Skip to main content

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်သောင်းကျန်း သူများက ဗုံးများပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုပေါင်းစုံကို ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။

ထိုကဲ့သို့ ဘာသာသာသနာကို စော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းလုပ်ရပ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး