Skip to main content

outdoor

ဌာနဆိုင်ရာများ၊ ကုမ္ပဏီ၊ အသင်းအဖွဲ့တို့ ကျင်းပပြုလုပ်သည့် အခမ်းအနားများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် သတင်းအဖြစ် ရိုက်ကူးထုတ်လွှင့်လိုပါက ဘေး Logo အား Click နှိပ်ပြီး ပုံစံ ဖြည့်သွင်းကာ Submit နှိပ်၍ ရိုက်ကူးခွင့် တောင်းခံနိုင်ပါသည်။

radio

မြန်မာ့အသံ (ရေဒီယို) မှ ထုတ်လွှင့်နေသော မြန်မာပိုင်းအစီအစဉ်တွင် မွေးနေ့လက်ဆောင်၊ သောတရှင်လိုရာတေး၊ အမှတ်တရတေးလက်ဆောင်၊ မင်္ဂလာလက်ဆောင်တေး၊ စစ်သည်အတွက် တေးလက်ဆောင် အစရှိသောကဏ္ဍများတွင် ပြည်သူများအနေဖြင့် ပါ၀င်သီချင်း တောင်းဆိုလိုပါက ဘေး Logo အား Click နှိပ်ပြီး ပုံစံများဖြည့်သွင်းကာ Submit နှိပ်၍ တောင်းဆိုနိုင်ပြီဖြစ်ပါသည်။ ထုတ်လွှင့်ပေးမည့် ရက်ကို e-mail မှတစ်ဆင့် Reply ပြန်ပေးမည်ဖြစ်ပါသဖြင့် (၇) ရက်ကြိုတင် ပို့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ နားဆင်လိုသောနေ့ရက်ကို အတတ်နိုင်ဆုံး ကြိုးစား ထုတ်လွှင့် ပေးပါမည်။ သို့သော် ထုတ်လွှင့်ချိန်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။

studio

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စတူဒီယိုအတွင်းဌာနဆိုင်ရာများမှ အစီအစဉ်များ ရိုက်ကူးထုတ်လုပ် လိုပါက၄င်း၊ ပြင်ပအနုပညာရှင်၊ ဝါသနာရှင်များမှ (တေးဂီတ၊ အကျိုးပြုတေး၊ ဓမ္မပူဇာတေး၊ အကပဒေသာ၊ တိုင်းရင်းသားအက၊ သူ့လက်သံ၊ သီချင်းကြီး၊ မဟာဂီတ၊ ရိုးရာမဟာသင်္ကြန် အဆိုအက) အစီအစဉ်များ ရိုက်ကူးထုတ်လုပ်လိုပါက ဘေး Logo အား Click နှိပ်ပြီး e-Service ဖောင်ပုံစံတွင် ဖြည့်သွင်းပေးပို့ တောင်းခံနိုင်ပါသည်။ သတ်မှတ်ချက်များအနေဖြင့် ရိုက်ကူးခွင့်ကို (၁၀)ရက် ကြိုတင်ပေးပို့ရမည် ဖြစ်ပါသည်။ ရိုက်ကူးခွင့်ရမည့်နေ့ရက်၊ အချိန်တို့ကို email ဖြင့် အကြောင်းပြန်ကြား ပေးမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိလျင် ရိုက်ကူးမည့်နေ့တွင် မှတ်ပုံတင်ယူဆောင်လာရမည်။