Skip to main content

အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် အောက်တိုဘာ ၂

အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ရိုသေလေးစားတန်ဖိုးထားရပါသော မိဘပြည်သူတောင်သူလယ်သမားဦးကြီး များခင်ဗျာ-

ကျွန်တော်က အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (အန်၊ ယူ၊ ဒီ) ဥက္ကဋ္ဌ ဦးစိန်ဝင်း ဖြစ်ပြီး၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။

- ကျွန်တော်တို့ရဲ့ ပါတီ၏ သဘောထား၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို အနှစ်ချုပ်တင်ပြရရင်

- တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်များဖြင့် အခြေခံ၍ ဖွဲ့စည်းထားသော လပြည့်ဝန်းနှင့် လယ်သမား(အန်၊ ယူ၊ ဒီ) ပါတီဖြစ်ပါတယ်။

- ကျေးလက်လူထု၊ တောင်သူလယ်သမား ချမ်းသာမှ၊ အလုပ်သမားဘဝ အဆင့်အတန်း မြင့်မားမှ၊ တတ်သိပညာရှင်များ လူမှန်၊ နေရာမှန်၊ တာဝန် မှန်ကျင့်သုံးနိုင်မှ ပြုပြင်ပြောင်းလဲ တိုးတက်မည်ဟု ခံယူသိရှိထားပါတယ်။

- ၇၀% ရှိသော ကျေးလက်တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမား သမဂ္ဂအဖွဲ့ချုပ်ကြီး ဖြစ်ပေါ် လာအောင် ရေရှည်ဦးတည်ဆောင်ရွက်သွားမည့် တစ်ခုတည်းသော ပါတီဖြစ်၍ တောင်သူလယ်သမားတိုင်း၊ အလုပ်သမားတိုင်း၊ တတ်သိပညာရှင်များ ယုံကြည် အားကိုးရသော ပါတီကြီးဖြစ်ပေါ်လာအောင် ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

- တိုင်းပြည်စီးပွားရေး ဦးမော့လာစေရန်နှင့် အရှိန်အဟုန်မြှင့်တင်နိုင်ရန် လယ်ယာသားငါးကဏ္ဍ စီးပွားရေးကို အခြေခံအုတ်မြစ်ကောင်းများ ချမှတ်ဆောင်ရွက်သွားပါမယ်။

- ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးဦးစားပေး ဆောင်ရွက်သွားပါမယ်။

- ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ဖွဲ့စည်းပုံ ရေးဆွဲပြဋ္ဌာန်းသွား နိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။

- နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများ ပြန်လာနိုင်ရေးအတွက် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ များပြားစွာ ဖန်တီးဆောင်ရွက်သွားပါ မယ်။

- သယံဇာတ ဖော်ထုတ်သုံးစွဲမှုနှင့်ပတ်သက်၍ စည်းမဲ့၊ ကမ်းမဲ့ မဖြစ်စေဘဲ ဒေသခံ ပြည်သူလူထုအကျိုးပြုစေသော ဒေသခံပြည်သူများဆန္ဒအရ စနစ်ကျနစွာ လုပ်ထုံးလုပ်နည်းများရေးဆွဲ၍ စည်းကမ်းစနစ်တကျ စီမံဆောင်ရွက်သွားပါမယ်။

- မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းအဖြေရှာ သဘောထား သဘောတူရယူ၍ ငြိမ်းချမ်းစွာ တည်ဆောက်သွားပါမယ်။

- စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားအရေး များကို ကျွမ်းကျင်သော တတ်သိပညာရှင်များနှင့် တိုင်းရင်းသား ပြည်သူ့ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ပါဝင် ပူးပေါင်းဆောင်ရွက်သွားပါမယ်။

- အန်၊ ယူ၊ ဒီ ပါတီဟာ မတရားမြေသိမ်းထားသော ပြဿနာများကို ထိခိုက်နစ်နာမှုမရှိစေရန် ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက် သွားပါမယ်။

- တောင်သူလယ်သမားများ အခက်အခဲကြုံတွေ့နေရသော အရင်းအနှီး နည်းပါးမှု၊ တောင်သူ လယ်သမားတိုင်း စက်ကိရိယာများ အစားထိုးသုံးစွဲ နိုင်ရေး၊ ရေရရှိရေးနှင့် ရေကိုအကျိုးရှိရှိ အသုံးချရေး၊ အရည်အသွေးမြှင့် ကုန်ထုတ်လုပ်နိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ် ဟန့်တားရေး၊ လယ်ယာသားငါး ထုတ်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အာမခံရှိရေး လုပ်ငန်းများ ကို အဓိကဦးစားပေး ဆောင်ရွက်သွားပါမယ်။

