မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း
ဒီတစ်ပတ် စကားဝိုင်းမှာပြောမယ့် မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာ ကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို မင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံး ရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာ ဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။
ထို့အတူပဲ ကျွန်တော့်ရဲ့ မိတ်ဆွေပေါ့လေ သူငယ်ချင်း၊ လောလောဆယ် ဒါရိုက်တာ လုပ်နေတဲ့ မြင့်စိုး (၀/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။
မြင့်စိုးဆိုတဲ့ နာမည်တွေက ပေါများတဲ့အတွက် ကျွန်တော်နဲ့ အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီး မြင့်စိုးကို ကျွန်တော်က မင်းသားကြီး မင်းသားကြီးလို့ပဲ ကျွန်တော်က ခေါ်ဝေါ်လေ့ရှိပါတယ်။ ဟိုဦးမြင့်စိုးကလည်း ဘီအေဦးမြင့်စိုးကြီးပေါ့။ ဟိုမြင့်စိုး ကျတော့လည်း မြင့်စိုး(၀/သ)ပေါ့။ ဒီမြင့်စိုးကျတော့ မင်းသားကြီးမြင့်စိုးဖြစ်ပါတယ်။ အခု ကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာဖြစ်ပါတယ်။
ကြည်စိုးထွန်း ။ ။ မင်းသားကြီး နေ ကောင်းရဲ့လား။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ဆရာ၊ နေကောင်းတယ် ဆိုမှ ဆရာရဲ့ ဆောင်းပါးအတိုင်း နေနည်း ကျွန်တော် ဖြေနည်းလေးရှိပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဆရာတော်ကြီး ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော် ဘုရားကြီးက နေကောင်းလားလို့မေးရင်တဲ့ နေကောင်းပါတယ်ကွာလို့ဖြေရင် ငါကျန်းမာတာပဲဆိုပြီး မာနတက်သွား တတ်တယ်တဲ့ ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး ။ ။ နေမကောင်းဘူး ဆိုရင်လည်း စိတ်ဆင်းရဲရတယ်တဲ့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ပြောတဲ့၊ မေးတဲ့ လူလည်းမကောင်းဘူးတဲ့။ အဲဒီတော့ ကျွန်တော်လည်း အသက် ရှစ်ဆယ်ကျော်တော့ ကျန်းမာရေးကအိုတဲ့၊ နာတဲ့ ဖြစ်လာပြီဆိုတော့ ရတနာသုံးပါး ဂုဏ်ကျေးဇူး ကျွေးမွေးစောင့်ရှောက်လှူနေ တဲ့ စေတနာရှင်တွေရဲ့ ဂုဏ်ကျေးဇူးကြောင့် အခုထက်ထိ နေသာပါတယ် လို့ပဲ ပြောရမှာပဲ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ရှစ်ဆယ်ဘယ်လောက် ကျော်ပြီလဲ။
မင်းသားကြီးမြင့်စိုး ။ ။ ရှစ်ဆယ့်တစ်နှစ်ရှိ သွားပြီ။
ကြည်စိုးထွန်း ။ ။ တစ်နှစ်ပဲ ကျော်ပါ သေးတယ်။ အများကြီး ငယ်ပါသေးတယ်၊ ငယ်ပါသေးတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ကားတွေထဲမှာဆိုရင် အင်မတန်ချောတဲ့ မင်းသားတွေ ကျွန်တော်က တွေ့တာကိုး။ အမှန်က မင်းသားကြီးလည်း ပါတာပေါ့နော်။ မင်းသားကြီးတို့၊ ခင်မောင်ဇင် တို့၊ ကျွန်တော်ဒီနေရာမှာပေါ့လေ မင်းသား,ကြီး ကျွန်တော့်ကို နည်းနည်းလေးတစ်ခု ခွင့်လွှတ်ရမှာတော့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ဆရာ။
ကြည်စိုးထွန်း ။ ။ ကျွန်တော် ရှေ့က နာမည်တွေ တပ်မပြောတတ်ဘူး ။
မင်းသားကြီးမြင့်စိုး ။ ။ ဪရပါတယ်။
ကြည်စိုးထွန်း ။ ။ ဦးခင်မောင်ဇင်တို့။
မင်းသားကြီးမြင့်စိုး ။ ။ မှန်တာပေါ့။
ကြည်စိုးထွန်း ။ ။ ဦးခင်မောင်ညွန့်တို့ ဒီလို ပြောရမယ့်အစား သူတို့ရဲ့ အနုပညာနာမည်လေးကို ကျွန်တော် က ပြောပြောနေတာလေးကို။
မင်းသားကြီးမြင့်စိုး ။ ။ ဪ ဟုတ်တာ ပေါ့၊ မှန်တာပေါ့။
ကြည်စိုးထွန်း ။ ။ ဒါလေးတော့ သည်းခံ ပြီးတော့ နားထောင်ပေးပါနော်။ ဘာလို့လဲဆို သူတို့ရဲ့ ကြော်ငြာ ထဲဖတ်လိုက်တယ်ဆိုရင် ဒါခင်မောင်ဇင်ပဲပေါ့။ နောက်ပြီးတော့ ခင်မောင်ညွန့်ပဲပေါ့၊ အဲဒီလိုပေါ့။ အဲဒီလိုချောတဲ့လူတွေထဲမှာဆိုရင် နောက်ကျန်သေးတယ် တင်ထွန်းတို့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပါတယ်။
ကြည်စိုးထွန်း ။ ။ တကယ့် လူချောတွေပေါ့။ နောက် ဒီကမြင့်စိုးတို့ပေါ့ဟုတ်လား။ မြင့်စိုးတို့၊ ခင်မောင် ဇင်တို့ အဲဒီအကြောင်းလေးတွေ ကျွန်တော် ပြောချင်တာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ဆရာ။
ကြည်စိုးထွန်း ။ ။ ဒီမှာလည်း ကံအားလျော်စွာ ကျွန်တော့်ရဲ့ ဒီရုပ်ရှင်စကားဝိုင်းမှာ ရှေးဘဝက သီလ ကောင်းခဲ့တော့ ဒီဘဝမှာလည်း အသက်ရှည်ရှည်နေရတဲ့ မင်းသားကြီးတို့နဲ့ ကျွန်တော်တို့ စကားပြောရတာကို ကျွန်တော့် အနေနဲ့ ဒါအင်မတန် ပီတိဖြစ်ပါတယ်၊ ဝမ်းလည်းသာပါတယ်။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်လည်း အတူတူပါပဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ပရိသတ်ကလည်း သိချင်မှာပေါ့လေ။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တာပေါ့ ဆရာ။
ကြည်စိုးထွန်း ။ ။ ဒီတော့ အရင်က အင်မတန် ချောမောလှပတဲ့ မင်းသားကြီးတွေက ဘယ်လိုများ ဒီရုပ်ရှင်လောကထဲကို ဝင်လာသလဲ၊ ဘယ်လိုများ အနုပညာကို ဝါသနာပါကြလဲဆိုတာ ဒီနေ့ ဒီရုပ်မြင်သံကြား ပရိသတ်ကလည်း သိချင်မှာပါပဲ ။
မင်းသားကြီးမြင့်စိုး ။ ။ ထောင့်ကိုးရာ လေးဆယ့်ကိုး ခုနှစ် လောက်က လွတ်လပ်ရေးပြီးခါစကပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ ခင်ဗျာ။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီချိန်ခါက ရုပ်ရှင်ခေတ်မစား သေးဘူး၊ ပြဇာတ်ခေတ်စားနေတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဟုတ်ပါတယ်ခင်ဗျ။
မင်းသားကြီးမြင့်စိုး ။ ။ ပြဇာတ် မင်းသား တွေ မျိုးချစ်တို့၊ကျော်အေးတို့၊ ခင်မောင်မြင့်တို့ပေါ့ခင်ဗျာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့ခင်ဗျာ။
မင်းသားကြီးမြင့်စိုး ။ ။ ခေတ်စားနေတော့ ရုပ်ရှင်မင်းသား ကျွန်တော်မဖြစ်ချင်သေးဘူး။ ပြဇာတ် မင်းသားဖြစ်ချင်တယ်။ ဖြစ်ချင်တော့ ကျွန်တော် လူထုကောလိပ်မှာနေတဲ့ ဆရာ ဦးစိန်ဝင်း ကနေပြီးတော့ ငါ့မိတ်ဆွေ တစ်ယောက်ရှိတယ်ကွ၊ ပြဇာတ်ဒါရိုက်တာ တက္ကသိုလ်စိုး။
ကြည်စိုးထွန်း ။ ။ ဪ သိပါတယ်ခင်ဗျ၊ သီချင်းရေးတာ သိပ်ကောင်းတာပဲနော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ် သီချင်းရေးလည်း ကောင်းတယ်။ ပြဇာတ်ဒါရိုက်တာ၊ ရုပ်ရှင် ဒါရိုက်တာ လည်းလုပ်တယ် ။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ လုပ်ခဲ့သေးတယ်၊ အဲဒီတော့ သူနဲ့သွားအပ်ပေးမယ်ဆိုပြီး သွားအပ်ပေးတာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ သွားအပ်ပေးတော့ ဆရာတက္ကသိုလ်စိုးက မင်းသီချင်းအရင်ဆို ဆိုတော့ ကျွန်တော်ပြဇာတ်မင်းသားမဖြစ်ခင် သူ့ဝိုင်း မှာ သီချင်ဆိုနေတော့ အဆိုတော်ဖြစ် သွားတယ်။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အဆိုတော် စဖြစ် ပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဆိုတော် ဟိုတုန်း က တစ်ခါလာ လည်း ဘီအေအိုင်အေ။
ကြည်စိုးထွန်း ။ ။ တစ်ခါလာ လည်း ဘီအေအိုင်။
မင်းသားကြီးမြင့်စိုး ။ ။ ဘီအေအိုင်အေ ငါ့ သားလေး ဘီအေ အိုင်အေ။ ငါ့အမျိုးဝန် ဝန်ထောက်၊ အဲဒါ တော်တော်နာမည်ကြီးတယ် ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ နောက်ပြီး တော့ “လိမ္မာတယ် လိမ္မာတယ် ဘုရားပန်း ဆွမ်းချက် သီလယူမယ်”။ လိမ္မာပါတယ် လိမ္မာတယ် တရားလည်းမြဲတဲ့ အလိမ္မာလေးရယ်...။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အလိမ္မာလေး ဟို တုန်းက နာမည် ကြီးခဲ့တာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ နောက် ပင်တိုင် ကျော့မှူး မြို့ ရန်ကုန် ရွှေတိဂုံဘုရား။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ခရာတာတာ ကို ကြီးသာရင်။
ကြည်စိုးထွန်း ။ ။ ကိုကြီးသာရင်။
မင်းသားကြီးမြင့်စိုး ။ ။ ကိုကြီးသာရင် လုံမ လုံမအပျိုစင် အဲဒီသီချင်းလည်း အတော်နာမည်ကြီး ခဲ့တယ်။
ကြည်စိုးထွန်း ။ ။ ဪ မိုးလင်းလုပြီ ဆိုတာ အဲဒီဥစ္စာလား။
မင်းသားကြီးမြင့်စိုး ။ ။ မိုးလင်းလုပြီ။
ကြည်စိုးထွန်း ။ ။ မိုးလင်းလုပြီ ကိုကြီး သာရင်။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ ပြောပြ ဦးမယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်တို့ အသံ လွှင့်တော့ “မိုး လင်းလုပေါ့ ကိုကြီးသာရင် လုံမ လုံမအပျိုစင်ငါ့နွားလေးဘယ်ရောက်နေ” ဆိုတော့ အဲဒီမှာ နွားအော်သံကို ဟိုကနေပြီးတော့ ထရမ်းပက် နဲ့ လုပ်ပေးရတယ်။
ကြည်စိုးထွန်း ။ ။ ဪ ဝမ်းဘဲ။
မင်းသားကြီးမြင့်စိုး ။ ။ ဝမ်းဘဲဆိုပြီးတော့ နွားအော်သံနဲ့ မတူဘူး၊ ကျွန်တော်တို့ ဟိုလိုပေါ့။
ကြည်စိုးထွန်း ။ ။ ဆိတ်အော်သံလိုပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ မီးရထားအော်သံ လိုလို ဘာလိုလိုနဲ့ဝမ်းဘော်ဆိုပြီးတော့ ကျွန်တော်တို့ အဲဒါ လေး ဟာသဖြစ်ရသေးတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ကြားဖူးတယ်၊ အဲဒီသီချင်း အခုမရှိ တော့ဘူးလား မသိဘူးနော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ အဲဒီ မှာ ကျွန်တော်က ဆရာတက္ကသိုလ်စိုးဆီရောက်တော့ မြို့ ရန်ကုန်ရွှေတိဂုံဘုရားxx တန်ခိုးကြီးလို့ ဖူးပါ နော်၊ ကျွန်တော်ရယ်၊ အဆိုတော် စိုးအောင် ရယ်၊ သေသွားတဲ့ စိုးသန်းရယ်။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အတူ ဆိုတော့ ကျွန်တော့်ကို မေး တယ်။ မောင်မြင့်စိုး မင်းဘယ်အပိုဒ်ကို ဆိုမလဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော့်ကို ချစ် တယ်၊ ဆရာတက္ကသိုလ်စိုးက။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဆရာ တက္ကသိုလ်စိုး ပုံလည်း ကျွန်တော့် ဆီမှာရှိပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီလို ချစ်တော့ ကျွန်တော့်ကို သူ တို့ မဆိုချင်တဲ့အပိုဒ် ကျွန်တော်ဆိုမယ်။
ကြည်စိုးထွန်း ။ ။ ဟာ ဆိုမယ်။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်ဆိုမယ် အဲဒီလို မဆိုချင်တဲ့အတွက်၊ မလုပ်ချင်တဲ့အတွက်၊ လုပ်တဲ့ အတွက် ကျွန်တော်ပညာရတယ်။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဆိုရလာတယ်၊ ဆိုတတ်လာတယ်၊သီချင်းရေးတာ နားလည်လာတယ်။
ကြည်စိုးထွန်း ။ ။ သူများမဆိုချင်တဲ့ အပိုဒ် ကိုယ်က ဆိုတယ်။
မင်းသားကြီးမြင့်စိုး ။ ။ သူများ မဆိုချင်တဲ့ အပိုဒ်၊ သူများခက် တယ်ဆိုတဲ့အပိုဒ် ဆိုမယ် ။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီလို လုပ်တဲ့ အတွက်၊ မလုပ်ချင် တာ လုပ်တဲ့အတွက် ကျွန်တော်ပညာရတယ်။ ကျွန်တော်အဆိုတော်ဘဝကနေပြီးတော့ စတော့မှ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော် တို့ သမဝါယမ ပြဇာတ်ဆိုတာ လုပ်ပါတယ်။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဒါရိုက်တာ က ရန်နိုင်စိန် ဆရာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။ ရန်နိုင်စိန်က ခင်ခင်ရီရဲ့ ခင်ပွန်း နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပါ တယ် မင်းသမီး ခင်ခင်ရီ။
ကြည်စိုးထွန်း ။ ။ သူက မင်းသားတွေ၊ ဘာတွေလည်း လုပ်တယ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟာ လုပ်တယ်။
ကြည်စိုးထွန်း ။ ။ သိုက်သမိုင်းကားတွေ မှာ ကျွန်တော် တွေ့ဖူးတယ်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်၊ သူက ရုပ်ရှင်နဲ့ ပြဇာတ်မှာလည်း ဒါရိုက်တာလုပ်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ လုပ်တော့ သူနဲ့ ကျွန်တော် သမဝါယမ ပြဇာတ်ကတော့ သမဝါယမပြဇာတ် ကျွန်တော်ပထမရတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ပထမ ရတော့ ကျွန်တော့်ကျောင်း ကလည်း လူထုကောလိပ်ကလည်းပဲ ကျောင်းကပွဲလုပ်မယ်ဆိုတော့ ဆရာ ပြည်သန်းနွယ်ရယ်၊ ဂီတာဘစောကြည်ရယ် ဒါရိုက်တာ လုပ်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ တင် ကျွန်တော် ဇော်ရုံ မှာတင် ပြဇာတ်ဝင်ကရတယ် ။ ပြဇာတ်ဝင် ကတော့ ပြဇာတ်မင်းသားဖြစ်သွားပြီးတော့ တစ်ခါတည်း ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော့် ဒါရိုက်တာ ဦးချစ်ဖေကနေ ပြီးတော့ ကျွန်တော့်ကို သူအကဲခတ်တယ်၊ သူသတိရတယ်တဲ့။ မှတ်မိသွားတယ်ပေါ့။ နောက်တော့ ဒီကနေပြီးတော့ ကျွန်တော် ဘာဖြစ်သွားလဲဆိုတော့ အဆိုတော်ဘဝက နေပြီးတော့ ကျွန်တော် အဲဒီသမဝါယမ ပြဇာတ်ကတဲ့အတွက် မောင်ကြည်တိုးတို့ ရဲ့ အဖေ ရဲဝန်ထောက်ဦးအုန်းဖေ။
ကြည်စိုးထွန်း ။ ။ ဪ အဆိုတော် မောင်ကြည်တိုး။
မင်းသားကြီးမြင့်စိုး ။ ။အဆိုတော် မောင် ကြည်တိုးရဲ့ အဖေ။
ကြည်စိုးထွန်း ။ ။ ကလောအလွန် တစ် ဘူတာတို့၊ ဘာတို့ ဆိုတဲ့ ။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ် မောင် ကြည်တိုးရဲ့ အဖေ ဦးအုန်းဖေကနေပြီးတော့ ကျွန်တော့်ကို ရဲပြဇာတ်မှာခေါ်ပြီးတော့ ကခိုင်းတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ရာထူးတိုးပေးတာ ပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော် အစ က စာတိုက်ကြီးမှာ လုပ်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ စာတိုက်ကြီး မှာ လုပ်ပြီးတော့ ရဲပြဇာတ်မှာ ဝင်ကတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ရဲပြဇာတ်မှာ ဝင် ကတော့ ပြဇာတ် သုံး၊ လေး၊ ငါးနှစ်ကတော့ ကျွန်တော်နဲ့ အဲဒီ ရဲမင်းကြီး ဦးခင်မောင်ကနေပြီးတော့ ကျွန်တော်တို့ တန်ခူးလမှာ သင်္ကြန်ထွက် မယ်ပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ သင်္ကြန်ထွက်မယ် ဆိုတော့ “ကက က” ကနေပြီးတော့ သင်္ကြန်ထွက်မယ်။ မင်း မင်းသားလို ကတတ်လား ကျွန်တော့်ကို မေးတယ် ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က အမှန် မှာ ကျွန်တော်က စည်းဝါးနားလည်တယ်၊ ကတော့မက တတ်ဘူး။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဒါပေမယ့် ဝါသနာ ပါတော့ ကတတ်တယ်လို့ ကျွန်တော်ပြောတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကတတ်တယ် ပြော ရင် ကကွာတဲ့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဆိုတော့ ကမယ်၊ ကျွန်တော့် ကိုအဝတ်အစားချုပ်ပေး မင်းသားအဝတ် အစား။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ ကွင်းတက် က အဝတ်အစား ချုပ် ပေးဆိုတော့ ချုပ်ပေးမယ် ငွေတစ်ထောင် ထုတ်ပေးတယ်ဟိုတုန်းက။
ကြည်စိုးထွန်း ။ ။ မနည်းဘူးပဲပေါ့ တစ် ထောင်ဆိုတာ။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ နည်းတာ မဟုတ် ဘူး။ ကျွန်တော်က မင်းသားအဝတ်အစား ခါး ထောင် အင်္ကျီတို့၊ ပုဆိုးတို့ ဘာတို့ ၊ ကျွန်တော် ငွေချည်ထိုးတို့၊ ဘာတို့ပေါ့ ဆရာရယ်၊ လုပ်မယ် ဆိုတော့ လိုက်စုံစမ်းတော့ ဒါရိုက်တာဦးချစ်ဖေကြီးက အဲဒီငွေချည်ထိုး ထိုးနေတယ်။
ကြည်စိုးထွန်း ။ ။ ဪ ဘယ်မှာလဲ သူက။
မင်းသားကြီးမြင့်စိုး ။ ။ သူက ဂွတ္တလစ်မှာ နေတယ်။
ကြည်စိုးထွန်း ။ ။ ဪ ခုကျွန်တော်တို့ ဂွတ္တလစ်မှာလည်း ရှိသေးတယ်လေ၊ အဲဒီနေရာပဲလား။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာပဲဆရာ။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ပြီ၊ ဂွတ္တလစ်မှာ အခုရွှေချည်ထိုးတွေ၊ ဘာတွေရှိတယ်။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီ ရွှေချည်ထိုး ငွေချည်ထိုး မင်းလမ်း သူက ။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ မင်းလမ်းမှာ နေ တော့ ဦးချစ်ဖေဆီ ကျွန်တော်က ရောက်သွားတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊
မင်းသားကြီးမြင့်စိုး ။ ။ ရောက်သွားတော့ ဦးချစ်ဖေက ဟေ့ကောင် မင်း ရဲပြဇာတ်ထဲက မင်းသား မဟုတ် လား၊ မင်းရုပ်ရှင်ရိုက်မလားကွလို့ ကျွန်တော့် မေးတာ။ ဟာ ဆရာ သိပ်ရိုက်ချင်တာပေါ့ဆရာ လို့ဖြေတော့ မင်းလိပ်စာပေးဆိုပြီး။
ကြည်စိုးထွန်း ။ ။ ဦးချစ်ဖေကတော့များ သောအားဖြင့် ရာဇဝင်သိုက်သမိုင်းတို့၊ သိုက်သမိုင်း ကားတွေ ရိုက် တာ များတယ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ် ဆရာ၊ အဲဒီ တော့ ကျွန်တော့်ကို နာမည်လိပ်စာလေးမှတ်ပြီး တော့ လေး၊ ငါး၊ ခြောက်လ၊ တစ်နှစ်နီးပါးနေမှ ကျွန်တော့်ကိုရိုက်တာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဖြစ်ပုံက သူနဲ့ ရိုက် မယ့် သိုက်ကားမှာ မင်းသား က ခင်မောင်ညွန့်ကို သွားငှားတယ်။ ဒါပေမယ့် ခင်မောင်ညွန့်က သူနဲ့ ငွေရေး ကြေးရေးမတည့်ဘူးပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဪ အဆင်မပြေဘူး၊
မင်းသားကြီးမြင့်စိုး ။ ။ အပေးအယူမတည့် ဘူး။ မတည့်တော့ ဦးချစ်ဖေကနေပြီးတော့ အဲဒီ ခိုင်အောင်ကို ရုပ်ရှင်ကိုပြောတယ်၊ အဲဒီပိုင်ရှင် ကို မင်းသားအသစ် ငါတင်မယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ မင်းတို့ သက်သာ မယ်၊ ငွေလည်း သက်သာမယ် ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ တင်မလား၊ မင်း သားချောပဲ ကွ၊ အဆိုလည်းကောင်းတယ်၊ အပြောလည်း ကောင်းတယ်ဆိုပြီး ဓာတ်ပုံလေးကို ပြလိုက် တော့ သဘောကျသွားတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အဲဒီကားက အသံတိတ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ် တယ်၊ ကျွန်တော် ပြဇာတ်ထဲမှာ အဆိုကောင်းတာ သူက ပြောတာပေါ့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒါနဲ့ “ကဇိုင်းအင်း သိုက်” ရိုက်မယ်ဆိုတယ်။
ကြည်စိုးထွန်း ။ ။ ဪ ‘‘ကဇိုင်းအင်း သိုက်’’ ဆိုတဲ့ကား ပေါ့နော်။
မင်းသားကြီးမြင့်စိုး ။ ။ “ကဇိုင်းအင်းသိုက်’’ ရိုက်တော့ “ကဇိုင်းအင်းသိုက်” ရိုက်တဲ့ အတွေ့ အကြုံလေးကို ဆရာ့ပြောပြဦးမယ်။
ကြည်စိုးထွန်း ။ ။ ပြောပါဦးဗျာ။
မင်းသားကြီးမြင့်စိုး ။ ။ တော်တော်လည်း ရယ်ဖို့ ကောင်း တယ်။ ဟုတ်ကဲ့ မင်းသမီးက မေရီမြ။ မေရီမြက အင်မတန်ချောတယ်။
ကြည်စိုးထွန်း ။ ။ လှတယ် သိပ်လှတာပဲ။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော် က တစ်ခါမှ ရုပ်ရှင် မရိုက်ဖူးဘူး ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။
မင်းသားကြီးမြင့်စိုး ။ ။ ပြဇာတ်ပဲ ကဖူး တာ။
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
(ဆက်လက်ဖော်ပြပါမည်)