Skip to main content

အရန်တပ်ဖွဲ့ နည်းဥပဒေများ ထုတ်ပြန်ကြေညာ

နေပြည်တော် မတ် ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် မတ် ၁ဝ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် အရန်တပ်ဖွဲ့နည်းဥပဒေများကို ထုတ်ပြန်ကြေညာကြောင်း သိရသည်။ အဆိုပါနည်းဥပဒေများတွင် အခန်း (၇) ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၂၇) ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၈) ခုဖြင့် ဖော်ပြထားပြီး အခန်း (၁) တွင် အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း(၂)တွင် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းရန်ကာလ၊ အခန်း (၃) တွင် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၄) တွင် မှတ်ပုံတင်ခြင်း၊ ဆေးစစ်ဆေးခြင်းနှင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စစ်မှုထမ်းခြင်းတို့အတွက် ဆင့်ခေါ်ခြင်း၊ အခန်း (၅) တွင် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၆) တွင် အကျိုးခံစားခွင့် သတ်မှတ်ချီးမြှင့်ခြင်း၊ အခန်း (၇) တွင် အထွေထွေပြဋ္ဌာန်းချက်တို့ပါရှိကြောင်း သိရသည်။

သတင်းစဉ်