မြန်မာနိုင်ငံစာရေးဆရာအသင်း၏
သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်၊ သောကြာနေ့
၁။ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်နှင့်အနီးတစ်ဝိုက်၌ ၂၇-၁၀-၂၀၂၃ ယနေ့နံနက်ပိုင်းတွင် သောင်းကျန်းသူများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများအား ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
၂။ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ပြည်သူများအား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းက ကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း