Skip to main content

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်မေးမည့် အချိန်စာရင်းနှင့် စာစစ်ဌာနများစာရင်း သတ်မှတ်ကြေညာခြင်း

၁။ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်မည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းနှင့် စာစစ်ဌာနများစာရင်းကို အောက်ပါအတိုင်း ကြေညာအပ်ပါသည်

၃။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင် ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကို ယခုကြေညာချက်ပါ စာစစ်ဌာနများအနက် မိမိဖြေဆိုလိုသည့် စာစစ်ဌာနများသို့ ၁၂-၄-၂၀၂၄ (သောကြာနေ့) နောက်ဆုံးထား၍ သတင်းပေးပို့ စာရင်းသွင်းရမည်ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန