ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်၊ ၅၄၄/၂၀၂၁
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၁၃ ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃ (ဃ) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရာတွင် အမှန်တကယ် လိုအပ်သည့်ပစ္စည်းများဖြစ်ပြီး ပြည်တွင်း၌ ပမာဏများစွာထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုအား အကာအကွယ် ပေးရန်နှင့်ပြည်တွင်းတွင် ဆေးဝါးများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာ့ အကောက်ခွန်နှုန်းစာရင်း (၂၀၁၇) ၏ အခန်း (၂၉) နောက်ဆက်တွဲပါ ဆေးဝါးကုန်ကြမ်း (၂၃)လိုင်း ၏ အကောက်ခွန်နှုန်းအား လက်ရှိ အကောက်ခွန် နှုန်း (၃ %) မှ အကောက်ခွန်နှုန်း (၀%) သို့ လျှော့ချသတ်မှတ်လိုက်သည်။
၂။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။
ဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး