Skip to main content

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း

ယမန်နေ့မှအဆက်
မင်းသားကြီးမြင့်စိုး ။ ။ မေရီမြနဲ့တွဲရမယ်ဆိုတော့ ဆရာဦးချစ်ဖေက စရိုက်ရိုက်ချင်း ကျွန်တော့်ကို Love Scene အရင်ရိုက်တာ။

ကြည်စိုးထွန်း ။ ။ ဪ ဒီကောင်လေးတော့ လုပ်တတ်မှာပဲ ဆိုပြီးတော့ ။

မင်းသားကြီးမြင့်စိုး ။ ။ Love Scene ရိုက်မယ်တဲ့။ ကျွန်တော်ကလည်း ပြဇာတ်ထဲမှာ မင်းသမီးနဲ့ တွဲဖက်နေတော့ တွဲလို့ရမယ်ထင်တာပေါ့။ ဒါပေမယ့် တကယ့် တကယ်ရိုက်တဲ့အခါကျတော့ မေရီမြကို ဒါရိုက်တာကနေ ပြီးတော့ ပခုံးလေးကိုင်ပြီးစကားပြောကွ ဆိုတော့ ကျွန်တော်လက်တွေတုန်နေတယ်၊ သူက နာမည်လည်းကြီးတယ်၊ ကိုယ်ကအညတရကိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ လက်တွေတုန်နေတော့ ဦးချစ်ဖေကို မေရီမြက ဘာပြောလဲဆိုတော့ ဆရာ၊ ဆရာ့ကို သူကအဖေကြီးလို့ ခေါ်တယ် ။ အဖေကြီး တဲ့၊ ဒီမှာ မင်းသားက လက်တွေ တုန်နေတယ် ဖြစ်ပါ့မလားတဲ့ ၊ လက်တွေတုန် နေတယ် ဆိုတော့ ဟိုတုန်းက ဒါရိုက်တာကို သိပ်ကြောက်ရတယ် ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဆရာက မျက်မှန်တပ်ပြီးတော့ ဇာတ်ညွှန်းဖိုင်ကြီး ကိုင်ပြီးတော့ အနားကို ကပ်လာတယ် ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။


မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်လားမောင်မြင့်စိုး။ မင်းလက်တွေတုန်နေတယ် ဆို၊ ဟုတ်ပါတယ် ဆရာကြီးဆိုတော့။
ကြည်စိုးထွန်း ။ ။ ဪ တစ်ခါတည်း။

မင်းသားကြီးမြင့်စိုး ။ ။ သူကကျွန်တော်ကို ဆဲတော့မယ်၊ မောင်းထုတ်တော့မယ် အောက်မေ့ တာပေါ့။ မင်းထွက်သွားတော့ ဘာတော့ ပြောရင်ပြောမယ်ပေါ့ဗျာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒါရိုက်တာကို သိပ်ကြောက်ရတာကို၊ ဒါတောင်ခုထက်ထိ ကျွန်တော်တို့က ဒါရိုက်တာကို လေးစားနေတာ။ အရှိန်ပါနေတာ၊ ဒါလေးစားရမယ်လေ ဆရာ၊ သူက king of the set လေဆရာ ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီတော့ ဆရာဦးချစ်ဖေက သမီးတဲ့၊ သမီးနဲ့ မောင်မြင့်စိုးနဲ့က အခုက Love Scene စတွေ့ခါစ။ သိုက်စောင့်လေးနဲ့ ကရင် မလေးနဲ့တွေ့ခါစ First Scene ဖြစ်တယ်တဲ့။ ပထမဆုံး တွေ့ခါစ သမီး ရည်းစားတွေ့ခါစဆိုတာ ဘယ်သူပဲဖြစ်ဖြစ် လက်တုန်တယ်တဲ့။
ကြည်စိုးထွန်း ။ ။ သဘာဝကျတယ်ပေါ့လေ ။

မင်းသားကြီးမြင့်စိုး ။ ။ တုန်တဲ့အတိုင်းသာရိုက်မယ်။ ဒါမှသဘာဝကျတယ်။ ဟာ ကျွန်တော် သဘောကျသွားတယ်၊ အဲဒီကနေပြီးတော့ ပညာရသွားတာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါပြီခင်ဗျ၊ အဲဒီတော့ တခြားအခက်အခဲတော့ မရှိ လောက်ဘူးပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ရှိတာပေါ့။ ကျွန်တော့်ကို ဖိုက်တင်ရိုက်မယ်တဲ့၊ သိုက်ကားထဲမှာလည်း ဖိုက်တင်ပါတယ် ဆရာ ။


ကြည်စိုးထွန်း ။ ။ ဪ ဒါ ဖိုက်တင်ခေတ်စားသေးတာကိုး။

မင်းသားကြီးမြင့်စိုး ။ ။ ဖိုက်တင်ပါတော့ ကျွန်တော်ကမေးတယ်၊ ဘယ်လိုထိုးမလဲဆရာလို့၊ မင်းကသိုက်ကားထဲမှာလူယောင်ဆောင်ပြီးတော့ ထိုးရမှာပေါ့တဲ့။

ကြည်စိုးထွန်း ။ ။ ဪ ဪ ။

မင်းသားကြီးမြင့်စိုး ။ ။ လူယောင်ဆောင်ပြီးထိုးတော့ ကျွန်တော်နဲ့ လူကြမ်းတွေနဲ့ ကျွန်တော် တစ်ခါမှလည်း မထိုးဖူးတော့ ညကျတော့ ကျွန်တော်ပင်ပန်းပြီး ရင်ဘတ်တွေနာပြီး ကျွန်တော့်အမေက ကျွန်တော့်ကို ကြပ်ထုပ်ထိုးပေးရတယ်။

ကြည်စိုးထွန်း ။ ။ ဪ။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က တော်ပြီ မင်းသားတောင်မလုပ်ချင်တော့ဘူးဆိုပြီး စိတ်ကုန်သွားတယ်။ ဒါပေမယ့် မနက်ဖြန်တစ်ရက်၊ နှစ်ရက် တော့ နေကောင်းသွားတော့ ပြန်ရိုက်ချင်တဲ့စိတ် ပေါက်သွားတာပေါ့ ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ ဒါပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒါ ဗဟုသုတပါပဲ ဆရာ ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အဲဒီဟာက အသံတိတ်ကားနော် ။

မင်းသားကြီးမြင့်စိုး ။ ။ အသံတိတ်ကားဆရာ၊ ဗမာပြည်မှာနောက်ဆုံး အသံ တိတ်ကား ။

ကြည်စိုးထွန်း ။ ။ နောက်ဆုံး ၁၉၅၅ ခုနှစ်လား ။

မင်းသားကြီးမြင့်စိုး ။ ။ ၁၉၅၅ ခုနှစ်လောက်မှာ ရိုက်တာ၊ နောက် ၁၉၅၆ ခုနှစ်လောက်မှာ ပြဖြစ်တယ် ။

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့ အသံထွက်ပေါ်တာက ၁၉၃၂ ခုနှစ်မှာ မြန်မာ နိုင်ငံမှာ အသံထွက် စပေါ်ပြီ ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ “ငွေပေးလို့မရ’’ ဆိုတာ ၁၉၃၂ ခုနှစ်ပေါ့။ အဲဒီကပေါ်သာ ပေါ်နေတာ အသံတိတ်ခေတ်ကလည်း မကုန်ဘူး။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တာပေါ့ ဆရာ။

ကြည်စိုးထွန်း ။ ။ ဘာလို့လဲ။

မင်းသားကြီးမြင့်စိုး ။ ။ စစ်ဖြစ်သွားတာကို ဆရာရဲ့။

ကြည်စိုးထွန်း ။ ။ ခင်ဗျာ။

မင်းသားကြီးမြင့်စိုး ။ ။ စစ်ဖြစ်သွားတဲ့အတွက်။

ကြည်စိုးထွန်း ။ ။ ဟိုဒင်းဗျ အသံတိတ်ပြစက်တွေကလည်း နယ်မှာရှိတာကို။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တာပေါ့ ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ အသံထွက်စက်ကို အခက်အခဲဖြစ်တဲ့အခါကျ အသံတိတ်ကားတွေပဲ ပြနေတော့ အခုမင်းသားကြီးက အဲဒီ “ကဇိုင်းအင်း သိုက်” ကို ရိုက်တဲ့အခါကျတော့ နောက်ဆုံး အသံတိတ်ကား မှတ်မှတ် သားသားတော့ဖြစ်တာပေါ့။ သို့သော် ရုပ်ရှင်သမိုင်းမှာဆို ဒါ မင်းသားကြီး ရိုက်တဲ့ကားဟာ ‘ကဇိုင်းအင်းသိုက်’ ဒါရိုက်တာဦးချစ်ဖေ၊ မေရီမြနဲ့ ပေါ့နော်၊ အဲဒီကားဟာဆိုရင် နောက်ဆုံးကားဆိုတာ။

မင်းသားကြီးမြင့်စိုး ။ ။ ခင်ခင်ဥလည်း ပါသေးတယ်ဆရာ ။

ကြည်စိုးထွန်း ။ ။ ဪ ခင်ခင်ဥဆိုတာ မှဲ့လေးနဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ ရှေ့တုန်းကမင်းသမီး မှဲ့လေးနဲ့။

ကြည်စိုးထွန်း ။ ။ စစ်ကြိုခေတ်က မင်းသမီးပေါ့ ။

မင်းသားကြီးမြင့်စိုး ။ ။ နောက်ပြီးတော့ မင်းသားညွန့်တင်လည်း ပါတယ် ဆရာ။
ကြည်စိုးထွန်း ။ ။ ဪ သိပါတယ်ခင်ဗျ။ မင်းသားညွန့်တင် ဆံပင်ကောက် ကောက်နဲ့၊ ဟုတ်ကဲ့ ဟုတ်ကဲ့ ဪ- တော်တော်စုံတာပဲ ။

မင်းသားကြီးမြင့်စိုး ။ ။ တော်တော်စုံတယ်၊ အဲဒီဇာတ်ကားထဲမှာ လူရွှင်တော် ပန်ချာလည်း ပါတယ်။
ကြည်စိုးထွန်း ။ ။ ဪ သိတယ်ခင်ဗျ ဝဝကြီး ။

မင်းသားကြီးမြင့်စိုး ။ ။ ပန်ချာက ကျွန်တော့်ကို သဘောကျပြီးတော့ ပဒေသာ ဖလင်းက နေပြီးတော့ အချစ်ဇာတ်ခုံ ကျားဦးသိန်းမောင်နဲ့ ရိုက်မယ်ဆိုတော့ လက်ထောက်မင်းသား တစ်ယောက်လိုတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ Second Hero ပေါ့ဆရာရယ်။ လိုတော့ ဒီပြင် မင်းသားတစ်ယောက်နဲ့ သွားစကားပြောတော့ ခုလိုပဲပေါ့ အဆင်မပြေတော့ ကျွန်တော့်ကိုတင်ရိုက်မယ် ပန်ချာကပြောတဲ့အတွက် မောင်မြင့်စိုးဆိုတာ ရှိတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အခု ‘ကဇိုင်းအင်းသိုက်’ ရိုက်နေတာတော်တယ်။ သီချင်းနဲ့ ကျွန်တော်တို့ ရုပ်ရှင်ကား ဟိုတုန်းက Shooting bus နဲ့ လိုက်ရ တာပေါ့ ဆရာရယ်။ လိုက်တော့ လမ်းမှာ ကျွန်တော် သီချင်းတွေ ဘာတွေ ဆိုသွားတာပေါ့။

ကြည်စိုးထွန်း ။ ။ ဪ ဪ။

မင်းသားကြီးမြင့်စိုး ။ ။ ဝါသနာပါတယ်။ ဟာ ဒီကောင်အသံလည်းကောင်းတယ်။

ရုပ်လည်းဆရာပြောသလိုပေါ့။ လူချောပေါ့ဆရာရယ် ။

ကြည်စိုးထွန်း ။ ။ လူချော လူလှ ။

မင်းသားကြီးမြင့်စိုး ။ ။ အခုတော့ လူပေါ့ ဖြစ်နေပြီပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ မဟုတ်ပါဘူးဗျာ၊ ကျန်ပါသေးတယ်အများကြီး၊

မင်းသားကြီးမြင့်စိုး ။ ။ အဲဒါနဲ့ ကျွန်တော့်ကို ကျားဦးသိန်းမောင်က ကျွန်တော့် ရုံးမှာ၊ ကျွန်တော် အဲဒီတုန်းက ရဲမှာ၊ ရဲမှာလုပ်တုန်း ဆရာရဲ့၊ ကျွန်တော့်ရုံးကို လိုက်လာတယ်။ လိုက်လာပြီးတော့ ကျွန်တော့်ကိုလာ သဘောကျပြီးတော့ ‘အချစ်ဇာတ်ခုံ’ ရိုက်မယ်ဆိုတော့ အဲဒီမှာ အသံထွက် စရိုက်ရတယ် ပဒေသာ ဖလင်း ။

