Skip to main content

တိုင်ကြားနိုင်ပါသည်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၂၀)ဖြင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ပါသည်။ ။

၂။      နိုင်ငံတော်သမ္မတက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးတို့မှာ “ကျွဲကူးရေပါ”ဆိုသလို ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူးထိန်းသိမ်းပေးစေလိုကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။

၃။      နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ပါအခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(CRC)၊ အမျိုးသမီး များအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(CRPD) နှင့် စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာသဘောတူစာချုပ် (ICESCR)တို့ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက် ခြင်းခံရပါက ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးအတွက်ဖြစ်စေ၊ လူတစ်စုကို ကိုယ်စားပြု၍ဖြစ်စေ “ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့”သို့လိပ်မူ ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ အောက်ပါ အချက်အလက်များ ပြည့်စုံစွာဖော်ပြလျက် တိုင်ကြားခြင်းများ ပြုလုပ်နိုင်ပါ သည်

 

(က)

တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ(ဆက်သွယ်ရန် ဖုန်း/လက်ကိုင်ဖုန်း၊ Fax နှင့် email တို့ရှိလျှင်) ထည့်သွင်းဖော်ပြရန်၊

 

(ခ)

တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရကြောင်း အချက်အလက်များဖြင့် အမှုနှင့်သက်ဆိုင်သော အထောက် အထားများပူးတွဲလျက် ပြည့်စုံစွာဖော်ပြရန်၊

 

(ဂ)

တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသား ဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရန်၊

 

(ဃ)

တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပူးတွဲပေးပို့ရန်။

မှတ်ချက်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူ တွေ့ဆုံမေးမြန်းပါမည်။

ရုံးခွဲများဖွင့်လှစ်ထားရှိခြင်း

၄။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲများကို အောက်ပါမြို့ များတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် အဆိုပါရုံးခွဲများသို့လည်း ပေးပို့တိုင် ကြားနိုင်ပါသည်-

 

(က)

နေပြည်တော်ရုံးခွဲ။ သဇင်လမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

 

(ခ)

မန္တလေးရုံးခွဲ။ ကမ်းနားလမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ဒေဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

 

(ဂ)

စစ်တွေရုံးခွဲ။ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်း၊ စစ်တွေမြို့။

၅။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက် များအား စုံစမ်းစစ်ဆေးပြီးသည့်အခါ တွေ့ရှိချက်များနှင့် အကြံပြုချက်များ ကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများသို့ လိုအပ်သလို အရေး ယူဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ပြီး အရေးယူ ဆောင်ရွက်မှုကိုလည်း ကော်မရှင်က ကော်မရှင်ဥပဒေနှင့်အညီ စောင့်ကြည့်သွားမည် ဖြစ်ပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်