ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂ဝ၂၄
၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် Ta'ang National Liberation Army(TNLA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက်အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။ ထို့အပြင် နိုင်ငံတော်အတွင်းအခြေပြု၍ နိုင်ငံတော်ကိုအကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် The Myanmar National Democratic Alliance Army (MNDAA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် Ta'ang National Liberation Army(TNLA) လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။
ဥက္ကဋ္ဌ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့