၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ကြာသပတေးနေ့
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူအများ အပြားရှိနေစဉ် ကင်မွန်းချောင်းတောင်တက်ယာဉ်စခန်းအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ဝါကျွတ်အခါသမယတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူခြင်းနှင့် အေးချမ်းစွာသွားလာနေထိုင်ခြင်းများကို ပျက်စီးစေလိုသည့်သဘောထားဖြင့် ယခုကဲ့သို့ လူမဆန်သောအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းများအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့