပါးထဲမှာ မြင်လိုက်ပါတယ်။

ဦးသီဟန်မျိုးညွန့် ။ ။ ဒီဆောင်းပါးက ပြည်ထောင်စုဝန်ကြီး ပြောသလိုပဲ။ ဒါကျွန်တော် တို့ရဲ့ Counter-Narrative ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက Single-Narrative ဆိုတဲ့ ကျွန်တော်တို့ဆီမှာ တစ်ဖက်ပြောပဲရှိနေတာပါ။ အခုလည်း အပြင်မှာကြည့်ရင် တစ်ဖက်ပြောများတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြည်းဖြည်း၊ ဖြည်းဖြည်းချင်း ကျွန်တော်တို့က Counter-Narrative ကို Build Up လုပ်ဖို့လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခုနက ကိုကျော် တင် ပြောသွားသလိုပဲ ကျွန်တော်တို့က UN တစ်ခုလုံးကို မပုတ်ခတ်ချင်ပါဘူး။ ဒါပေမယ့် ဘာရှိသလဲဆိုတော့ ကျွန်တော် တို့က ဒီတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ် စစ်တိုက်ရင် Warfare ပေါ့ဗျာ။ အခုကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ ဒီ ICJ နဲ့ပဲဖြစ်ဖြစ်၊ ICC နဲ့ပဲဖြစ်ဖြစ် ကြုံတွေ့ နေရတဲ့ပြဿနာက ကျွန်တော်တို့က Lawfare လို့ ခေါ်လို့ရတယ်။ ဒါက နိုင်ငံ တကာဥပဒေ၊ နိုင်ငံတကာမှာ ရှိတဲ့ Mechanisms သုံးပြီး ကျွန်တော်တို့ မြန်မာ နိုင်ငံကို စစ်ဆင်တဲ့ပုံစံမျိုးဆိုတော့ Lawfare ဆိုပြီး ကျွန်တော်တို့အနေနဲ့ အဲဒါမျိုးပြောလို့ ရပါတယ်။ ဒါကျွန်တော်တို့ကို အကျဉ်း အကျပ်ရောက်တဲ့နေရာကို ပို့နေတာပါ။ ဒါတွေက ကျွန်တော်တို့ကို United Nations က လုပ်တယ်လို့ ကျွန်တော်တို့ ပြောလို့မရ ပါဘူး။

ဒါပေမယ့် United Nations Mech- anisms တွေကို အသုံးချပြီး၊ ICC Mech- anisms တွေကို အသုံးချပြီး ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်း ဖြစ်ချင်ဖြစ်မယ်၊ အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံ တစ်နိုင်ငံတောင် ဖြစ်ချင်မှ ဖြစ်မယ်။ ကျွန်တော်တို့ကို သူတို့ ရောက်ချင်တဲ့နေရာ ကို တွန်းပို့နေတဲ့ပုံစံမျိုး၊ အဲဒါမျိုးကျတော့ လည်း ကျွန်တော်တို့အနေနဲ့က ဒါကိုပြန်ပြီး Fight လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကလည်း ကျွန်တော်တို့ တန်ဖိုးထားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

ပြီးတော့ ICJ ကို သွားခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ခဲ့လို့ရှိရင် Counter-Narrative ကို ICJ မှာချပြရင်း၊ ကျွန်တော်တို့ ICJ တရားရုံးမှာပဲ ကျွန်တော်တို့ လုပ်ရင်း Counter-Narrative ကို ဒီထက်မက ပိုပြီးကောင်းအောင် ပြန်ပြင်ဖို့ လိုပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ ကျွန်တော်ဆိုလိုတာ က ICJ သွားခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေကို နိုင်ငံတကာကို ပြောပြလို့ ရမယ်။ ခုနက ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး UN Smears Myanmar ဆိုပြီးပြောတဲ့ အခါကျတော့ ကျွန်တော် ကုလသမဂ္ဂ အတွက် စိတ်မကောင်းပါဘူး။ ဘာကြောင့် စိတ်မကောင်းတာလဲဆိုတာ ကုလသမဂ္ဂက ကမ္ဘာမှာ အင်မတန်မှ လိုအပ်နေတဲ့ အဖွဲ့ အစည်းဖြစ်တယ်။ အထူးသဖြင့် ကျွန်တော် တို့လို နိုင်ငံငယ်တွေအတွက် ကုလသမဂ္ဂ ရှိကို ရှိရမယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ နိုင်ငံခြား ရေးဝါဒမှာလည်း ကုသလမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးမူဝါဒ တစ်ချက်ဖြစ်တယ်။ အဲဒီတော့ ကုလသမဂ္ဂကို နာမည်ဖျက်နေတာက ခုနက FFM Report မှာပါတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ် ရေး ဆောင်ရွက်ချက်တွေကြောင့် အဲဒီသူတို့ ရဲ့ နဂိုကတည်းကိုက တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ ရှိရင်းစွဲခံယူချက်တွေနဲ့ လုပ်သွား တဲ့ကိစ္စတွေ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က FFM Report ကို ကျွန်တော်တို့က UN Report လို့ မယူဆပါဘူး။

