Skip to main content

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂ / ၂၀၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂ / ၂၀၂၁ ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ( ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်) ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်။ ၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။ အမိန့်အရ (ပုံ)အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