Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

၁။ မြို့နယ်အချို့ရှိ ဘုရားစေတီများ၊ ရုပ်ထုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက် ငယ်များ၊ ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲပြီး ဖြိုချဖျက်ဆီးခဲ့ကြောင်း ကြားသိရပါသည်။

၂။ အဆိုပါလုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး