ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
၁။ တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) နှင့် ယင်းကော်မတီက ဖွဲ့စည်းသော အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ သို့ဖြစ်၍ မတရားအသင်းအဖြစ်ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ဖွဲ့စည်းသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (National Unity Government - NUG) နှင့် ယင်းအဖွဲ့တွင်ပါဝင်သူများသည် မတရားအသင်းနှင့် မတရားအသင်းဝင်များဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန