Skip to main content

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား အထူးပြပွဲ ခင်းကျင်းပြသရန်အတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ခေတ္တပိတ်ထားမည်

နေပြည်တော် ဇွန် ၂၇

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို (၂၅-၆-၂၀၂၂)ရက်နေ့မှ (၁၈-၇-၂၀၂၂)ရက်နေ့ထိ ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)တို့အား ယခင်နှစ်များအတိုင်း အခမဲ့ ဝင်ရောက်လေ့လာခွင့် ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန