Aug 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀.၁၂.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၆၆/၂၀၂၁ ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ “တရားမဝင်ကုန်သွယ်မှုသတင်းများ” နှင့်ပတ်သက်၍ အောက်ဖော်ပြပါ တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
Aug 15, 2022
၁။ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရေး တင်သွင်းဖြန့်ဖြူးခြင်းများ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါသည်။
Aug 13, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်
Aug 13, 2022
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
Aug 12, 2022
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၈-၈-၂၀၂၂ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနေ့ အခမ်းအနားနှင့် ၁၀-၈-၂၀၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောကြားချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။
Aug 05, 2022
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိပါ။
Aug 02, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြား အသွင်သဏ္ဍာန်ရှိသည့် ဆင်ဖြူတော် (အထီး) ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့် ရှိပါသည်။