ကြည်စိုးထွန်း ။ ။ ပဒေသာဖလင်းက နာမည်ကြီး၊ ဘာလို့လဲဆို နောက်ပိုင်းကျ ပဒေသာ ဖလင်းကနေပြီးတော့ နန်းတွင်းအရေးတော်ပုံတို့၊ ဘာတို့ ရိုက်တာကိုး၊ နောက်ပြီးတော့ အဲဒီက ဦးထွန်းလင်း ထင်တယ်နော် ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ဦးထွန်းလင်း ။

ကြည်စိုးထွန်း ။ ။ ဦးထွန်းလင်းဟာ တစ်ခါတည်းကို အသက်ကိုရင်းပြီးတော့ ရိုက်သွားတာ အဲဒီကားကနော် ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်ဆရာ ဟုတ်တယ် ။

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့ကြားသလောက် တကယ့်ကြီးကြီးကျယ်ကျယ် ကားကြီးကို သူရိုက်သွားပြီးတော့ ပဒေသာဖလင်းကလည်း ဒီမြန်မာ့ရုပ်ရှင်လောကမှာဆိုရင်တော့ အကြီးကျယ်ဆုံး ကားတစ်ကားကို ရိုက်သွားတဲ့ ရုပ်ရှင်ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့က အလေးအမြတ်ပြုရမှာပဲ။ ဂုဏ်ယူဖွယ် ကောင်းတဲ့ကုမ္ပဏီနဲ့ မင်းသားကြီးက ရိုက်ခဲ့ ရတယ်ဆိုတော့ ဒါဂုဏ်ယူဖို့ ကောင်းပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ပဒေသာဖလင်းက ‘အချစ်ဇာတ်ခုံ’။

မင်းသားကြီးမြင့်စိုး ။ ။ ပဒေသာဖလင်းက ‘အချစ်ဇာတ်ခုံ’။

ကြည်စိုးထွန်း ။ ။ မေရီမြင့်ပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့်နဲ့ ပထမဆုံးစတွေ့တာ။

ကြည်စိုးထွန်း ။ ။ နောက် ရိုးရိုးကြီးဇေယျ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ နောက် မင်းသားကြီးဇေယျလည်း ပါတယ်နော် ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ အဲဒီမှာ နောက်တစ်ခါပြောစရာက ဒါရိုက်တာ၊ မင်းသားကြီးက နာမည်ကြီးတဲ့ ဒါရိုက်တာနဲ့ချည်းရိုက်တာ၊ ပထမစတက်တဲ့အခါကျတော့။

မင်းသားကြီးမြင့်စိုး ။ ။ ဆရာဦးချစ်ဖေ။

ကြည်စိုးထွန်း ။ ။ ဦးချစ်ဖေဆိုတာ တကယ့်နာမည်ကြီးပါနော်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်ဆရာ။

ကြည်စိုးထွန်း ။ ။ ကျွန်တော်သိတာတော့ ဦးချစ်ဖေက ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ရရင် သူက သိုက်ဆရာကြီးတွေနေရာမှာပါတယ် သူက။

မင်းသားကြီးမြင့်စိုး ။ ။ သိုက်ဆရာ သူကဇာတ်ကောင်လည်း ဝင်လုပ်တယ်။
ကြည်စိုးထွန်း ။ ။ သိုက်ဆရာကြီးနေရာပါပြီးတော့ သိုက်ကားတွေ ရိုက်တာ သိပ်ကောင်းတာ။
မင်းသားကြီးမြင့်စိုး ။ ။ ဟာ တော်တာပေါ့၊ သူကနောက်ပြီးတော့ ဆရာရဲ့ glass ပေါ့ဆရာရယ်၊ မှန်ချပ်သိပ်ကောင်းတယ်။
ကြည်စိုးထွန်း ။ ။ မှန်ချပ် ဟုတ်ကဲ့ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မှန်ချပ်ကို ဆရာရဲ့ fore ground နဲ့ပေါ့ ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ နန်းတော်ပုံတို့၊ ဥယျာဉ်ပုံတို့၊ ဘာတို့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သိပ်တော်တယ်ဆရာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ သူကပန်းချီလည်း ပန်းချီဆရာ ။

ကြည်စိုးထွန်း ။ ။ ဪ အဲဒါကြောင့်ပေါ့ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ သိပ်တော်တယ် ။

ကြည်စိုးထွန်း ။ ။ ခုနက ရွှေချည်ထိုးတွေ၊ ဘာတွေလည်း ရတယ်နော် ။

မင်းသားကြီးမြင့်စိုး ။ ။ဟုတ်တယ် ဆရာ။

ကြည်စိုးထွန်း ။ ။ နောက်တစ်ခါကျတော့ နောက်ဒုတိယဒါရိုက်တာကျတော့ မင်းသားကြီးက

ဘယ်သူနဲ့ ရိုက်ရလဲဆိုတော့ ကျားဦးသိန်းမောင်ပေါ့နော်။

မင်းသားကြီးမြင့်စိုး ။ ။ ကျားဦးသိန်းမောင် ၊

ကြည်စိုးထွန်း ။ ။ ကျားဦးသိန်းမောင်ဆိုတာလည်း တကယ့်ကို ‘ကျား’ ဆိုတဲ့ ကားနဲ့ တစ်ကား တည်းနဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟာ သိပ်နာမည်ကြီးတာ၊ ချစ်ဆွေလေ ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ချစ်ဆွေတို့၊ ကျော်ညွန့်တို့ ဆရာ။ x ကျားဆိုမှ ကျား ပါ xx ညီညီညာညာ xx သီချင်းက သိပ်ကောင်းတာ၊ ကျွန်တော်တို့ ငယ်ငယ် တုန်းက ကြည့်ခဲ့တာပေါ့ဆရာရယ် ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဒါကတော့ အသံတိတ်ပေါ့နော် ၊ စစ်ကြိုခေတ်က ပေါ့၊ ဒီဘက်စစ်ပြီးခေတ်ရောက်တဲ့အခါကျတော့ မင်းသားကြီးက အဲဒီလို တကယ့်နာမည်ရတဲ့၊ တကယ့်ကို ပညာစုံတဲ့၊ ပညာပြည့်ဝတဲ့ ဒီဒါရိုက်တာကြီးနဲ့ သွားတွေ့ရတာပေါ့၊ ကျားဦးသိန်းမောင်ဆိုတာနဲ့ လေနော်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ မေရီမြင့်က အင်မတန်လှတယ်လို့ပြောတယ်။ ဘာလို့ မေရီမြင့်လှလဲဆိုတော့ ကျွန်တော့်တည်းဖြတ်ဆရာ ညွန့်မြန်မာက ကိုတင်ငွေတဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။


ကြည်စိုးထွန်း ။ ။ ဆုံးသွားရှာပါပြီ။ အဲဒီတော့ ကိုတင်ငွေက ဘယ်သူတွေ ဘာပြောပြောကွာတဲ့ မင်းသမီးထဲမှာတော့ ငါက မေရီမြင့်ကို အကြိုက်ဆုံးပဲတဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပါတယ်။

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့ကတော့ ပိတ်ကားနဲ့ပဲ မြင်ဖူးတာကိုး ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တာပေါ့ ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ကျွန်တော့်ဆရာကတော့ အဲဒီလိုပြောသွားဖူး တယ် မင်းသားကြီးရဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ဘယ်လောက်များချောသလဲ မင်းသားကြီး ပြောစမ်းပါဦး။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပြီ၊ ဟုတ်ပြီဆရာ၊ တကယ် အခုထက်ထိ ကျွန်တော်တို့ ကောင်လေးတွေ လူငယ်တွေမင်းသမီးတွေ မေးတုန်းပဲ။ ဟိုတုန်း က မင်းသမီးဘယ်သူချော၊ ဟိုတုန်းက မင်းသား မင်းသမီးတွေကို၊ မင်းသမီး တွေကို သူတို့က ချောတယ်လို့ မထင်ဘူးဆရာရဲ့ ။

ကြည်စိုးထွန်း ။ ။ မှားသွားမယ်၊ မှားသွားမယ် ။

မင်းသားကြီးမြင့်စိုး ။ ။ အမှန်မှာက အခုခေတ်ပဲ သူတို့က ချောတယ်ထင်တာ။

ကြည်စိုးထွန်း ။ ။ ထင်တာ။

မင်းသားကြီးမြင့်စိုး ။ ။ ဒါထုံးစံပေါ့ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ခဏလေး မင်းသားကြီးရဲ့ ဖြတ်ပြောပါရစေ ။ ကျွန်တော် အခုပေါ့လေ ဒီရုပ်ရှင်သမိုင်းကို ပြန်ပြီးတော့ ထုတ်ဖော်ပြီးတော့ပေါ့လေ ဒီသမိုင်းကိုလိုက်တဲ့အခါကျတော့ ကျွန်တော်က မင်းသား မင်းသမီးတွေကို ကြည့်တာပေါ့၊ အထူးသဖြင့် မင်းသမီးတွေပေါ့လေ ။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ မင်းသမီးတွေကြည့်တဲ့အခါကျတော့ မင်းသမီးတွေ သိပ်လှ တာပဲ ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်ဆရာ။

ကြည်စိုးထွန်း ။ ။ လှတာ ဘယ်လိုလှလဲဆိုတော့ မြန်မာပုံစံလှတယ် ။

မင်းသားကြီးမြင့်စိုး ။ ။ မှန်တာပေါ့ ။

ကြည်စိုးထွန်း ။ ။ အခု ကိုရီးယားပုံစံ မဟုတ်ပါဘူး။ အနောက်နိုင်ငံပုံစံ လှတာ မဟုတ်ဘူးနော် ။

မင်းသားကြီးမြင့်စိုး ။ ။ မှန်တယ် မှန်ပါတယ်။

ကြည်စိုးထွန်း ။ ။ မြန်မာပုံစံနဲ့ အရင်ကလှခဲ့ဖူးတဲ့မင်းသမီးတွေ အများကြီး တွေ့တာ၊ အဲဒီတော့ မင်းသားကြီး ကဲ မေရီမြင့်အလှကို ပြောစမ်းပါဦး ။

မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့် ဆရာရယ် ရှင်းရှင်းပြောရရင်တော့ မေရီမြင့် အလှက သူက အော်ရယ်ဂျင်နယ်ပဲ ။ အော်ရယ်ဂျင်နယ်လှတာ ၊ အသားရော၊ ရုပ်ရည်ရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ အရပ်အမောင်းရော ပြောစရာမလို အောင်ကို လှတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့်နဲ့တူတာ၊ မေမြင့်နဲ့ သွားတူတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒါပေမယ့် မေရီမြင့်က ပိုချောတယ်။

ကြည်စိုးထွန်း ။ ။ မေမြင့်က ကျွန်တော် သိတာက မေမြင့်က ကျွန်တော်တို့ ဟိုဘက်က။

မင်းသားကြီးမြင့်စိုး ။ ။ အေဝမ်းဦးညွန့်မောင်ရဲ့ ဇနီး။

ကြည်စိုးထွန်း ။ ။ သိတယ် ထိုင်းသွေးတောင် စပ်တယ်လို့ပြောတယ် ။

မင်းသားကြီးမြင့်စိုး ။ ။ ဪ ဟုတ်တယ်၊ သူက ရှန်ဟဲမယ်လို့ ပြောတယ် ဆရာ။

ကြည်စိုးထွန်း ။ ။ ရှန်ဟဲမယ်က မေရီမြင့် ။

မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့် မေရီမြင့် ။

ကြည်စိုးထွန်း ။ ။ ဟိုဘက်က မေမြင့် ။

မင်းသားကြီးမြင့်စိုး ။ ။ ဪ မေမြင့်လား။

ကြည်စိုးထွန်း ။ ။ မေမြင့်က ထိုင်း။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်လား။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် ။

ကြည်စိုးထွန်း ။ ။ ထိုင်းသွေးစပ်တယ်ကြားတယ် ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်မယ် ဟုတ်မယ် ။

ကြည်စိုးထွန်း ။ ။ အဲဒီလို၊ ဒါကြောင့် သူကအသံတောင်မှ ထိုင်းမှာလည်း နေဖူးတာကိုး ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ ငယ်ငယ်က ထိုင်းမှာနေဖူးတော့ အသံကလည်းဝဲတယ်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ နည်းနည်း အဲဒါကိုပြင်ရတယ်ပေါ့ ။ နောက်ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သမီးဆို

အေဝမ်းရောက်တာပဲ ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ အေဝမ်းရောက်ပြီးတော့ ‘မေ’ ထဲပါသွားတာပဲ ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ကဲ မေရီမြင့်ကိုပြောဦး၊

မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့်နဲ့ ကျွန်တော် အဲဒီမှာ ‘အချစ်ဇာတ်ခုံ’ မှာ စရိုက်တော့ ကျွန်တော်နဲ့ မေရီမြင့်နဲ့တွဲတဲ့ပုံ၊ ကျွန်တော်ကလည်း ဆရာပြော သလိုပေါ့၊ ရုပ်ရည်ကလည်း ဟိုတုန်းက ငယ်ငယ်တုန်းကချောတယ်။ မေရီမြင့်နဲ့ လိုက်တယ်ဆိုတော့ ဆရာဦးချင်းစိန်ကနေပြီးတော့ ဇာတ်ကားတစ်ကား ရိုက်ဖို့လို့ စီစဉ်တယ်။

ကြည်စိုးထွန်း ။ ။ ဪ ဆက်ပြီးတော့ ။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာလည်း ကျွန်တော်သတိရလို့ ပြောပြဦးမယ်။ ဆရာဦးချင်းစိန်က အေဝမ်းမှာ အဲဒီတုန်းက လခစား။

ကြည်စိုးထွန်း ။ ။ မှန်ပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ လခစားလုပ်တော့ ကိုမြင့်အောင်နဲ့ ရိုက်တဲ့ ‘လေထဲ ကဖူးစာ' ဆိုတဲ့ဇာတ်ကား။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကိုမြင့်အောင်နဲ့ မရိုက်ခင် သူက အေဝမ်းကို သူက တင်ပြတယ်။ ကျွန်တော့်ဆီမှာ ကျွန်တော်က တက္ကသိုလ် တကောင်းကျောင်း ဆောင်က ဆရာဦးကျော်ထွန်းနဲ့ ပတ်သက်ပြီးတော့ လည်းကောင်း၊ နောက်ပြီး တော့ ဘိတ်ကလာတဲ့ငံပြာရည် ဦးကျော်စိုး၊ ဦးကျော်စိုးနဲ့ ပတ်သက်ပြီး တော့လည်းကောင်း ဆရာဦးချင်းစိန်နဲ့ ဆက်သွယ်မှုရခဲ့တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ရတော့ ဆရာဦးချင်းစိန်က ကျွန်တော်က အဆိုတော်လည်း ဖြစ်တယ်၊ ပြဇာတ်မင်းသားလည်းဖြစ်တယ်၊ သီချင်းလည်းဆိုတတ်တယ်၊ ရုပ်လည်းရှိတယ်ဆိုတော့ ‘လေထဲက ဖူးစာ’ ကိုကျွန်တော်နဲ့ ရိုက်ဖို့ စီစဉ်တာ၊ စီစဉ်တော့ အေဝမ်းကို သူကတင်ပြတယ် ။ တင်ပြတော့ အဲဒီစကား ဆရာ ဦးချင်းစိန်ပြန်ပြောမှ ကျွန်တော်သိရတာပါ။ တင်ပြတော့ အေဝမ်းကနေပြီးတော့ မောင်မြင့်အောင်ရှိသားပဲ။ မောင်မြင့်အောင် လခစားဖြစ်နေတာပဲ ။ မောင်မြင့်အောင်က သီချင်းမဆိုတတ်ပါဘူးဆိုပြီး ဥက္ကဋ္ဌဦးတင်နွယ်တို့ကို ပြောပြတာပေါ့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မောင်မြင့်စိုးက သီချင်းလည်းဆိုတတ်တယ် ‘လေထဲ ကဖူးစာ’ နဲ့ Character လိုက်တယ် ပေါ့ဆရာရယ်။ လိုက်တယ်ဆိုတော့ ဟ၊ လွယ်ပါတယ် ကိုချင်းစိန်ရဲ့ မောင်ဝေဇင်ရှိသားပဲ ။

ကြည်စိုးထွန်း ။ ။ ဝေဇင်ကို ဆိုခိုင်းရမယ် ။

မင်းသားကြီးမြင့်စိုး ။ ။ မောင်ဝေဇင်နဲ့ play back ပေါ့ဟုတ်လား ။ substitute ပေါ့ဆရာရယ်။ အဲဒီလိုလုပ်လိုက်ပြီးတာပဲ ဆိုတော့ အဲဒါနဲ့ အေဝမ်းကိုမလွန် ဆန်နိုင်တော့ ကျွန်တော်နဲ့ မရိုက်ဖြစ်ဘဲနဲ့ မြင့်အောင်နဲ့ ရိုက်တဲ့အတွက် ကိုမြင့်အောင်သည် ကျွန်တော့်ထက် ဇာတ်ကားတစ်ကား စောသွားတယ်။ ‘လေထဲကဖူးစာ’။ မြင့်မြင့်ခင်နဲ့ တူပါတယ်နော် ။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ မြင့်မြင့်ခင်ရယ်၊ ဝေဇင်ရယ် အဲဒီတုန်း ကပါတာ ဦးချင်းစိန်နဲ့ နောက် ဒေါ်မေနွဲ့တို့ပေါ့လေ ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။ တစ်ခုတော့ ကောင်းပါတယ်မင်းသားကြီးရဲ့။ ဘာလို့တုန်း ဆို ကျွန်တော်တို့ ဒီရုပ်ရှင်ကြည့် ပရိသတ်အနေနဲ့ မင်းသားချော မင်းသားလှ နှစ်ယောက်ကြည့်ရတာပေါ့ ။
မင်းသားကြီးမြင့်စိုး ။ ။ ပိုစုံသွားတာပေါ့၊ အပြိုင်အဆိုင်ပေါ့ဆရာ။ ခေတ်ပြိုင် ဖြစ်သွားတာပေါ့။
ကြည်စိုးထွန်း ။ ။ ဒါပေါ့မင်းသားကြီးရယ်၊ ဆိုလိုတာကတော့ ပင်လယ်ရေပဲ၊
မင်းသားကြီးမြင့်စိုး ။ ။ ဒါပေါ့။

ကြည်စိုးထွန်း ။ ။ သမုဒ္ဒရာရေပဲ။

မင်းသားကြီးမြင့်စိုး ။ ။ သိပ်ကောင်းတာပေါ့၊ ညီအစ်ကိုတွေလို ဖြစ်သွား တာပေါ့။

ကြည်စိုးထွန်း ။ ။ မှန်ပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒါနဲ့ ကျွန်တော်က ‘ချစ်ဖေဖေ’ မှာ ဆရာဦးချင်းစိန်က အေဝမ်းက ထွက်ပြီးတော့၊ မြညွန့်ရုပ်ရှင်ကနေပြီးတော့ ‘ချစ်ဖေဖေ’ရိုက်မယ် ဆိုတော့ မေရီမြင့်နဲ့ တွဲလိုက်တာ ။ နောက်ပြီးတစ်ခု ပြောပြဦးမယ်။ ခုနက ‘အချစ်ဇာတ်ခုံ’ မှာ ကျွန်တော့်ဆရာ ကျားဦးသိန်းမောင်ပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ပထမ တော်ကီဒါရိုက်တာပေါ့ ။ ရိုက်တော့ ကျွန်တော့် ကို ကျောင်းသားဘဝလေးနဲ့ရိုက်တော့ မေရီမြင့်နဲ့တွဲတော့ အခန်းကသိပ်မများ ဘူးဆရာရယ်။ ကျွန်တော်က မော်တော်ကားမောင်းပြီးတော့ မေရီမြင့်နဲ့ တွေ့ပြီး အပြန်မှာ

အက်ဆီးဒင့်ဖြစ်သွားပြီး သေသွားတာ။ သေသွားတာ ဇာတ်လမ်း ဇာတ်ကပေါ့၊ သေသွားတော့ ပရိသတ်ကနေပြီးတော့ ပြောတယ် ပေါ့။ ဒီလောက်တောင်ချောတဲ့၊ ဒီလောက်တောင်တော်တဲ့ မင်းသားလေးကို အစောကြီး သတ်ပစ်လား၊ ဒါရိုက်တာက အစောကြီးသတ်ပစ်တယ်၊ နောက်မှ ပြန်ကြားတာပါ၊ ဒါဇာတ်လမ်းအရပေါ့။ ဒါဆရာ့အပြစ်မဟုတ်ပါဘူး၊ ဇာတ်လမ်း အရ ။
ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ မှန်တာပေါ့ ။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်သေသွားတော့မှ သူက မေရီမြင့်က ဖိုးပါ ကြီးနဲ့ ပြန်တွေ့ ရမှာ ကိုး။

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

(ဆက်လက်ဖော်ပြပါမည်)