Skip to main content

Apr 01, 2020

နေပြည်တော်  မတ်  ၃၁

ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော် သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ၊ နိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်သည် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်ပေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု (၇၂) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ တပ်မတော်သမိုင်းကြောင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲလျက်ရှိပြီး မြန်မာပြည်သူ အပေါင်းတို့အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင် ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

နေပြည်တော်   ဇန်နဝါရီ  ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ 

ဆက်လက်ဖတ်ရှုရန်

Jan 24, 2020

နေပြည်တော်   ဇန်နဝါရီ  ၂၃

တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ခဲ့ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek Sengphachanh အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2020

နေပြည်တော် ဇန်နဝါရီ ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကမ္ဘော ဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Vong Pisen  အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနား တက်ရောက် လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက် ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

နေပြည်တော် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဓမ္မစကြာ ပဋိပတ်ရိပ်သာ ကျောင်းတိုက်အတွင်း၌ စေတနာရှင် အလှူရှင်များ စုပေါင်း လှူဒါန်းသည့် အနန္တသုခဓမ္မစကြာ ဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရွှေသုဝဏ်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသဒ္ဓိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပန္နက်တော်တင်ပေးသည်။

ငါးပါးသီလခံယူ

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ကြ သူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ၂၀၂၀ နှစ်သစ်မင်္ဂလာ နေ့ရက်မှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန်