Skip to main content

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

မြန်မာနိုင်ငံအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖြိုချဖျက်ဆီးခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိ သည်။

ထို့ပြင် TNLA အကြမ်းဖက်သောင်းကျန်းသူများက ယခုလ အတွင်းတွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကိုယူဆောင်ခဲ့သည့်လုပ်ရပ်အား ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)