၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်
၁။ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင် များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများ အပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုပေါင်းစုံကို ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ကြားသိ နေရသည်။
၂။ ယခုကဲ့သို့ ဘုရားစေတီများ၊ ရုပ်ပွားတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ များကို အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်း များအား မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာ အပ်ပါသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)