ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်
လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအသစ် ၂၀,၀၀၀/-ကျပ်တန်၊ ၅၀,၀၀၀/- ကျပ် တန်များ ထုတ်မည်ဆိုသော ကောလာဟလသတင်းများ ထွက်ပေါ် နေကြောင်းသိရှိရပါသည်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစားအသစ် ထုတ်ဝေခြင်းကိစ္စ၊ ထုတ်ဝေပြီးသော ငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့်ပြောင်းလဲ ထုတ်ဝေခြင်းကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါလျှင် ပြည်သူများကို ကြိုတင်ကြေညာ အသိပေးဆောင်ရွက်ပါကြောင်း၊ ယခု သတင်းဖြစ်ပေါ်နေသော ၂၀,၀၀၀/- ကျပ်တန်၊ ၅၀,၀၀၀/- ကျပ်တန် ငွေစက္ကူသစ်များ ထုတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မမှန်ပါကြောင်း အသိပေး အပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်