ဦးကိုကို ။ ။ ဒါပေမယ့် ခုနက ပြည်ထောင်စု ဝန်ကြီးပြောသလို ဒါလေးထွက်လာတာက ဒါဘာပဲပြောပြော ကျွန်တော်တို့ နိုင်ငံတော် ၏အတိုင်ပင်ခံကိုယ်တိုင် သွားခဲ့တဲ့ ဒီခရီး စဉ်ရဲ့ လက်ငင်းရရှိတဲ့ အကျိုး၊ ဒါနားလည်မှု။ နားလည်မှုဆိုတာကတော့ ချက်ချင်းကြီး တော့ ခုနကပြောသလိုပေါ့ ဝုန်းကနဲ၊ ဒိုင်း ကနဲ အပြည့်မရနိုင်ဘူးပေါ့။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းပဲ ကျွန်တော်တို့ ယူသွား မယ်။

ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ အခု ဒီလိုမျိုးစကားဝိုင်းတွေ လုပ်တယ်။ နားလည်အောင်လို့ ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီးတို့ ကိုယ်တိုင် မအား လပ်တဲ့ကြားထဲက၊ သူတို့ဆိုလည်း ခရီးတွေ သွားနေကြတဲ့ ကြားထဲကနေပြီးတော့ ရှင်းပြ ရင်းတန်းလန်းနဲ့ကိုပဲ တချို့လူတွေကြားထဲ မှာ ဝေ့လည်လည်ဖြစ်နေတဲ့ အပိုင်းတွေ လည်း ရှိတယ်။ ဆွေးနွေးကြတာ၊ ပြောဆို ဆွေးနွေးချင်ကြတာတွေ အမျိုးမျိုးအဖုံဖုံ ကြားနေရတယ်။ ကြားနေရတဲ့အခါကျတော့ ပြည်သူတွေကျတော့ ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး အကုန်လုံးကလည်း ဥပဒေ ပညာရှင်တွေ၊ ဒီမှာလည်း ဥပဒေပညာရှင် တွေ ပြောကြပြန်ပြီ၊ ဟိုမှာလည်း ဥပဒေ ပညာရှင်တွေ ပြောကြပြန်ပြီဆိုတော့ ဘယ်ဟာယုံရမလဲ လိုပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ဟာ ယုံရမလဲ၊ ဘယ်ဟာမှန် မလဲ ဆိုတာမျိုး ဖြစ်နေကြတာတွေလည်း ရှိနေပါတယ်ခင်ဗျ။

ဦးကျော်တင့်ဆွေ ။ ။ အဲဒါလေးလည်း ကျွန်တော်ပြောချင်တာရှိပါတယ်။ ကျွန်တော် ပြောချင်တာရှိတယ် ဆိုတာကတော့ အားနာနာနဲ့ပဲ ဥပဒေပညာရှင်သုံးယောက်နဲ့ ပတ်သက်ပြီးပဲ ရှေ့မှာပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပညာဆိုတာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အင်မတန်မှ နက်ရှိုင်းပါတယ်။ ဥပဒေပညာရှင်ဆိုတာ ဥပမာ ဆိုပါတော့ ဘွဲ့မြင့်လာလေလေ သူတို့ ခေါ်တဲ့ Specialization လို့ခေါ်တဲ့ စူးစမ်း ပြီးတော့ လုပ်တဲ့အချက်က ကျဉ်းမြောင်း လေလေပဲ။ အဲဒီတော့ နိုင်ငံတကာဥပဒေမှာ လည်း အမျိုးစုံရှိတယ်။ Constitution Law ဆိုပါတော့။ အဲဒီပုဂ္ဂိုလ်က Constitution နဲ့ပတ်သက်လို့ ကောင်းကောင်းတတ်တယ်။ Patent law ဆိုပါတော့ Patents တွေ ကောင်းကောင်းတတ်တယ်။ ဦးကျော်တင် ဆိုရင် ဒေါက်တာဂျူဝစ်ဆိုတဲ့ Patents နဲ့ ပတ်သက်ပြီး တကယ့်ပညာရှင်ပါ။ ဦးသီဟန်မျိုးညွန့်ဆိုရင်လည်း International Trade Law နဲ့ ပတ်သက်တဲ့ ပညာရှင်ပါ။ အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက International Criminal Law နဲ့ ပတ်သက် ပြီး လေ့လာထားတယ်။