- အန်၊ ယူ၊ ဒီ ပါတီသည် ဂဠုန်ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်တို့ အား အစဉ်ဂါရဝပြု လေးစားတန်ဖိုးထား ဦးထိပ်ထားပြီး ၎င်းတို့ရဲ့ ရည်မှန်းချက်များကို အခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားပါမယ်။

- ကျွန်တော်တို့ပါတီကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်သည့် မြို့နယ် များမှာ-

မိုးကုတ်၊ ပြင်ဦးလွင်၊ မြစ်သား၊ ပျဉ်းမနား၊ ဇမ္ဗူသီရိ၊ ဒက္ခိဏ၊ လယ်ဝေး၊ ရေတာရှည်၊ မအူပင်၊ ကျိုက်လတ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်လောင်း (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

- ကျွန်တော်တို့ပါတီသည် အစိုးရဖွဲ့နိုင်အောင် အင်အားမရှိသေးသော်လည်း ရှိတဲ့အင်အားနှင့် သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရဖြစ်ပေါ်လာအောင် လွှတ်တော်ထဲတွင် သတ္တိရှိရှိ ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံ ထိန်းကျောင်း၊ ထိန်းမတ်၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဟု ခံယူထားပါသဖြင့် (အန်၊ ယူ၊ ဒီ) ပါတီကိုယ်စားလှယ်လောင်းများကို အရည်အချင်း ရှိရင် မဖြစ်မနေမဲထည့်ပေးကြပါလို့ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်။

- ကျေးလက်လူထု ဆင်းရဲခြင်းမှ လွတ်ကင်းဖို့၊

- မတရားသိမ်းမြေပြန်ရရှိဖို့၊

- တတ်သိပညာရှင်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့၊

- မှန်(၇)မှန် ဖြစ်သော လူမှန်၊ နေရာမှန်၊ တာဝန်မှန်၊ စနစ်မှန်၊ အကျင့် မှန်၊ စိတ်ဓာတ်မှန်၊ လုပ်ဆောင်ချက်မှန် နည်းလမ်းများ ကျင့်သုံးနိုင်ဖို့ အန်၊ ယူ၊ ဒီကို မဲပေးကြပါ........... ။

အန်၊ ယူ၊ ဒီပါတီ၏

- လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်ချက်များမှာ -

- မတရားသိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်၍ အေလာ၊ သဲကော် ကြီး၊ သော်မော်ကုန်း၊ ကြောင်ရေ၊ ကုသပိတ်၊ အေးချမ်းသာ၊ ပျံချီ၊ ညောင်မုတ်ဆိတ်၊ ရေကာ၊ ဘိုကတော်၊ စည်ပိုင်း နယ်မြေဒေသများတွင် မြေပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။

- ဆည်ရေရရှိရေးအတွက် ကြို့ကုန်းတောင်သူလယ်သမားများနှင့် လည်းကောင်း၊ သရက်ကုန်း တောင်သူလယ်သမားများနှင့်လည်းကောင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ်။

- သစ်တောမြေနှင့်ပတ်သက်၍ ဇလီငှက်ကြီးတောင်၊ သစ်ကြိမ်၊ စံပြ၊ ဘိုကတော် ဒေသရှိ ပုံစံ(၇)ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

- ကုန်သာ လမ်းကိစ္စ၊ သရက်ကုန်း မီးကိစ္စ၊ ကြို့ကုန်းမှတ်ပုံတင်ကိစ္စများ ကိုလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ်။

- ပြည်ထောင်စုနယ်မြေတစ်ဝန်းလုံးဒေသရှိ အကူအညီတောင်းခံချက် အားလုံးကို ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

- မိုးကုတ်မြို့နယ် လီဆူတိုင်းရင်းသားများ နိုင်ငံသားစစ်ဆေးရေးကတ် ၁၆၀၀ ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း။

- ပြင်ဦးလွင်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မတရားသိမ်းဆည်း လယ်ယာမြေပြန်လည်ရရှိရေး ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း။

- မြို့နယ်အလိုက် တင်ပြလာသော ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတား၊ မီး၊ ကျောင်းများရရှိရေးကို လွှတ်တော်ထဲတွင် ကြယ်ပွင့်မပြမေးခွန်းဖြင့် တင်ပြတောင်းဆိုပေးခဲ့ပါတယ်။

