၁။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုထားပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ လသာအောက်လမ်း၊ အမှတ် (၆၃) တွင် ပါတီရုံးချုပ်တည်ရှိသော ပြည်သူ့ရှေ့ဆောင်ပါတီ (People's Pioneer Party) သည် ယင်းပါတီ၏တံဆိပ်ကို ဖော်ပြပါအတိုင်း ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာပါသည်။
၂။ သို့ဖြစ်ပါ၍ ပြည်သူ့ရှေ့ဆောင်ပါတီ (People's Pioneer Party) က ပြောင်းလဲအသုံးပြုမည့် ဖော်ပြပါ ပါတီတံဆိပ်ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်