ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၅၆/၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဉပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Corona- virus Disease 2019 - COVID-19) ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့်လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနား များနှင့် သာရေး/နာရေးဆိုင်ရာကိစ္စရပ်များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၃၀-၁၂-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့်လည်း ကောင်း ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ ၁၆-၃-၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြု ကြောင်း ထုတ်ပြန်လိုက်သည်။
၃။ ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။