ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံနှိုးဆော်ခြင်း
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂ဝ၂၃ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂ဝ၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၅-၂-၂၀၂၄ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ထပ်မံနှိုးဆော်လိုက်သည်။
အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန