ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသားပါတီ (Arakan National Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်