Nov 05, 2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ ည ၇ နာရီမှစ၍ FIREWORK အမျိုးအစား မီးရှူးမီးပန်းများအား ပစ်ဖောက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ မီးရှူးမီးပန်းပစ်ဖောက်မှုများကို အများပြည်သူများအနေဖြင့် လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
Nov 05, 2022
ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့်အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့်
Nov 04, 2022
၁။ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ဦးစားပေးကဏ္ဍ အလိုက် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံမှ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅,၉၉၀ ခု၊ ချေးငွေပမာဏ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံကို ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ အောက်ပါလုပ်ငန်းများအား ဦးစားပေး ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်-
Nov 04, 2022
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၀-၂၀၂၂)
Nov 04, 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်း သက်ဆိုင်ရာတက္ကသိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဝက်ဘ်ဆိုက်တို့တွင် ကြေညာမည်
Nov 03, 2022
SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
Oct 31, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ကြေညာချက်
Oct 31, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Oct 30, 2022
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်