အဲဒီတော့ အားလုံးကို International Criminal Law အကုန်တတ်သလားလို့ ပြောတော့ တတ်တယ်လို့ ပြောလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရယ်စရာလေးနဲ့ ကျွန်တော်ပြောပြ မယ်။ ကျွန်တော်တတိယအတွင်းဝန် ဘဝက ကျွန်တော်တို့ မိတ်ဆွေထဲမှာ ဥပဒေဘွဲ့သုံးခု ရတဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒီတော့ ကျွန်တော် တို့အထဲက နိုင်ငံခြားက တစ်ယောက်က Marriage By Proxy လုပ်ချင်တယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးဌာန မှူးကနေခေါ်လိုက်တယ်။ ဟေ့ လာပြောစမ်း ဆိုတော့ သူက မပြောနိုင်ဘူး။ ခင်ဗျားဗျာ ဥပဒေဆိုင်ရာ ဘွဲ့သုံးခုလည်း ရသေးတယ်။ ဒါမှမတတ်ဘူးလားဆိုတော့ သူကလည်း သတ္တိရှိတယ်။ ဘယ်လိုပြောသလဲဆိုတော့ ဥပဒေသမားအနေနဲ့ ဥပဒေအားလုံးကို လေ့လာလို့ ရပေမယ့်၊ ဥပဒေ တစ်ခုတည်း ကိုသာ ကျွမ်းကျင်နိုင်တယ်ဆိုပြီး ပြောပါ တယ်။ အဲဒါကြောင့်မို့လို့ Constitution Law မှာ ပါရဂူဘွဲ့ရလာလို့ International Criminal Law ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ပြီလားဆိုတော့ တတ်တယ်လို့ ပြော နိုင်တဲ့သူက ရှားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ International Criminal Law ဆိုတဲ့ဟာကလည်း ဖြစ်ပေါ်မှုကလည်း အင်မတန်မှ နည်းတဲ့အတွက် နိုင်ငံတကာ မှာလည်း တကယ့်ပညာရှင်ဆိုတာ လက်ချိုး ရေလို့ ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကံကောင်းတာက International Criminal Law မှာ နာမည်ကြီးတဲ့ ဆယ်ယောက်လောက် ထဲက နှစ်ယောက်ကို ကျွန်တော်တို့ ငှားရမ်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က တတ်နိုင် သလောက် ပြောတဲ့နေရာမှာ ကျွန်တော်တို့ ရဲ့ ပြောကြားချက်တွေကို အဓိကထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိထားတာ တွေကိုပြောတာ မဟုတ်ပါဘူး။ ဥပဒေ ပညာရှင်တွေ ပြောထားတဲ့ အပေါ်မှာ အခြေခံ ပြီးပြောတာပါ။ အဲဒီလိုပြောတဲ့အခါမှာ ကျွန်တော်က လူပြိန်းဖြစ်တဲ့အတွက် သူတို့ လောက် လွယ်လွယ်ကူကူ မတတ်နိုင်ဘူး ပေါ့လေ။

ဦးကိုကို ။ ။ အဲဒီတော့ ကျွန်တော်တို့ စကား ဝိုင်းက တော်တော်လေးလည်း ပြီးပြည့်စုံ ပြီဆိုတော့ ဦးသီဟန်မျိုးညွန့်အနေနဲ့ နောက်ဆုံးထပ်ပြီး ဆွေးနွေးစရာ ဘာများ ရှိမလဲ ခင်ဗျ။

ဦးသီဟန်မျိုးညွန့် ။ ။ နောက်ဆုံးအနေနဲ့ ကျွန်တော် ထပ်ပြီးဆွေးနွေးချင်တာက ICJ မှာ ကြုံတွေ့နေရတဲ့ဟာ ခုနက ကျွန်တော် ပြောခဲ့တဲ့ Lawfare ဆိုတာကို လျှော့တွက်လို့ မရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ နိုင်ငံအတွက် သိပ်ပြီးအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ICJ မှာ တစ်ခု၊ ICC မှာကလည်း တည်ထားတယ်။ ဆိုတော့ ဒီ ICJ မှာ ကျွန်တော်တို့က ဒါမြန်မာနိုင်ငံရေး မဟုတ်တော့ဘူး။ ဒါသည် နိုင်ငံ့အရေးဖြစ် သွားပြီ၊ နိုင်ငံ့အရေး ဖြစ်ရုံတင်မကဘူး၊ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အားလုံးရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ထိရောက်မယ့်ကိစ္စ တစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုမျိုးကိစ္စတစ်ခုမှာ ကျွန်တော်တို့က ICJ မှာပဲ Fight လို့၊ ချလို့မရဘူး။ ပြည်တွင်း မှာလည်း လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်ရမယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တဲ့ အချိန်မှာလဲ အားလုံးနဲ့ ပူးပေါင်းပြီး ဘယ်နဲ့ညာနဲ့ ညီညီညာညာ ကောင်းကောင်း ရှေ့ချီတက်သွားပြီးတော့ ၊ အားလုံးပူးပေါင်း ပြီးတော့ အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုအောင်မြင်အောင်လုပ်မှပဲ ICJ မှာ လည်း နိုင်မယ်၊ အောင်မြင်အောင်လုပ်နိုင် မှလည်း Genocide ဆိုတဲ့ တကယ့်ကို မကြားသင့်မကြားထိုက်၊ မဟုတ်တဲ့ အနံ့ကြီး လည်း မြန်မာနိုင်ငံနဲ့ ခပ်ဝေးဝေးကို လွှင့်ပစ် လိုက်လို့ရမှာ။

ဒေါက်တာ သီတာဦး ။ ။ နောက်ဆုံး Mess- age လေးပါ။ မြန်မာနိုင်ငံမှာ Genocide မကျူးလွန်ဘူး ဆိုတဲ့အကြောင်းကို ရှင်း အောင် ကျွန်မတို့ နိုင်ငံအတွက် သက်သေပြဖို့ တစ်ခုရယ်၊ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံက ကျူးလွန်ကောင်းကျူးလွန်မယ်ဆိုတဲ့ဟာလေးတွေဖြစ်တဲ့ Crimes Against Humanity လိုမျိုး ပဋိပက္ခကြားထဲမှာ ဖောက်ဖျက် ကျူးလွန်မှုလေးတွေ ရှိနိုင်တယ်။ ဒါပေမယ့် Genocide ကတော့မဟုတ်ဘူး။ ခုနက ကျွန်မတို့ဆွေးနွေးတဲ့အထဲမှာ Mechanisms တလွဲသုံးပြီး လုပ်တာရှိပေ မယ့် UN ကို လေးစားတယ်။ UN ကို အမြဲ တမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံလည်း ဖြစ်တယ်ပေါ့။

ဦးကိုကို ။ ။ ရှင်းနေတဲ့ကိစ္စကို နံပါတ်(၁)က ရှုပ်နေအောင် လုပ်ထားသလို ဖြစ်နေ တယ်။ အဲဒါကို ကျွန်တော်က ပြန်ရှင်းအောင် နောက်တစ်ခုက မြန်မာစကားပုံမှာလည်း ရှိပါတယ်။ ထပ်ပြောပါရစေ။ အိပ်ချင်ယောင် ဆောင်နေတဲ့လူက နှိုးရခက်တယ်ဆိုတာ လိုပါ။ သူတို့က အိပ်ချင်ယောင်ဆောင်နေ ကြတယ်။ ကျွန်တော်တို့က နှိုးနေတယ်၊ အဲဒီလိုမျိုးခံစားရတယ်။ နောက်ဆုံးပိတ်ပေါ့။ ဦးကျော်တင်အနေနဲ့ ဆွေးနွေးခန်းလေးမှာ ပြောစရာ ရှိတာလေးတွေ၊ အနားသတ် ဆွေးနွေးစရာရှိတာလေးတွေ ဆွေးနွေးပါ။

