မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သဘောထားထုတ်ပြန်ကြေညာချက် (၆ / ၂၀၂၃)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ သောကြာနေ့
၁။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ကြိုးပမ်းနေချိန်တွင် တိုင်းပြည်အတွင်းမငြိမ်မသက် ဖြစ်စေရန်နှင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် လက်နက်ကိုင်သောင်းကျန်းသူအချို့က ယနေ့ (၂၇-၁၀-၂၀၂၃) ရက်နေ့တွင်ရှမ်းပြည်နယ်အတွင်းရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူအချို့အား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါသည်။
၂။ အေးချမ်းစွာ နေထိုင်လိုသော အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် တိုင်းပြည်အထိနာစေရန် ဆောင်ရွက်နေသော အကြမ်းဖက်လုပ်ရပ်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