- ၂၀၁၅ မှ၂၀၁၆ ထိ တောင်သူလယ်သမား၊ အလုပ်သမားလူငယ်ရေးရာကော်မတီဥက္ကဋ္ဌအဖြစ် (၁)နှစ် ထမ်းဆောင်ခဲ့ပါတယ်။

- (၁) အရန်ရိက္ခာထားရှိရေး အဆို၊ (၂) ခိုင်းကျွဲ၊ ခိုင်းနွား မရောင်းချစေ ရန်အတွက် ချေးငွေများ နှစ်တို/နှစ်ရှည် ထုတ်ချေးပေးရေးအဆို၊ (၃) သီးနှံဈေးနှုန်း၊ ဈေးကွက်ရရှိရေးနှင့် တောင်သူ လယ်သမားများ ဈေးကွက်စနစ်ဖော်ဆောင်ပေးရေးအဆိုများကို တင်သွင်းခဲ့ပါတယ်။ လွှတ်တော် ထဲတွင် အင်အားနည်းသည့်အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ လယ်သမားကိုယ်စားပြု ကိုယ်စားလှယ်လွှတ်တော်ထဲမှာ အင်အားများ များရှိဖို့ လိုအပ်ပါတယ်။

- အန်၊ ယူ၊ ဒီ ပါတီကိုယ်စား မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ခြေဥပြင်ဆင် ရာတွင်ပုဒ်မပေါင်း ၄၂၀ စတုတ္ထ အဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါတယ်။

- အန်၊ ယူ၊ ဒီ ပါတီမှ လွှတ်တော်အတွင်း ပြောကြားချက်များမှာ -

- ကျေးရွာသာယာမှ မြို့နယ်စည်ပင်ဖွံ့ဖြိုးမည်၊ မြို့နယ်စည်ပင်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးတိုးတက်စေ ပါတယ်။ ဒါကြောင့် ကျေးရွာသာယာအောင်၊ ဖွံ့ဖြိုးအောင် ပထမဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း။

- တိုင်းပြည်စီးပွားရေး တိုးတက်ရန် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံရသူ၊ စနစ်အကြောင်း တရား(၃)မျိုး အရေးကြီးကြောင်း၊ အစိုးရ၊ ပြည်သူ၊ စနစ်၊ ကောင်းမွန်မှုမရှိလျှင် အမေရိကန် တစ်နိုင်ငံသာမက သုံးနိုင်ငံလာကူညီ လည်း ဆင်းရဲနေမှာဖြစ်ကြောင်း။

- တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားနှင့် အခွင့်အရေးတွေကို ဘယ်လို၊ ဘယ်ပုံ၊ ဘယ်နည်း၊ ဘယ်စနစ်တွေနဲ့ ဆောင်ရွက်မယ်ဆိုတာ လုပ်ငန်းစဉ်တွေကို တိတိကျကျ ရှင်းရှင်း လင်းလင်း ဖော်ပြဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း။

- ဒီမိုကရေစီ အစိုးရအနေနဲ့ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့၊ လျော်ကြေးပေးဖို့ ဆောင်ရွက်ပေးရပါမယ်။ ကျားကို စိတ်ချလက်ချ နွားကျောင်း ခိုင်းလို့ မရပါကြောင်း ပြောကြားခဲ့ပါတယ်။

- လယ်ယာကဏ္ဍနှင့်ပတ်သက်၍ ဒီမိုကရေစီစိုက်ပျိုးရေး အမြင်အရပြောရလျှင် အမြစ် ကြီးထွားရှင်သန်မှုကောင်းမှသာ ပင်စည်ကြီးထွား တုတ်ခိုင်စေပါတယ်။ ပင်စည်ကြီးထွား တုတ်ခိုင်မှသာ ကိုင်းများများ ဖြာစေပါတယ်။ ကိုင်းများများဖြာစေမှသာ အသီးအပွင့်များများ ဝေစေပါတယ်။ ဒီမိုကရေစီအသီးအပွင့်များများ ရဖို့ အထူးလုပ်ဆောင်ဖို့ လိုအပ်ပါကြောင်း။

- လယ်ယာမြေအသိမ်းခံတောင်သူလယ်သမားများမှာ ယခုအခါ “နတ်ကရာကျီးမော့၊ ကျီးကန်း ပက်လက်မြောအဖြစ်ဆိုး ဖြစ်နေကြပါကြောင်း။

- ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ စနစ်အဆက်ဆက်မှာ “လက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်သို့ ချီတက်မည်ဟု အားရပါးရ အသံကျယ်ကျယ်ကြွေးကြော်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးရှိသော်လည်း ယနေ့အချိန်ထိ လက်တွေ့မလုပ်ဆောင်နိုင်သဖြင့် ဒုံရင်း ဒုံရင်း အဆင့်ပဲ ရှိနေသေးပါကြောင်း လွှတ်တော်ထဲတွင် ပြောကြားခဲ့ပါတယ်။

ကျေးလက်လူထု တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင် များ ပူးပေါင်းပါဝင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည်ထောင်နိုင်ဖို့ သန့်ရှင်းသော၊ စင်ကြယ်သော၊ ယုံကြည်ချက်ဖြင့် ထူထောင်ထားသော (အန်၊ ယူ၊ ဒီ)ပါတီသည် တောင်သူလယ်သမားအကျိုး ကို လက်တွေ့အမှန်တကယ် ဆောင်ရွက်နေသော ပါတီစစ်စစ်ဖြစ်ပါ ကြောင်း၊ အပြောနှင့်အလုပ် ညီအောင်ဆောင်ရွက်နေသော ပါတီဖြစ်ပါ ကြောင်း၊ မတရားမြေသိမ်းမှုကို ဖြေရှင်းနေသော ပါတီဖြစ်ပါကြောင်း မဲပေးမည်ဆိုပါက ကာကီမြေကြီးရောင်အလံ၊ လပြည့်ဝန်းနှင့်လယ်သမား ဘေးမှာ အမှန်ခြစ်ပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အန်၊ ယူ၊ ဒီ

(၃ မိနစ်)

CHO: ဟေး- - - - လာကြလာကြ၊ တွေးမနေနဲ့ ငေးမနေနဲ့ လာကြ

(ပြည်သူအတွက် ပါတီအစစ်ဟာ အန်၊ ယူ၊ ဒီပါ)၂ (အန်၊ ယူ၊ ဒီ) ရှေ့ဆောင်မှာ။

ကျား (၁) တောင်သူလယ်သမားအလုပ်သမားအရေးနဲ့ကျောင်းသားလူငယ်၊

မကျန်အောင် ကဏ္ဍအစုံအမျိုးမြတ်ကြလို့ တိုးတက်ကြဖို့

(အန်၊ ယူ၊ ဒီ)ကိုပဲ မဲပေးစို့။

ကျား+မ(၂) ဆင်းရဲသူကို ချမ်းသာအောင်၊ ဒုက္ခရောက်သူ ကူညီပေးမှာ

အမှန်တရားလည်းရရှိကြလို့ ပေးတဲ့ကတိတည်စေမှာ(အန်၊ ယူ၊ ဒီ) ကို မဲပေးကြစို့ကွာ။

(၃) လူတော်လူကောင်း လူမွန်များနဲ့ အပြောအလုပ်ညီစွာ (အန်၊ ယူ၊ ဒီ) ချီတက်မှာ။ တိုးတက်ကြဖို့၊ စည်းလုံးကြလို့ (အန်၊ ယူ၊ ဒီ)ကို ပဲမဲပေးစို့.......။

(၄) တတ်သိပညာရှင်များလည်းပါဝင် ပြည်သူ့ရဲ့ အသံဦးထိပ်ပန်ဆင်၍ မျှော်လင့်ချက် ပြည့်ဝကြ လို့ အကျိုးပြုလို့ ကယ်တင်မှာ (အန်၊ ယူ၊ ဒီ)ကို မဲပေးကြစို့ကွာ..။

သန္နိဋ္ဌာန်

၃:၃၀စက္ကန့်

လိုအပ်ချက်တွေ ဒီကွက်လပ်တွေဖြည့်ဆည်းဖို့ အမှောင်ယံကို ဖြိုခွင်း မြန်ပြည်တစ်ခွင်ချမ်းမြေ့ဖို့ သန်းခေါင်ယံမှာ ထွန်းလင်း ခဲ့ပြီ...........

အလုပ်သမားများရယ် လယ်သမားများနဲ့ညီညွတ်လို့ ပညာရှင် စုစည်းဝန်ဆောင်ကာ အကျိုးပြုဖို့ (အန်၊ ယူ၊ ဒီ) မွေးဖွားခဲ့ပြီ။

CHO: ဒီအလံအောက်က ဒို့အဓိဋ္ဌာန် တည်ကြည်ကာလေးနက်ခြင်း ဖော်ဆောင်မည်။ မြန်ပြည်တစ်ခွင် တိုးတက်ဖို့အတွက်ရည် (အန်၊ ယူ၊ ဒီ)မွေးဖွားခဲ့ပြီ။