မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်
သတင်းထုတ်ပြန်ချက် (၁/ ၂၀၂၂)
၁။ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်က နေပြည်တော်-လွိုင်ကော်-ရန်ကုန် ပျံသန်းပြေးဆွဲသော မြန်မာအမျိုးသားလေကြောင်းပိုင်းခရီးသည်လေယာဉ်ကို လေဆိပ်သို့လေယာဉ်ဆင်းသက်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် လေယာဉ်ပေါ်ရှိခရီးသည်တစ်ဦး၏ပါးတွင် ကျည်ထိမှန်ကြောင်း သိရပါသည်။
၂။ ခရီးသည်တင်လေယာဉ်သည် စစ်ဖက်ပစ်မှတ်မဟုတ်သဖြင့် ခရီးသည်တင်လေယာဉ်အား ပစ်ခတ်တိုက်ခိုက်သည့်အဖွဲ့အစည်းသည် အကြမ်းဖက်မှုကို ကျူးလွန်ခြင်းဖြစ်သဖြင့် ပြစ်တင်ရှို့ချကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်
ရက်စွဲ။ ။၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်