ဦးကျော်တင်။ ။ နောက်ဆုံးအနေနဲ့ ပြော ချင်တာက မြန်မာပြည်သူပြည်သားတွေ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စိတ်ဝင်စားစရာ စောင့်ပြီး ကြည့်နေမှာပါ။ ကျွန်တော် အဓိက ပြောချင်တာက ဘာပဲဖြစ်ဖြစ် Main Case က အနိုင်အရှုံးကို ဒီ Stage မှာ ဆုံးဖြတ်မှာမဟုတ်သေးပါဘူးဆိုပြီး ပြောချင်ပါတယ်။

နောက်တစ်ခုထပ်ပြီး ကျွန်တော် ပြောချင်တာက စောစောကပြောသွားတဲ့ ICJ မှာ စကားလုံး အသုံးအနှုန်းကို ဂရုတစိုက် သုံးပါတယ်။ Indicate နဲ့ မပတ်သက်ဘူး ဆိုပြီး သေသေချာချာ နိုင်ငံတကာညှိနှိုင်းပြီး ရွေးထားတဲ့စကားလုံးတွေပါ။

ဦးကိုကို ။ ။ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ ကိစ္စတွေဆိုတာကြောင့် စကားလုံးကအစ အထူးပြုစံနှုန်းသုံးပြီး အသုံးပြုထားတာ ပေါ့နော်။ နောက်ဆုံးအနေနဲ့ ပြည်ထောင်စု ဝန်ကြီးအနေနဲ့ ဒီ ၂၃ ရက်နေ့ အမိန့်ချမယ့် ကိစ္စကို ကိုယ်တိုင်ကလည်း ဦးဆောင်ပြီး သွားမှာလည်း ဖြစ်တယ်။ ပြည်သူတွေ အားလုံးကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်ဝင် တစားရှိတယ်၊ တောက်လျှောက်နားထောင် တာလည်း ရှိတယ်။ ပြည်သူတွေ ကြည့်ရှု နေတဲ့ ရုပ်မြင်သံကြားဆွေးနွေးပွဲကနေ တစ်ဆင့် အခုနားထောင်နေကြတဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးကို ဘယ်လို Message တွေ ပေးချင်ပါသလဲ။

ဦးကျော်တင့်ဆွေ ။ ။ ကျွန်တော်တို့ ပြည်သူ တွေကို ကျွန်တော်ပေးချင်တဲ့ Message ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားတဲ့အခါမှာ အပြည့်အဝထောက်ခံခဲ့တယ်၊ ပြန်လာတဲ့အခါမှာလည်း တကယ့်ကို အရေးရယ်၊ အကြောင်းရယ် ရှိလာတဲ့အခါ ကျတော့ ဒို့နိုင်ငံအတွက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီး သွားရောက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ထောက်ခံတာကို ကြည့်တဲ့အတွက် အင်မတန်မှ အားရပါတယ်။

နောက်တစ်ခု ကျွန်တော်တို့ဆွေးနွေး ခဲ့သလိုပဲ ဒီကိစ္စဟာ နိုင်ငံ့အရေးပါ။ နိုင်ငံရေး မဟုတ်ပါဘူး။ ဘယ်သူမဆိုရင်ဆိုင်ပြီးတော့ Main Case တကယ့်အမှုကို စဉ်းစားတဲ့ အချိန်ရောက်လာရင်လည်း သူနိုင်ကိုယ်နိုင် ပဲ။ သူတို့ Provisional Measures ချတယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီကိစ္စကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ရှေ့နည်း လမ်းတွေကို ဘယ်လိုသွားမလဲဆိုတာကို သေသေချာချာစဉ်းစားပြီး အင်မတန်မှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ပြီး ရင်ဆိုင်မယ်။ အဲဒီလိုရင်ဆိုင်တဲ့အခါမှာ ပြည်သူတွေရဲ့ အင်အားက အင်မတန်မှ လိုပါတယ်။

ဒီကိစ္စက နိုင်ငံ့အရေးဖြစ်တဲ့အတွက် နိုင်ငံမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံး၊ ပြည်သူ၊ ပြည်သားတွေ၊ တိုင်းရင်းသားတွေ၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေရော ၊ နိုင်ငံရေးပါတီတွေရော ဒီကိစ္စက မိမိတို့ နိုင်ငံ့ အရေးကိစ္စမှာ ဒို့အားလုံးပူးပေါင်းဆောင်ရွက် ကြမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ဆောင်ရွက် ပေးကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ် ခံချင်ပါတယ်။

