Skip to main content

အသိပေးကြေညာချက်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁%) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သည့် ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံး ပြန်လည် ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

ချေးငွေအပြေအကျေ ပေးဆပ်ပြီးသူများအား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ပေးဆပ်ရန် ကျန်ရှိနေသည့်-

(၁) အလီလီပေးဆပ်နေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံး အပြေအကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ပါကြောင်း၊

(၂) အတိုးကိုသာ ပေးသွင်းထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အရင်းနှင့်အတိုးကို တစ်ပေါင်းတည်း အမြန်ဆုံးပြန်လည်ပေးသွင်းရန်ဖြစ်ကြောင်း၊

(၃) အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများ အနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်း တစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန် အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