ဒီကိစ္စအမှုမှာ နိုင်ကိုနိုင်မယ်။ Provisional Measures Stage သည် အမှု မတိုင်ခင် လိုလိုမယ်မယ် ဆောင်ရွက်တဲ့ကိစ္စ ဆိုတဲ့ဟာကို နားလည်သဘောပေါက်ပြီး Provisional Measures အချခံရရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်အရင်က ပြောသလိုပဲ ရှုံးတာမဟုတ်ဘူး။ Provisional Measures မချခဲ့ဘူးဆိုရင်လည်း နိုင်ပြီလို့ မတွက်ပါနဲ့ဦး။ အမှုရှိပါသေးတယ်။ ဘယ်သူ မဆို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့ ဒီကိစ္စကို ဆုံးဖြတ်ချက်ချရင် ကျွန်တော်တို့ အနေနဲ့ ရင်ဆိုင်ပါ့မယ်။ ရင်ဆိုင်နိုင်စွမ်းလည်း ရှိတယ်ဆိုတာကို ကျွန်တော် တင်ပြချင် ပါတယ်။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီး ယခုလို အဆုံးသတ်လေး ပြည်သူကို Message ပေးရင်း အဆုံးသတ်၊ အနားသတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စကားဝိုင်းကတော့ တော်တော်များများလေး ပြည့်စုံတဲ့ အတွက်ကြောင့် ဒီနေရာမှာပဲ စကားဝိုင်းကိုရပ်နားချင်ပါတယ်။

ထုံးစံအတိုင်း ပြောဆိုဆွေးနွေးခဲ့တာ တွေအားလုံး နိဂုံးချုပ်အနေနဲ့ ပြန်ပြောရမယ် ဆိုရင် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ် ကောင်း ချမှတ်နိုင်တဲ့ Provisional Measures အပေါ် စိုးရိမ်စိတ်မရှိကြပါနဲ့။ ဒါသည် ဒီအမှုကြီးတစ်ခု၏ နိုင်ခြင်း၊ ရှုံးခြင်း မဟုတ်ပါဘူး။ ဒီကိစ္စသည် အမှုအပေါ်မှာ လည်း မည်သို့မျှ လွှမ်းမိုးမှုမရှိပါဘူး။

သို့သော် ပြည်ထောင်စုဝန်ကြီး ပြော သွားတဲ့အထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံ့ အရေးဆိုတဲ့ စကားလုံးလေးတစ်ခု မှတ် သားမိပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအားလုံးရဲ့ အင်အားနဲ့ပူးပေါင်း ဖြေရှင်းမယ်၊ ရပ်တည်သွားမယ်။ ကျွန်တော့် အနေနဲ့ အဆုံးသတ်ချင်တာကတော့ နိုင်ငံ သားတိုင်း နိုင်ငံသားတိုင်းဟာ တာဝန်ရှိပါ တယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ တာဝန်သိတဲ့ နိုင်ငံသားတွေအနေနဲ့၊ နိုင်ငံ ရေးသမားတွေပဲဖြစ်စေ၊ အဖွဲ့အစည်း အသီးသီးမှာ ပါဝင် နေတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်စေ တာဝန်သိတဲ့ အဖွဲ့အစည်းဝင်တွေအနေနဲ့ တကယ့်ကို နိုင်ငံရဲ့အရေးကိစ္စပါ။ တာဝန် သိစိတ်အပြည့်နဲ့ ပူးပေါင်း ဆောင်ရွက်ကြ မယ်ဆိုရင် ဆရာမြသန်းတင့်ရဲ့ ဝတ္ထုကောင်း လေးတစ်ခု သတိရလိုက်တယ်၊ ဓားတောင် ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဆိုတဲ့ စကားလုံးကို သွားသတိရတယ်။ ကျွန်တော် တို့ နိုင်ငံဟာ ဓားတောင်ကိုလည်း မကြောက် ပါဘူး၊ မီးပင်လယ်လည်း မမှုပါဘူး။ တကယ် လိုအပ်တာက ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စည်းလုံးညီညွတ်မှုပါလို့ ပြောရင်းနဲ့ ကျွန်တော်တို့ရဲ့စကားဝိုင်းကို အဆုံးသတ်ချင်ပါတယ်။ အားလုံးကျေးဇူးတင် ပါတယ်။

သတင်းအဖွဲ့